Academic Writing Workshop ကျင်းပခြင်း

description

               

                                            Academic Writing Workshop ကျင်းပခြင်း

 

                   STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire ( UK) နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြားပို့ချလျက်ရှိပြီး နိုင်​ငံသားတဦးချင်းအတွက်​ လိုအပ်​​သောအသိအမြင်​၊ ဗဟုသုတ များရရှိနိုင်ရန်        မြန်​မာနိုင်​ငံမှ ပညာရှင်​များသာမက ၊ နိုင်​ငံတကာ ပညာရှင်​များကို ဖိတ်​ကြားပြီး ​ဟော​ပြောပွဲများ ၊ သင်တန်းများနှင့် Workshop များကို အခါအားလျော်စွာ ကျင်းပပေးလျှက် ရှိပါသည်။

                 ၂၀၁၉ခုနှစ် သြဂုတ်လ (၄)ရက်နေ့ မနက် (၉)နာရီမှ (၁၂)နာရီအထိ လှိုင်မြို့နယ်  MICT park အတွင်းရှိ  STI Myanmar University Campus တွင် “Academic Writing  ”  သင်တန်းကို ပို့ချခဲ့ပါသည်။ ယင်းသင်တန်းတွင် ဂျပန်နိုင်ငံ Nagoya University တွင် PhD Associate Professor  အဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာစောယုမွန် ( Graduate School of Medicine, Department of Healthcare Administration ) မှ  Academic Writing သည် PhD, Master, High Education နှင့် Under Graduate များအတွက် မည်ကဲ့သို့အရေးပါပုံ၊  Essay နှင့် Thesis များ မည်ကဲ့သို့ကွာခြားပုံ ၊  Scientific ကျောင်းသား/သူများအတွက် သုတေသနစာတမ်းများကို နိုင်ငံတကာအထိချပြနိုင်ရန် အရေးပါသော Publication များအကြောင်းနှင့် ကျောင်းသား/သူများ မှားလေ့ရှိသော အမှားများကိုပြင်ဆင်သုံးသပ်နိုင်ရန်  Method ရေးနည်းများ၊ research နှင့် discussion ကိုကောင်းမွန်စွာရေးနိုင်ရန် သင်ကြားခဲ့ပါသည်။ ထို့အပြင် Plagiarism, Lecturer Review များ နှင့်ပတ်သက်ပြီး ရှောင်ကြင်သင့်သော အကြောင်းများ ပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများက  သိလိုသည်များကို စိတ်ဝင်စားစွာဖြင့် ဆွေးနွေးမေးမြန်းခဲ့ ကြကြောင်း သိရှိရပါသည်။