University of Bedfordshire (UK) မှ Account Manager Ms Sarineh Tahmasi STIMU သို့ လာရောက်ခြင်း

description

                 University of Bedfordshire (UK) မှ Account Manager Ms Sarineh Tahmasi

                                              STIMU သို့  လာရောက်ခြင်း

                    ကမ္ဘာ့အဆင့်မှီ အရည်အသွေးပြည့် ပညာရေးကို စဉ်ဆက်မပြတ်မြှင့်တင်ရန် ရည်ရွယ်၍ STI Myanmar University    ၏ မိတ်ဖက်တက္ကသိုလ် တစ်ခု ဖြစ်သော  University of Bedfordshire (UK)  မှ  တာဝန်ရှိသူများ မကြာခဏလာရောက်လေ့ရှိရာ  ၂၀၁၉ခုနှစ် ဇွန်လအတွင်းတွင်  UOB ၏ Account Manager Ms Sarineh  Tahmasi  သည်   ရန်ကုန်နှင့် မန္တလေးမြို့များရှိ STIMU Campus များသို့လာရောက်ခဲ့ ပါသည်။  

                  ရှေးဦးစွာ    ဇွန်(၄)ရက်နေ့ နံနက် ပိုင်းတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း ၊ Board of Directors များနှင့်တွေ့ဆုံကာ STIMU တွင်လက်ရှိသင်ကြားနေသော Program များနှင့် ထပ်မံဖွင့်လှစ်မည့် Program များအကြောင်း  ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် BA(Hons) Business Administration Program တွင် တက်ရောက်နေကြသော ကျောင်းသား/သူ များနှင့် တွေ့ဆုံခဲ့ပြီး သင်ကြား/ သင်ယူမူများကို  “ Class observations “ ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင်  Faculty  of Business မှ ဆရာ/ဆရာမများ ၊ Link Coordinator များနှင့်တွေ့ဆုံခဲ့ပြီး Business ကျောင်းသား/သူများအတွက်  ဘာသာရပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမူနှင့် အုပ်ချုပ်မူပိုင်းဆိုင်ရာ  အထောက်အကူပေးနိုင်ရန် ရင်းနှီးစွာ အခက်အခဲများအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် STIMU ၏ Marketing Team နှင့် Admission Team တို့ လည်းတွေ့ဆုံကာ  UOB နှင့် STIMU တို့ပူးပေါင်းဖွင့်လှစ်ထားသော Program များအတွက်  Marketing and Recruiting  Strategies များအကြောင်း ဆွေးနွေးခဲ့ပါသည်။

                    ဇွန်(၅)ရက်နေ့ နံနက်ပိုင်းတွင် MBA Coordinator၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်  တွေ့ဆုံခဲ့ပြီး  MBA Program အတွက် အသစ်ထပ်မံဖွင့်လှစ်မည့်  Exist Pathway များအကြောင်းကို အကြံပြုဆွေးနွေး ခဲ့ပါသည်။ ထို့နောက်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးဝန်ကြီး နော်ပန်းသဉ္ဖာမျိုး၏ “Destiny  Seminar” ကို တက်ရောက်ခဲ့ပါ သည်။ ထို့နောက် Engineering ဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား။ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး University of Bedfordshire ၏ Engineering System BREO အတွက် လိုအပ်သည့်အထော်အကူများအား  ဆွေးနွေးကူညီပေခဲ့ပါသည်။ ညနေပိုင်းတွင် Operation Department မှ administrater,  team Member များနှင့်တွေ့ဆုံခဲ့ပြီး STIMU ကျောင်းတွင်းလုပ်ငန်းစဉ်များကိုတင်ပြခဲ့ပြီး  STI မှ UOB၏ သင်ရိုးအသစ်များပြောင်းလဲလျှင် ကြိုတင်အသိပေးရန် တောင်းဆိုမူများ  ပြုလုပ်ခဲ့ပြီး အပြန်အလှန်  ဆွေးနွေးခဲ့ကြပါသည်။

                           ဇွန် (၇) ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိကာ STI Myanmar University  Mandalay Campus မှ တာဝန်ရှိသူများနှင့်တွ့ဆုံခဲ့ပြီး လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များအကြောင်း၊ ထပ်မံဆောင်ရွက်မည့်အကြောင်းအရာများကို   ဆွေးနွေး ခဲ့ကြပါသည်။ ညနေပိုင်းတွင် STIMU မန္တလေး Campus ရှိ  ဆရာ/ဆရာမ များ ကျောင်းသား/သူများနှင့် တွေ့ဆုံပြီး သင်ကြားမှု အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။