STIMU Water Festival Playground ပွဲတော် ကျင်းပခြင်း

description

STIMU Water Festival Playground ပွဲတော် ကျင်းပခြင်း

မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် STI Myanmar University သည် “STIMU Water Festival Playground” ပွဲတော် ကို ၆..၂၀၁၉ခုနှစ်တွင် မနက် ()နာရီမှ ()နာရီအထိ လှိုင်မြို့နယ် MICTpark အတွင်းရှိ STIMU Campus တွင်လည်းကောင်း ၊ မန္တလေးမြို့ရှိ မန္တလေး Campus တွင်လည်းကောင်း STI Myanmar University Student Council မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

STI MU Student Council နှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများမှ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား /သူများမှ မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအတိုင်း ဆရာ၊ဆရာမများအား နှစ်သစ်တွင်ရွှင်လန်းစေရန် ရေကန်တော့ခြင်း ၊ စတုဒီတာကျွေးမွေးဧည့်ခံခြင်း၊ STIMU Campus အသီးသီးမှ ကျောင်းသား/သူများမှ သင်္ကြန်သီချင်းများ သီဆိုခြင်း ၊ ယိမ်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ နာမည်ကြီး DJ player များဖြစ်သော DJ Skimm DJ Arco နှင့် အဆိုတော် Artists များဖြစ်ကြသောထက်ယံ ၊ ရှိုင်း၊ Russel နှင့် ၊ယွန်းတို့ ကတေး သီချင်းများဖြင့်ဖျော်ဖြေခဲ့ပြီး၊ Creative Dance Group မှ အကများဖြင့်ဖျော်ဖြေခဲ့ပါသည်။ ထိုအပြင် နာမည်ကြီး Beauty blogger များဖြစ်ကြသော မ၀င်းမင်းသန်း( Yangon in My Heart) နှင့် မဖြိုး (Phyodaybyday ) တို့ကလည်း သင်္ကြန်နှင့်ပတ်သက်သော အလှအပဆိုင်ရာဆွေးနွေးချက်များ၊ အသားအရည်ထိန်း သိမ်းနည်းများအပြင် လူငယ်များအတွက် အကျိုးရှိမည့် အကြောင်းအရာများ ကိုလည်းဆွေးနွေးခဲ့ပါသည်။ ယခုနှစ်၏ အထူးအစီအစဉ်ဖြစ်သော Big Bouncy Castle ကြီးပေါ်တွင် ကျောင်းသား၊သူများပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။ ပါဝင်တင်ဆက်သူများအား တနေ့တာလုံး စတုဒီတာ အလှူအဖြစ် မုန်ွှလုံးရေပေါ် မုန့်လက်ဆောင်းရွှေရင်အေးတို့ကို ကျွေးမွေးဧည့်ခံကာ Fun Fair ဈေးပွဲတော်များ ပြုလုပ်ပြီးနှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။