STATA Software Training ပြုလုပ်ခြင်း

description

                             

                                       STATA Software Training ပြုလုပ်ခြင်း

 

                          STI Myanmar University မှ နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်​ရန်​ မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများ ၊ သင်တန်းများနှင့် Workshop များကို အခါအားလျော်စွာ ကျင်းပပေးလျှက် ရှိရာ ၂၀၁၉ခုနှစ် မတ်လ (၃၀)ရက်နေ့နှင့် (၃၁) ရက်နေ့ များတွင် မနက် (၉)နာရီမှ (၄)နာရီအထိ  လှိုင်မြို့နယ် MICTpark အတွင်းရှိ STI Myanmar University တွင် STATA Software Training ကိုပြုလုပ်ခဲ့ပါသည်။ ယင်း Training တွင် ပရော်ဖက်ဆာ ဒေါက်တာ ကျော်မျိုးထွန်းနှင့် ဒေါက်တာ ဒေါ်ပပစိုးတို့က Statistical  Software   တစ်ခုဖြစ်သော  STATA Software ကို မည်ကဲ့သို့အသုံးပြုပုံကို သင်ကြားပြသခဲ့ပါသည်။  STATA Software သည် မဟာဘွဲ့တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသနစာတမ်းများ  ပြုစုရာတွင်လည်းကောင်း၊ Student Paper များရေးရာတွင်လည်းကောင်း၊ သုတေသန အချက်အလက်များကို စနစ်တကျမှတ်သား၊ တွက်ချက်နိုင်ရန် စမ်းစစ်လေ့လာနိုင်ရန် အသုံးဝင်သော software တစ်ခုဖြစ်ပါသည်။ ယင်းသင်တန်း ပြုလုပ်ချိန် နှစ်ရက်တာကာလအတွင်း  ထိုSoftware ကို ကိုယ်တိုင်ကိုယ်  ကျကျွမ်းကျင်စွာ  လေ့လာအသုံးပြုနိုင်ရန် လေ့ကျင့်ခဲ့ကြပြီး graphical presentation များမည်ကဲ့သို့  ပြုလုပ်နိုင်ပုံကိုလည်း ဆရာများက သင်ကြားပြသခဲ့ပါသည်။

                          ထိုသင်တန်းသို့    STI Myanmar University Health Science သင်တန်းများမှ  ကျောင်းသား/သူများ ၊ မေဂျာအသီးသီးမှ မဟာတန်းတက်ရောက်  နေသော ကျောင်းသား/သူများနှင့် ပြင်ပမှ စိတ်ဝင်စားသူများ တက်ရောက်ခဲ့ပြီး  သိလိုသည်များကို ဆရာ၊ ဆရာမများနှင့် ဆွေးနွေးမေးမြန်းခဲ့ ကြ ကြောင်း သိရှိရပါသည်။