2019 ခုနှစ်ပညာသင်နှစ်အတွက် STI Myanmar University BEng(Hons) နှင့် BA(Hons) ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပခြင်း

Speakers

Time

8/22/2019

Address

description

2019  ခုနှစ်ပညာသင်နှစ်အတွက် STI Myanmar University BEng(Hons)  နှင့် BA(Hons) ကျောင်းသား  ကျောင်းသူများ၏  မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပခြင်း

 

                         STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်မည့်  BA ( Hons) Business  Administration / Accounting နှင့် BEng ( Hons)  Engineering ဘွဲ့သင်တန်းများ၏ ၂၀၁၉ ခုနှစ်တွင် တက်ရောက်နေကြသည့်   လန်းဆန်းတက်ကြွနေသော  ကျောင်းသား၊  ကျောင်းသူ သစ် မောင်မယ်သစ်ကလေးများကို ကြိုဆိုသည့် “Fresher Welcome” ပွဲကို   ၂၀၁၉ခုနှစ် သြဂုတ်လ (၂၂) ရက်နေ့  (ကြာသပတေးနေ့)  တွင် မနက် (၉) နာရီမှ ညနေ (၃) နာရီအထိ လှိုင်   မြို နယ်  MICT Park အတွင်းရှိ STI Myanmar University တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

                      ထိုအခမ်းအနားသို့ STI Myanmar University ၏ တာဝန်ရှိသူများ က တက်ရောက်ဖွင့်လှစ်ပေးကြပါသည်။ ထို အခမ်းအနားတွင်  STI Myanmar University  Student Council ၏ President  မောင်မင်းဆက်ရှိန်မှ Fresher Welcome ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  စီနီယာကျောင်းသား၊ကျောင်းသူများကိုယ်စား မိတ်ဆက်အမှာ စကားများ  ပြောကြားခဲ့ပါသည်။ ထို့နောက်  STI Myanmar University ကျောင်းသား၊ ကျောင်းသူများ  မှ  အကအလှများဖြင့် ဖျော်ဖြေခဲ့ပြီး မေဂျာအလိုက် Kings  and  Queens များရွေးချယ်ရာတွင်  Engineering မေဂျာမှ King  နှင့်Queen အဖြစ်   “မောင်စစ်ငြိမ်း နှင့် မခင်ရတီဦး “တို့ကလည်းကောင်း Business မေဂျာမှ King နှင့် Queen အဖြစ်  “မောင်ရဲမင်းခန့်နှင့် မဆုမြတ်မွန်” တို့ကလည်းကောင်း  အသီးသီး ရရှိခဲ့ပါသည်။  ထိုအခမ်းအနားတွင် STI ကျောင်းသား   ကျောင်းသူများက တေးသီချင်းများ၊  အကများနှင့် သီဆိုဖျော်ဖြေခြင်း ၊ ဂိမ်းကစားခြင်း  ၊ မျက်နှာဆေးချယ်ခြင်း ၊ အမှတ်တရ ဓါတ်ပုံရိုက်ခြင်း ၊ အရသာရှိသော စာကောင်းသောက်ဖွယ်များဖြင့်  ဧည့်ခံခြင်းတို့ဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြောင်း သိရှိရပါသည်။