Systematic Review Workshop ကျင်းပခြင်း

description

Systematic Review Workshop ကျင်းပခြင်း

 

                   STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ( UK) နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချလျက်ရှိသော  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားသည့် အဆင့်မြင့်  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။ STI Myanmar University မှ နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်​ရန်​ မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများ ၊ သင်တန်းများနှင့် Workshop များကို အခါအားလျော်စွာ ကျင်းပပေးလျှက် ရှိပါသည်။

           ၂၀၁၉ခုနှစ် ဇူလှိုင်လ(၁၃) ရက်နေ့တွင်      မနက် (၉) နာရီမှ နေ့လည်(၁၂)နာ ရီအထိ လှိုင်မြို့နယ်  MICT park အတွင်းရှိ  STI Myanmar University Campus တွင် “ Systematic Review ”  သင်တန်းကို ပို့ချခဲ့ပါသည်။       ယင်သင်တန်းတွင် တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးဝင်းခိုင်မှ  Research methodology တစ်ခုပြုလုပ်ရာတွင်  Systematically Review  ကိုအသုံးပြုပါက  မည်ကဲ့သို့ ကြိုတင်စဉ်းစားသင့်ကြောင်း ၊ မည်သည့်အရာများလိုအပ်ကြောင်း  ၊ systematically review ပြုလုပ်သည့် အခါ ကြုံတွေ့လာနိုင်သည့် Challenge များအကြောင်းကို ရှင်းလင်းပြောပြခဲ့ပြီိး STI Myanmar University Health Science သင်တန်းများမှ ကျောင်းသား/သူများ ၊ စိတ်ဝင်စားသူ လူငယ်များတက်ရောက်ခဲ့ပြီး သိလိုသည်များကို ဆရာနှင့် ဆွေးနွေးမေးမြန်းခဲ့ ကြ ကြောင်း သိရှိရပါသည်။