Efficient Literature Searching Workshop ကျင်းပခြင်း

description

               

                                 Efficient Literature Searching Workshop ကျင်းပခြင်း

 

                   STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ( UK) နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချလျက်ရှိသော  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားသည့် အဆင့်မြင့်  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ STI Myanmar University မှ နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်​ရန်​ မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများ ၊ သင်တန်းများနှင့် Workshop များကို အခါအားလျော်စွာ ကျင်းပပေးလျှက် ရှိပါသည်။

           ၂၀၁၉ခုနှစ် မတ်လ(၂၇) ရက်နေ့တွင်      နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီအထိ MICT park အတွင်းရှိ  STI Myanmar University Campus တွင် “ Efficient Literature Searching ”  သင်တန်းကို ကျင်းပခဲ့ပါသည်။       ယင်သင်တန်းတွင် တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးဝင်းခိုင်မှ   အင်တာနက်ထဲတွင်  ကိုယ်ရှာချင်သော အကြောင်းအရာများကို  အချိန်တိုအတွင်း ထိထိရောက်ရောက်ရှာဖွေနိုင်မည့် နည်းလမ်းများနှင့် နည်းပညာများကို သင်ကြားပို့ချခြင်းဖြစ်ပါသည်။  ဆေးပညာနှင့်ပတ်သက်၍ သုတေသနများပြုလုပ်ရာတွင်လည်းကောင်း၊ Assignment များ ရေးရာတွင်လည်းကောင်း  အသုံးဝင်သည့်   PubMed Wedsite ကဲ့သို့ ဆေးပညာနှင့်ဆိုင်သော စာတမ်းများ ၊ ဂျာနယ်များကို လွယ်ကူစွာရှာဖွေနိုင်ရန်၊ သတင်းအချက်အလက်များရယူစုဆောင်းနိုင်ရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပါသည်။ ထိုသင်တန်းသို့    STI Myanmar University Health Science သင်တန်းများမှ ကျောင်းသား/သူများ ၊ စိတ်ဝင်စားသူ လူငယ်များနှင့် NGO မှတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သိလိုသည်များကို ဆရာနှင့် ဆွေးနွေးမေးမြန်းခဲ့ ကြ ကြောင်း သိရှိရပါသည်။