STIMU ၏ ဆဌမအကြိမ် Industry Advisory Board Meeting နှင့် Internship certificate Awarding Ceremony ကျင်းပခြင်း

description

                      STI Myanmar University နှင့်  University of  Bedfordshire (UK) တို့ပူးပေါင်း ဖွင့်လှစ်သော  BEng ( Hons) အင်ဂျင်နီယာဘွဲ့သင်တန်းများ   ၏ နောက်ဆုံးနှစ် ဂုဏ်ထူးတန်းများကို အောင်မြင်စွာ တက်ရောက် ပညာ ဆည်းပူးကြမည့် Civil နှင့် Architecture  ကျောင်းသား/ သူ (၃၃) ဦးသည်  မိမိတို့သင်ကြားတတ်မြောက်ခဲ့သော ဘာသာရပ်များကို လုပ်ငန်းခွင်တွင်း လက်တွေ့နှင့် ဆက်စပ်မှု ရှိစေရန် ၊   ကျွမ်းကျင်တတ်မြောက်မှုရှိ  စေရန်ရည်ရွယ်၍  ဆောက်လုပ်ရေး  ကုမ္ပဏီကြီး များတွင် အလုပ်သင်အဖြစ် ၂၀၁၉ခုနှစ်မေလမှ  ဇူလှိုင်လအထိ (၂)လတာ တာဝန်ထမ်းဆောင်စေခဲ့ကြပါသည်။

                     ယင်းကုမ္ပဏီကြီးများမှာ  M.K.T Construction Co.Ltd , Orange home Trading & Construction Ltd ,   Facility Link , Moe Myint San Family Construction,  YCDC, Surbama International Consultants (Myanmar ) Co Ltd,  SJ Co.Ltd တို့ဖြစ်ကြပြီး သက်ဆိုင်ရာ ကုမ္ပဏီများ၏  လုပ်ငန်းခွင် အသီးသီးတွင်  Internship Program  အဖြစ်  ၀င်ရောက်လုပ်ကိုင်ခဲ့ကြပါသည်။  ၂၀၁၉ ခုနှစ် ဇူလှိုင် (၁၂)ရက်နေ့ တွင် MICT Park  အတွင်းရှိ STIMU Campus  တွင် နေ့လည် (၁)နာရီမှ (၂) နာရီအထိ  “ Industry  Advisory      Board Meeting”  ကိုပြုလုပ်ခဲ့ရာ တွင် STI Myanmar University ၏  Board of Directors များ ၊  Faculty of Engineering မှ ဌာနမှူး များ ၊ ဆရာ/ဆရာမများနှင့်အတူ  Industry Advisory  Board မှ လုပ်ငန်းရှင်များ ၊       Myanmar Construction Entrepreneurs Association( MCEA)    ၏ Advisor ဦးဝင်းဌေး   ၊ MCEA ၏  အထွေထွေအတွင်းရေးမှူး၊  M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် ၊ မြန်မာနိုင်ငံအင်ဂျင်နိယာအသင်း ၏ ဒုဥက္ကဌ ဦးခင်မောင်ဌေး တို့မှ Internship ဆင်းသည့် ကျောင်းသား ၊သူများနှင့်ပတ်သက်၍ သုံးသပ် ချက်များ  ၊အကြံဥာဏ်များပေး၍ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး STIမှ ဘွဲ့ရ ကျောင်းသား/သူများ၏ အလုပ်အကိုင်ရရှိမူများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

                                  ဆက်လက်၍ Internship Program ကို ပြီးမြောက်အောင်  ၀ိုင်းဝန်းကူညီခဲ့ကြသော  Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှ လက်တွေ့သို့  သင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificated များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို  နေ့လည် (၂)နာရီမှ (၃)နာရီခွဲအထိ   ကျင်းပခဲ့ပါ သည်။ ထိုအခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ၊ MCEA ၏ အထွေထွေ အတွင်းရေးမှူး  M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် မှ လည်း ယခုအကြိမ်တွင်  သတင်းကောင်းအဖြစ် ထူးချွန်သော  ကျောင်းသား/သူ အချို့အား မိမိ၏ ကုမ္ပဏီတွင် အလုပ် Offer ကို ကျောင်းမပြီးခင်ကပင် ပေးအပ်ခဲ့ကြောင်းကို ၀မ်းမြောက်စွာ မုဒိတာစကားပြောကြားခဲ့ပါသည်။  ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နိယာအသင်း ၏ ဒုဥက္ကဌ ဦးခင်မောင်ဌေး ၊ M.K.T Construction Co.Ltd ၏ CEO ဦးမျိုးမြင့် တို့မှ Intern ကျောင်းသား/သူများကို Certificate များ အသီးသီး ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင်STIMU ၏ Civil မေဂျာမှ မမျိုးမြတ်မြတ်စိုး နှင့်  Architecture မေဂျာမှ  မခိုင်သော်ဇင်က လည်း ကျောင်းသား/သူများ ကိုယ်စား  ကျေးဇူးတင်စ ကား များ ပြောကြားခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏  Consultant ဆရာမကြီး ဒေါ်လှကြူ မှယခုကဲ့သို့  Internship Progrm များ  ပြီးဆုံးသည်အ ထိ ကူညီဆောင်ရွက်ပေးသော ဆောက်လုပ်ရေး ကုမ္ပဏီကြီးများကို  ကျေးဇူးတင်စကားနှင့်နောင်တွင်လည်း ရေရှည် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးပါရန်  ပြောကြားခဲ့ ပြီး  အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။