BEng( Hons) ကျောင်းသား/သူများ၏ ပဉ္စမအကြိမ် Internship Certificated Awarding Ceremony

description

        BEng( Hons) ကျောင်းသား/သူများ၏ ပဉ္စမအကြိမ် Internship Certificate Awarding Ceremony

                      STI Myanmar University နှင့်  University of  Bedfordshire (UK) တို့ပူးပေါင်း ဖွင့်လှစ်သော  BEng ( Hons) အင်ဂျင်နီယာဘွဲ့သင်တန်းများ  တွင် ဒုတိယနှစ်အောင်မြင်ပြီးဆီးကြသော Civil နှင့်  Architecture  ကျောင်းသား/ သူ (၅၅) ဦးသည် နောက်ဆုံးနှစ်အတန်းသို့ မတက်ရောက်မီ သင်ကြားခဲ့သော လုပ်ငန်းခွင် ဘာသာရပ်များကို  လုပ်ငန်းခွင်အတွင်းနှင့် လက်တွေ့ အသုံးချမူကို သိရှိစေရန်  အတွေ့အကြုံများ ရရှိ  စေရန်ရည်ရွယ်၍  ဆောက်လုပ်ရေး  ကုမ္ပဏီကြီး များနှင့် Architect firm များတွင်  အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါသည်။

                     ယင်းကုမ္ပဏီကြီးများမှာ  M.K.T Construction Co.Ltd , U Cho Shwe Family   Co.Ltd , Department of Highways and Bridges (Northern Division) Ministry of  Construction Co.Ltd ,  SY Architects Firm , Classical Architect Bolon & Associate Architects နှင့် Myanmar Architecture Construction   တို့ဖြစ်ကြပါပြီး အသုတ်လိုက်ခွဲ၍ နှစ်လတာ Internship Trainees များ  အဖြစ် သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့  ၀င်ရောက်လေ့လာခဲ့ကြပါသည်။ ထိုကဲ့သို့ Internship Program ကို ပြီးမြောက်အောင်  ၀ိုင်းဝန်းကူညီခဲ့ကြသော  Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှ လက်တွေ့သို့  သင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificate များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို  ၂၀၁၉ ခုနှစ် မတ်လ (၇)ရက်နေ့ တွင် MICT Park  အတွင်းရှိ STIMU Campus ၊ အခန်း (၂၀၁) တွင် နေ့လည် (၁)နာရီမှ (၃) နာရီအထိ  ကျင်းပခဲ့ပါ သည်။ ထိုအခမ်းအနားတွင် STI Myanmar University ၏ Executive Director  ဒေါက်တာမျိုးမျိုးနိုင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး M.K.T Construction Co.Ltd ၏ CEO MCEA မှ အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့် မှ လည်း အမှာစကားပြောကြားခဲ့ကာ M.K.T တွင် Internship  ဆင်းခဲ့ကြသော ကျောင်းသား/သူများအား Certificate များပေးအပ်ခဲ့ပါသည်။ ထို့နောက် U Cho Shwe Family   Co.Ltd ၏ Managing Director ဦးမျိုးမြင့် ၊ Department of Highways and Bridges (Northern Division) Ministry of  Construction Co.Ltd ၏ Assistant Engineer  ဒေါ်ခင်သင်းကြူ ၊ SY Architects Firm ၏ Principle Architect ဒေါ်စုရည်ဝင်း ၊မြန်မာနိုင်ငံဆောက်လုပ်ရေး အင်ဂျင်နီယာအသင်း၏  CEO ဦးဝင်းဌေး တို့မှ   Classical Architect, U Bolon & Associate Architects, Myanmar Architecture Construction  နှင့် Leo  Creation Interior Design & Building  မှ ကျောင်းသား /သူများအား Certificate များ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

                      ဆက်လက်ပြီး BEng (Hons) Civil မေဂျာမှ ကျောင်းသား မောင်ဟိန်းဆက်အောင် နှင့်  Architecture မေဂျာမှ  ကျောင်းသားမောင်မင်းခန့်ဘိုတို့ကလည်း ကျောင်းသား/သူများ ကိုယ်စား  ကျေးဇူးတင် စကား များ ပြောကြားခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏  Dean of Faculty of Engineering  ဆရာကြီး ဒေါက်တာ ဦးသိန်းတန် မှ ယခုကဲ့သို့  Internship Progrm များ  ပြီးဆုံးသည်အ ထိ ကူညီ ဆောင်ရွက်ပေးသော ဆောက်လုပ်ရေး ကုမ္ပဏီကြီးများကို ကျေးဇူးတင်ကြောင်း  မုဒိတာစကားများ  ပြောကြာခဲ့ပြီး   အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။