STIMU ၏ MSc (Nutrition & Dietetics) ကျောင်းသား/သူများ “င်္Fame” ဆေးဝါးစက်ရုံသို့ သွားရောက်လေ့လာခြင်း

description

                          

                       STIMU ၏ MSc (Nutrition & Dietetics) ကျောင်းသား/သူများ  “င်္Fame” ဆေးဝါးစက်ရုံသို့ 

                                                      သွားရောက်လေ့လာခြင်း

                                                       

 

                    STI  Myanmar University နှင့် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော University of Bedfordshire ( UK)  ၏ ကမ္ဘာ့အဆင့်မီ  သင်ကြားပို့ချနေသော အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့   Master of Science in Nutrition Dietetics  MSc ( Nutrition & Dietetics)  သင်တန်းမှ သင်တန်းသား/သူ ၁၆ ဦးသည်    Lecturer ဆရာဒေါက်တာ အောင်ဖုန်းဇော် ဦးဆောင်မူနှင့် အတူ  ရန်ကုန်မြို့ ၊  လှိုင်သာယာမြို့နယ်ရှိ  “ Fame” စက်ရုံသို့ Factory Visit အဖြစ် သွားရောက်လေ့လာခဲ့ကြပါသည်။

                         ၂၀၁၉ခှုစ် သြဂုတ် (17)  ရက်နေ့ မနက် (၉) နာရီမှ (၁၂)နာရီအထိ  လှိုင်သာယာမြို့နယ်ရှိ Fame စက်ရုံတွင်  Fame ဆေးဝါးထုတ်လုပ်ရေး ၏ Managing Director ဒေါက်တာ ဦးခင်မောင်လွင်၊ စက်ရုံမှူးဒေါ်စင်သီတာ တို့နှင့် တွေ့ဆုံခဲ့ပြိး  သဘာဝအသီးအနှံများမှတဆင့် ဘေးထွက်ဆိုးကျိုးမရှိအောင် ထုတ်လုပ်ထားထားသော  Integrated Medicineများ  အကြောင်း နှင့်  သဘာဝအသီးအနှံများကို တိုက်ရိုက်စားသုံးခြင်းမပြုနိုင်သူများ   ဆေးဝါးအဖြစ်သုံစွဲခြင်းလျှင်  မည်ကဲ့သို့သော အကျိုးကျေးဇူးများရရှိနိုင်ကြောင်းကို  အသေးစိတ်ရှင်းပြခဲ့ပါသည်။  ထို့နောက် FAME ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၏  စီမံခန့်ခွဲမူစနစ်များ၊ ဆေးဝါးထုတ်လုပ်ပုံအဆင့်ဆင့် ၊ ဆေးသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ၊ အရည်အသွေး ထိန်းချုပ်ရေးဌာနနှင့် FAME  ဆေးခန်းသို့လေ့လာခဲ့ကြရာ တာဝန်ရှိသူများမှ သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ ပါသည်။ ထို့နောက် STI Myanmar University ၏  MSc (Nutrition & Dietetics) သင်တန်းသူ/သားများအား  အမှတ်တရလက်ဆောင်များပေးအပ်ကာ မှတ်တမ်းတင်ဓါတ်ပုံများ လည်း ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။