The 4th annual Meeting of China-ASEAN Rail Transit Education and Training Association (CATETA) Forum လေးကြိမ်မြောက်နှစ်ပတ်လည်ညီလာခံသို့ STI Myanmar University မှတက်ရောက်ဆွေးနွေးခြင်း

description

 

The 4th annual Meeting of China-ASEAN Rail Transit  Education and Training Association   (CATETA)  Forum   လေးကြိမ်မြောက်နှစ်ပတ်လည်ညီလာခံသို့         STI Myanmar University မှတက်ရောက်ဆွေးနွေးခြင်း

                       အရှေ့တောင်အာရှနှင့် အာဆီယံ နိုင်ငံများရှိ  ပုဂ္ဂလိက ကျောင်းများ ၏အ ဆင့်မြင့် ပညာဖွံ့ဖြိုးတိုး  တက် စေရန် နှင့်  အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် အဓိကအရေးပါလာမည့် One Belt One Road ရထားလမ်းကြီးဖောက်လုပ်နိုင်ရန်  ပါဝင်ရမည့် နိုင်ငံများနှင့်ပတ်သက်၍ ဆွေးနွေးသည့်  The 4th annual Meeting of China-ASEAN Rail Transit  Education and Training Association   (CATETA)  Forum  သို  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားပြီး  ထိပ်တန်းအဆင့်မြင့်ပညာ များကို သင်ကြားပို့ချနေသော  ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် STI Myanmar University ကိုလည်း တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသ ည်။

                            ယင်းForum   သည်     တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား  အချင်းချင်း မိတ်ဖက် အဖွဲ့အစည်းအဖြစ်တည်ဆောက်ရန် ၊ နိုင်ငံများအကြားရှိ အဆင့်မြင့် ပညာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် အတွေ့အကြုံများကို ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေး နိုင်ရန်နှင့် နိုင်ငံအချင်းချင်း ယဉ်ကျေးမူများကိုဖလှယ်နိုင်ရန် ရည်ရွယ်၍  တရုတ်နိုင်ငံ  Guizhou P.R တွင် ၂၀၁၉ခုနှစ် ဇူလိုင် ၂၂ရက်နေ့မှ ၂၃ရက်နေ့အထိ ကျင်းပခဲ့ရာတွင် STI Myanmar University ၏ Faculty of Engineering မှ Senior Lecturer ဆရာ ဦးမျိုးမင်းလှိုင်နှင့် Lecturer ဆရာမဒေါ်ရည်မွန်အောင်မိုးတို့ တက်ရောက်ခဲ့ကြပါသည်။  ဇူလိုင်၂၂ ရက်နေ့တွင် ဆရာမရည်မွန်အောင်မိုးမှ  Forum သို့ တက်ရောက်လာသော အာဆီယံနိုင်ငံများနှင့် Group Presentation ပြုလုပ်ခဲ့ပြီး ဇူလိုင်၂၃ရက်နေ့တွင် STI Myanmar University ကိုယ်စား China University များနှင့် Presentation ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပါဝင်ဆွေးနွေးရာတွင် အာဆီယံနှင့် ဥရောပနိုင်ငံများကြား  အဓိကအရေးပါမည့်  One Belt One Road (OBOR ) ရထားလမ်းကြီးဖောက်လုပ်ရာ တွင် မြန်မာနိုင်ငံလည်း ပါဝင်နိုင်ရန် ၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအဓိကချိတ်ဆက်လုပ်ကိုင်နေသော ကဏ္ဍများ  နှင့် တရုတ်နိုင်ငံကူမင်မှ မူဆယ်- လားရှိုး- မန္တလေး -ကျောက်ဖြူအထိ ရထားလမ်းကိုဖောက်လုပ်နိုင်ရန်အတွက် ရည်ရွယ်ထားသော အစီအစဉ်များအကြောင်းနှင့်  မြန်မာ့ရထား  လမ်းများ ကို အဆင့်မြင့် ဆောင်ရွက်မူများပြုလုပ်နိုင်ရန် ဆောင်ရွက်မည့် နည်းလမ်းများအကြောင်း  ဆွေးနွေးခဲ့ ကြောင်း  သိရှိရပါသည်။