STI Myanmar University ၏ “Lighting Festival 2019” ကျင်းပခြင်း

description

                   STI Myanmar University ၏ Lighting Festival 2019 ကျင်းပခြင်း

STI Myanmar University ၏ သီတင်းကျွတ်မီးထွန်းပွဲတော် ( Lighting Festival -2019) ကို ၂၀၁၉ခုနှစ်  စက်တင်ဘာလ (၂၃)ရက်နေ့ ညနေ (၄) နာရီမှ (၁၀)နာရီအထိ STIMU ရှိရာ လှိုင်မြို့နယ် MICTpark ၀န်းအတွင်း တွင် ကျင်းပခဲ့ပါသည်။ ထိုပွဲတွင် အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေငြာပြီးသည်နှင့် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Student Council Vice President ဂျွန်မှ Lighting Festival နှင့် ပတ်သက်ပြီးကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ ပါသည်။ ထို့နောက် မန္တလေး STI Student Council အဖွဲ့မှ “မိုးခါးရေ” သီချင်းဖြင့် စတင်ဖျော်ဖြေခဲ့ပြီး ၊ လူငယ်တေးသံရှင်များဖြစ်ကြသော Bunny Phyoe , X-Box , Floke Rose, Yung Hugo, D-Vision တို့က တေးသီချင်းများသီဆိုဖျော်ဖြေခဲ့ ကြပြီး ၊ STI ကျောင်းသား / သူ များကလည်း အကအလှများဖြင့်  ဖျော်ဖြေခြင်း ၊ တေးသီချင်းများဖျော်ဖြေခြင်း ၊ သက်ဆိုင်ရာ မေဂျာ ကျောင်းသား/ သူမှ အအေးနှင့် မုန့်များ ရောင်း ချခြင်း  ၊ သီတင်းကျွတ်အငွေ့အသက်ကို ခံစားနိုင်စေရန် လှပစွာပြင်ဆင်ထားသော မီးပုန်းများ ၊ မီးပန်းများ ၊ photo booth များ တွင်ဓါတ်ပုံများ ရိုက်ခြင်းတို့ဖြင့် အခမ်းအနားကို ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပါသည် ။

Top of Form

Bottom of Form