University of Bedfordshire (UK) ၏ link Coordinator Dr.YongMei Bentley STIMU သို့လာရောက်ခြင်း

description

 

                        University of Bedfordshire (UK) ၏ link Coordinator Dr.YongMei Bentley

                                                            STIMU သို့လာရောက်ခြင်း

 

                STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်း၍ ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိရာ UOB မှ Link Coordinator များ ၊ Course Coordinator  များ  STIMU သို့  မကြာခဏ လာရောက်၍  သင်ကြားမှူဆိုင်ရာ   ဆရာ/ ဆရာမများ  ၊ကျောင်းသူ/သားများ၊ စီမံခန့်ခွဲမှုအ ဖွဲ့ဝင်များနှင့်  တွေ့ဆုံ၍ စာသင်ကြားမူ၊ သင်ယူမူ အရည်အသွေးများ စဉ်ဆက်မပြတ်မြှင့်တင်  ဆောင်ရွက်လေ့ရှိပါသည်။

                          ၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ မှ ၁၇ ရက်နေ့အထိ University of Bedfordshire (UK) မှ Link Coordinator  Dr Yongmei Bentley သည်  ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ STI Myanmar University Campus များသို့လာရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဇွန်လ (၁၄)ရက်နေ့ မနက်ပိုင်းတွင် STIMU၏ Faculty of Business Coordinator များ၊  ဆရာ/ဆရာမ များ၊ ကျောင်းသား/သူ ကိုယ်စားလှယ်များ ၊  BA(Hons) Businesss Administration ၏  “ Course Committee  Meeting “ ကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။  ဆက်လက်၍ နေ့လည်ပိုင်းတွင် BA (Hons)  Final Year တက်ရောက်  နေသော  ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်း၊  Class  Observation  ပြုလုပ်ခြင်းတို့ အပြင်  ကျောင်းတက်နေစဉ် ကြုံတွေ့ရသော အတွေ့အကြုံများနှင့်  အခက်အခဲများကို  မေးမြန်းဆွေးနွေးပေးခဲ့ပါသည်။  

                             ဇွန်လ (၁၅)ရက်နေ့ မနက်ပိုင်းတွင် MBA (General) နှင့်  MBA ( Hospital and Health Services Management)  ဘွဲ့များအတွက် သင်ကြားလျှက်ရှိသော ဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး “ Course Committee Meeting” ပြုလုပ်ခဲ့ပါသည်။  နေ့လည်ပိုင်းတွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲ   အောင်မြင်ပြီး သော ကျောင်းသား/သူများ အတွက်   ပြုလုပ်သော “ Info Day Session”  တွင်  University of Bedfordshire  (UK) နှင့် STI Myanmar University  တို့ပူးပေါင်းလုပ်ဆောင်နေသော  ဘွဲ့ကြို/ဘွဲ့လွန် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် STIMU တွင်  မဟာဘွဲ့ သင်တန်းများတက်ရောက်နေသော ကျောင်းသား/သူများအတွက် Training Program ပြုလုပ်ရာ BREO,  Session On Guided Learning , Library Resources ,  Journal Reading , Mitigation & Academic appeals တို့နှင့်ပတ်သက်၍ အသေးစိတ်  ဆွေးနွေးသင်ကြားပေးခဲ့ပါသည်။ ဇွန်လ (၁၆) ရက်နေ့တွင် မန္တလေး STIMU Campus သို့ သွားရောက်၍  MBA   ဘွဲ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများ အတွက် Training Program နှင့် Info Day  Session များကို ပြုလုပ်ခဲ့ပါသည်။ ဇွန်လ (၁၇)ရက်နေ့တွင်  Faculty မှ ဆရာ /ဆရာမများ STIMU မန္တလေး Campus ရှိ BA(Hons) Business Administration Program မှ ဆရာ/ဆရာမများ ၊   ကျောင်းသား/သူများနှင့် တွေ့ဆုံပြီး Class Observation ပြုလုပ်ကာ  သင်ကြားမှု အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။