STIMU School Academy ဖွင့်လှစ်ခြင်း

description

                               STIMU School Academy ဖွင့်လှစ်ခြင်း

                             STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်းပြီး စီးပွားရေး၊ အင်ဂျင်နီယာ၊  ဘာသာစကားနှင့် ဆရာ အတတ်သင်ဘာသာ၊ ကျန်းမာရေးသိပ္ပံဆိုင်ရာ ဘာသာရပ်များအတွက် ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိသော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမူကော်မရှင်၏ ခွင့်ပြုချက်ရထားသော ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ၂၀၁၉ခုနှစ် ဇွန်လ (၂၀)ရက်နေ့တွင် STI Myanmar University မှ တက္ကသိုလ် ၀င်တန်းမအောင်မြင်သေးသူများအတွက် အခွင့်အလမ်းသစ်တစ်ရပ်အဖြစ်  STIMU School Academy ကို အမှတ် ၃၉ (အေ) တော်ဝင်လမ်း ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင်  ဖွင့်လှစ်ခဲ့ပါသည်။  STI MU School Academy သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်ေ သာကျောင်းသားကျောင်း  သူများ အတွက် First Diploma Level 2 Programကို (၁)နှစ်ကြာ သင်ယူပြီး  သည်နှင့်  စီးပွားရေး ၊ အင်ဂျင်နီယာ၊  သတင်းအချက်အလက်နှင့်နည်းပညာ၊ ကျန်းမာရေးသိပ္ပံ အစရှိသော ဘွဲ့သင်တန်းများကို  ဆက်လက်  သင်ယူ ခွင့်ရနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ယင်းအခမ်းအနားတွင်  STI Myanmar University  ၏ President ဒေါ်ခင်အေးဝင်း ၊ Board of Directors များ ၊  STI Myanmar University ၏ Consultant ဆရာ/ဆရာမကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ  STI Myanmar University ၏ Consultant  ဆရာမကြီး ဒေါက်တာ  ဒေါ်လှမြင့်က  ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး  ကြွရောက်လာသော ဧည့်သည်များအား အကျွေးအမွေးဖြင့် ဧည့်ခံကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။