STI Myanmar Universityှ မှ University Bedfordshire (UK) သို့ သွားရောက်လေ့လာခြင်း

Speakers

Time

2019-03-26

Address

description

STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ
University of Bedfordshire နှင့် ပူးပေါင်း၍ ဘွဲ့ကြို၊ဘွဲ့လွန် ဘာသာရပ်များကို နိုင်ငံတကာ
အဆင့်မီ သင်ကြားပို့ချလျက်ရှိသော မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ပထမဆုံးခွင့်ပြုမိန့် ရရှိ
ထားသည့် အဆင့်မြင့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ၂၀၁၉ခုနှစ်မတ်လ (၂၅)ရက်နေ့တွင်
STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းနှင့် Board of Directors များ ၊ မြန်မာ
နိုင်ငံ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ပါမောက္ခဒေါက်တာ ဦးမျိုးကြွယ်တို့သည်
အင်္ဂလန်နိုင်ငံရှိ University of Bedfordshire သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကမ္ဘာ့
အဆင့်မီ စာတွေ့လက်တွေ့သင်ကြားမူပုံစံများ၊ သင်ရိုးနည်းစနစ်များနှင့်စာသင်ခန်းများသို့ သွားရောက်
လေ့လာခြဲ့ကပါသည်။
မတ်လ (၂၅)ရက်နေ့နံနက်ပိုင်းတွင် UOB နှင့် STIMU ကြား ဆက်နွယ်နေသည့် အဆင့်မြင့်
ပညာသင်ကြားမူနည်းစနစ်များနှင့်ပတ်သက်၍ UOB ၏ Center of Academic Partnership team
နှင့် အတူ အပြန်အလှန်ဆေွး နေွး ခြဲ့ကပါသည်။ နေ့လည်ပိုင်းတွင် University of Bedfordshire ၏
Vice Chancellor Bill Rammell , Executive Dean Prof Helen Bailey တို့နှင့်အတူ နေ့လည်စာ
စားရင်း ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြပြီး UOB၏ Academic Registrar Jo Coward မှ
“Quality Assurance System’’ ခေါင်းစဉ်ဖြင့် Presentation ပြုလုပ်ခဲ့ရာ STIMU မှ ဧည့်သည်တော်
များမှ စိတ်ဝင်တစားပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် STIMU သည် မြန်မာနိုင်ငံရှိကျောင်းသား၊
ကျောင်းသူများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် နှိုင်းယှဉ်အကဲဖြတ်နိုင်ရန်နှင့် အနာဂတ်ဘဝ
ရည်မှန်းချက် အတွက် အာမခံချက်ရရှိစေရန်နှင့် Executive Dean and Chair in Cell Biology မှ
Prof- Jan Domin နှင့်လည်းကောင်း၊ Associate Dean Dr.Rhidian Lewis တို့နှင့်လည်းကောင်း
အစည်းအဝေးများ ပြုလုပ်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် Campus Tour အဖြစ် UBBS led by Head of Department of
International Business, Marketing and Tourism နှင့် Student Halls များသို့လည်းကောင်း၊
UOB နှင့် STIMU ပူးပေါင်းဖွင့်လှစ်သော BEng (Hons) Engineering Program များ၏ Course
Coordinator အဖြစ် တာဝန်ယူထားသူ UOB ၏ Senior Lecturer David Jazani ၏ Robotic Lab
Tour သို့လည်းကောင်း၊ ညနေပိုင်းတွင် Lecture Theatre, စာကြည့်တိုက်၊ TV Broadcasting
Station, Radio Broadcasting Station များသို့သွားရောက်ကြည့်ရူလေ့လာခဲ့ကြောင်းသိရှိရပါသည်။