STI Myanmar University နှင့် Theptarin Hospital တို့ MOU လက်မှတ်ရေးထိုးခြင်း

description

                STI  Myanmar University နှင့် Theptarin Hospital တို့ MOU လက်မှတ်ရေးထိုးခြင်း

 

STI Myanmar University နှင့် Theptarin Hospital တို့အကြား Memorandum of Understanding (MOU) နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို  ၂၀၁၉ခုနှစ် ဇူလှိုင် (၂၉ )ရက်နေ့ မနက်    (၉) နာရီ  ခန့် တွင်   ထိုင်းနိုင်ငံ  ဘန်ကောက်မြို့ရှိ Theptarin Hospital တွင် ပြုလုပ်ခဲ့ပါသည်။

                     Thepatarin Hospital သည် ထိုင်းနိုင်ငံရှိ ကျန်းမာေ ရး ဆိုင်ရာ ၀န်ဆောင်မူ လုပ်ငန်းများ ၊  သုတေသနလုပ်ငန်းများ ကို  ဆောင်ရွက်နေေ သာ ဆေးရုံတစ်ခုဖြစ်ပြီး  (၂၄) နာရီ  အရေးပေါ်ဝန်ဆောင်မူ လုပ်ငန်းများနှင့်အတူ ဆီးချို ရောဂါ၊ ကိုယ်တွင်းပြည်တည်နာများနှင့် သိုင်းရွိုက် ရောဂါ များအတွက်  အထူး ကုသေ ပးနေသော  ဆေးရုံ တစ်ရုံ  ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင်  ကမ္ဘာ့ဆီးချိုရောဂါ  ဖောင်ဒေးရှင်း (ဒိန်းမိတ်) မှ အရှေ့တောင်အာ ရှဒေသ များရှိ ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များကို   သင်တန်းများပေးရာတွင်  အကောင်းဆုံးနှင့် အထူးချွန်ဆုံး စင်တာ အဖြစ် ခန့်အပ်ခဲ့ ပြီး   တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်  Aventis Distinguished Diabetes Service Award နှင့် BUPA     Blue Cross Clinical Excellence Award  များကို ရရှိခဲ့သော ဆေးရုံတစ်ရုံဖြစ်ပါသည်။  

                    ထို အခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း နှင့် Theptarin Hospital ၏   Founder and CEO  Emeritus Professor  Thep Himathongkam    တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ၊ STI Myanmar University ၏ Board of director များဖြစ်ကြသော ဒေါက်တာမျိုးမျိုးနိုင်၊  ဒေါက်တာချိုမာလွင်  နှင့်   Theptarin Hospital  ၏ Associate Director  Tanya Vannapruegs နှင့်  ဆရာဝန်များ ၊   Nutrition and Dietetics Team မှ အာဟာရ ပညာရှင်များ တက်ရောက်ပြီး  အပြန်အလှန်ဆွေး နွေး မှူ များ ပြု လုပ်ခဲ့ကြပါသည်။  ထိုအပြင် ကျောင်းနှစ်ခုကြား အနာဂတ်တွင် ပြုလုပ်မည့်  အစီအစဉ်များကို ရေးဆွဲခဲ့  ကြရာတွင်   အစားအ စာနှင့်အာဟာရဆိုင်ရာဧရိယာများတွင်   အတူတူပူပေါင်း  ဆောင်ရွက်မူပြုလုပ်နိုင်ရန် ၊ STI Myanmar Uniersity တွင် တက်ရောက်နေသော   ကျောင်းသား ၊ ကျောင်းသူများ  ၊ ၀န်ထမ်းများအတွက်  Exchange   Program များ ၊ Short-term Program များနှင့်  Intern ဆင်း၍ အလုပ်သင်အ ခွင့်အရေးများ များစွာရရှိစေရန်  Theptarin Hospital သို့ စေလွှတ်နိုင်ရန်ဖြစ်သည်။ ထို့အပြင် သုတေသနလုပ်ငန်းများ   စာတမ်းဖတ်ပွဲများ ၊ ဆေးဘက်ဆိုင်ရာ  ညီလာခံများ  ပူးပေါင်းလုပ်ဆောင်နိုင်ရန်နှင့်  နှစ်နိုင်ငံယဉ်  ကျေးမူ အစီအစဉ်များ ဖလှယ်နိုင်ရ  န် ရည်ရွယ်၍  MOU ကို လက်မှတ်ရေးထိုးခဲ့ခြင်း  ဖြစ်ကြောင်း  သိရှိရပါသည်။