STI Myanmar University မှ International Girls in ICT days အခမ်းအနားသို့ တက်ရောက်ခြင်း

description

        STI Myanmar University မှ International Girls in ICT days  အခမ်းအနားသို့ တက်ရောက်ခြင်း

                ၂၀၁၉ခုနှစ် ဧပြီလ (၂၅)ရက်နေ့တွင် ကျရောက်သော “International Girls in ICT”days နှင့်စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ International Girls in ICT days အထိမ်းအမှတ် လှုပ်ရှားမူ တစ်ရပ်ကို  MICTpark အတွင်းရှိ Kanaung Hub, Event Area ,  အဆောင်နံပါတ်(၁၄)  ၊ (၅)လွှာတွင် နံနက်၈နာရီခွဲမှ ၁၂ နာရီအထိ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်မှ ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းနှင့် အတူ  STI Myanmar University မှ ကျောင်းသူလေး (၁၄)ဦး တက်ရောက်ခဲ့ကြသည်။

                ထိုအခမ်းအနားတွင်   မြန်မာနိုင်ငံကွန်ပြူတာ  အသင်းချုပ် ဥက္ကဌဦးမင်းဇေယျာလှိုင်က  အဖွင့်အမှာ စကားပြောကြားခဲ့ပြီး  International Girls in ICT  နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။  ထို့နောက်မြန်မာ့အမျိုးသမီးငယ်များ၊ ICT  စွန့်ဦးတီထွင်သူများနှင့် တွေ့ဆုံခြင်းအခမ်းကဏ္ဍကိုပြုလုပ်ခဲ့ရာတွင် နယ်ပယ်အသီးသီးမှ ဦးဆောင်မူပြုနေသောအမျိုးသမီးငယ်များ၊ STI Myanmar University အပါအ၀င် Private University အသီးသီးမှ တာဝန်ရှိသူများနှင့် ကျောင်းသူများအချင်းချင်းမိတ်ဆက်ကြပြီး   အုပ်စု (၇)ဖွဲ့ ဖွဲ့၍     Creation Method များနှင့် ပတ်သက်၍ Activities များပြုလုပ်ခြင်း ၊ Brain storming များ လည်း  ပြုလုပ်ခဲ့ပါသည်။  ဆက်လက်၍ Mobile Application နှင့်ပတ်သက်၍လည်း လက်တွေ့ လုပ်ဆောင်မူ များပြုလုပ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

                International Girls in   ICT days ကို ၂၀၁၁ခုနှစ်မှစ၍  နှစ်စဉ် ဧပြီလ၏ စတုတ္ထအပတ်  ကြာသပတေးနေ့ တိုင်းတွင် ကမ္ဘာအနှံ့အပြားရှိအမျိုးသမီးငယ်များအတွက် အခွင့်အလမ်းများနှင့် နည်းပညာနှင့် ပတ်သက်၍ အတွေ့အကြုံများရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည်  ကိုးကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။