STI Myanmar University ၏ ဆီမီး (၃၀၀၀) ပူဇော်ပွဲ

description

 

 

                                        STI Myanmar University ၏ ဆီမီး (၃၀၀၀) ပူဇော်ပွဲ

မြန်မာတို့၏ (၁၂)လရာသီပွဲများထဲတွင် သတ္တမမြောက်လတစ်ခုဖြစ်ပြီး ၀ါတွင်းကာ လ၏ နောက်ဆုံးလဖြစ်သည့်  သီတင်းကျွတ်အခါသမယသို့မကြာခင်ကျရောက်တော့မည်ဖြစ်ပါသည်။ ဗုဒ္ခမြတ်စွာဘုရားရှင်သည် သတ္တမြောက်ဝါကို  တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို အမှူးပြု၍  စကြာဝဠာ နေရာအနှံ့ မှ နတ်ဗြဟ္မာ အပေါင်းအား အဘိဓမ္မာတရားတော်မြတ်ကို  ဟောကြားတော်မူခဲ့ ပြီး  လူပြည်သို့ ပြန်လည်ကြွမြန်းချိန်  ပန်း၊ဆီမီးတို့ဖြင့်  ပူဇော်လေ့ရှိသော မြန်မာ့ထုံးတမ်းအစဉ်အ လာအတိုင်း သီတင်းကျွတ်ပွဲတော်ကို မကြာမီ  ဆင်နွဲ ကြတော့  မည်ဖြစ်သည်။ STI Myanmar University သည်လည်း အခါကြီးရက်ကြီးဖြစ်သော  သီတင်းကျွတ်အ ခါသမယကို ကြိုဆိုသောအားဖြင့် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသောအစဉ်အလာအတိုင်း ၂၀၁၉ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့  ညနေငါးနာရီမှ ရှစ်နာရီအထိ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့် ရင် ပြင်ပေါ်တွင် ဆီမီး (၃၀၀၀) ပူဇော်ပွဲကို   ကျင်းပခဲ့ပါသည်။  ထိုပွဲသို့ STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်း၊  Executive Director ဒေါက်တာ မျိုးမျိုးနိုင်၊ STI Myanamr University မှ ဆရာ ၊ဆရာမများ ၊  ကျောင်း သူ ကျောင်းသား များနှင့် ၀န်ထမ်း များ က နမောတဿ သုံးကြိမ်ရွတ်ဆို  ပူဇော်ပြီး   ပဌာန်းတရား  တော်များ  ရွတ်ဖတ်၍ ကိုယ်တိုင်ကိုယ်ကျ ဆီမီးပူဇော်ပြီး ကုသိုလ်ပါဝင်ယူ ခဲ့ကြောင်း သိရှိရပါသည်။