STIMU Civil Engineering Group Project Final Presentation

description

                        STIMU Civil  Engineering Group Project Final Presentation

                  STI Myanmar University နှင့် University of  Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော   BEng (Hons) Second Year Second Semester   Civil   ဘွဲ့သင်တန်း တက်ရောက်လျှက်ရှိသော Civil Engineering  ကျောင်းသား၊ ကျောင်းသူများ ၏ Group Project Final Presentation ကို  ၂၀၁၉ခုနှစ် အောက်တိုဘာ (၂) ရက်နေ့ မနက် (၉)နာရီမှ ညနေ (၃)နာရီအထိ လှိုင်မြို့နယ် MICTPark အတွင်းရှိ STI Myanmar University တွင်ပြုလုပ်ခဲ့ပါသည်။

                    ယင်း Project ကျောင်းသား/သူများသည် သက်ဆိုင်ရာ Site များသို့သွားရောက်၍  အတိုင်းအတာများ တိုင်းတာခြင်း ၊ လက်တွေ့ကွင်းဆင်းလေ့လာခြင်း  ၊ Structural Analysis and design များပြုလုပ်ခြင်း ၊ လမ်းများနှင့် အဆောက်အဦးများတွင် Construction Management များပြုလုပ်ခြင်း ၊  ရထားလမ်းများနှင့် ပတ်သက်၍ သုံးသပ်လေ့လာခြင်းစသည်တို့ဖြင့် Project များပြုလုပ်၍  Power Point များဖြင့် အဖွဲ့လိုက်အစီရင်ခံတင်ပြခဲ့ကြပါသည်။

                 ထိုတင်ပြမူတွင် အကဲဖြတ်စစ်ဆေး အမှတ်ပေးသူ Jury များ အဖြစ်  ဒေါ်ချိုချို ( Consultant Motherland Construction Group)  ၊ STI Myanmar University ၏ Engineering ဌာနမှူး ဆရာကြီးဦးသိန်းတန်    နှင့် Senior Lecturer  ဦးမျိုးမင်းလှိုင်၊တို့မှ     ကျောင်းသား/သူများ၏ Project Presentation များအပေါ် အကြံပြုဆွေးနွေးကာ  အကဲဖြတ်အမှတ်ပေးခဲ့ကြကြောင်း သိရှိရပါသည်။