Faculty of Business ၏ Internship Certificate Awarding Ceremony

description

               Faculty of  Business  ၏  Internship Certificate Awarding Ceremony

                      STI Myanmar University နှင့်  University of  Bedfordshire (UK) တို့ပူးပေါင်း ဖွင့်လှစ်သော  BA(Hons) Business Administration နှင့် BA(Hons)  Accounting ဘွဲ့သင်တန်းများ  တွင် ပညာဆည်းပူး သင်ကြားနေသော  ကျောင်းသား/ သူ (၁၇) ဦးသည် လုပ်ငန်းခွင်သို့ မ၀င်ရောက်မှီ သက်ဆိုင်ရာ ဘာသာရပ်များကို  လုပ်ငန်းခွင်တွင်း လက်တွေ့ဆက်စပ်မှုရှိစေရန် ၊   ကျွမ်းကျင်တတ်မြောက်မှုရှိ   စေရန်ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းများနှင့်   ကုမ္ပဏီကြီး များတွင် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်စေခဲ့ပါသည်။

                     ယင်းကုမ္ပဏီကြီးများမှာ AYA Bank, Ever Flow River Group Companies , First National Insurance (General) Co.Ltd, Schenker Myanmar Co.Ltd တို့ဖြစ်ကြပြီး သုံးလ  Internship Program  အဖြစ် လုပ်ငန်းခွင်များသို့  လက်ခံသင်ကြားပေးခဲ့ကြပါသည်။  ထိုကဲ့သို့ Internship Program ကို ပြီးမြောက်အောင်  ၀ိုင်းဝန်းကူညီခဲ့ကြသော  Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှ လက်တွေ့သို့  သင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificate များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို  ၂၀၁၉ ခုနှစ်အောက်တိုဘာလ (၂၂ )ရက်နေ့ တွင် MICT Park  အတွင်းရှိ STIMU Campus ၊ အခန်း (၁၀၈) တွင် မနက် (၁၀)နာရီမှ (၁၂) နာရီအထိ  ကျင်းပခဲ့ပါ သည်။ ထိုအခမ်းအနားတွင် STI Myanmar University ၏ Executive Director  ဒေါက်တာမျိုးမျိုးနိုင်မှ အဖွင့် အမှာစကားပြောကြားခဲ့ရာတွင် STIMUမှ ကျောင်းသား/သူများကို နှစ်စဉ် Internship Program များစီစဉ်ပေးပါကြောင်း ၊  ဘွဲ့ရရှိသော ကျောင်းသား/သူများသည် အလုပ်အကိုင်ကောင်းများ ရရှိကြသည့်အပြင်   တကမ္ဘာလုံးရှိ အဆင့်မြင့်တက္ကသိုလ်များတွင် မဟာဘွဲ့များဆက်လက်သင်ယူနိုင်ရန် အရည်အသွေးအဆင့်မီကြောင်း ၊   Internship program များသည် ကျောင်းသား/သူများအတွက် အလွန်အကျိုးရှိပါကြောင်း ၊ Internship များနှစ်စဉ် ဆက်လက်ပံ့ပိုးကူ ညီသွားမည်ဖြစ်ကြောင်း ၊ Internship  များဆက်လက်ကူညီပေးသော Industry များကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

                           ဆက်လက်ပြီးAYA Bank မှ Assistant General Manager ဒေါ်နန္ဒာအေး ၊ Ever Flow River Group Companies မှ  Chairman ဦးကျော်လွင်ဦး နှင့်  First National Insurance (General) Co.Ltd မှ Senior General Manager ဒေါ်ခင်စောဝင်းတို့မှ Internship ဆင်းခဲ့သော ကျောင်းသား/သူများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ပြီး  ကျောင်းသား/သူများအား Certificate များ အသီးသီး ပေးအပ်ခဲ့ပါသည်။ ထို့နောက်  STIMU ၏  Consultant ဆရာမကြီးဒေါ်လှကြူမှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် Industry များမှ မိမိတို့ကျောင်းသား/သူများ လုပ်ဆောင်ချက်များအပေါ် မှန်သော feedback များရရှိ၍  အထူးဝမ်းသာကျေနပ်မိပါကြောင်း၊ မိမိတို့ Intern များမှ လိုအပ်သည်များ ရှိခဲ့ပါကလည်း ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါကြောင်း နှင့်နောင်တွင်လည်း ဆက်လက်လက်ခံသွားမည်ဟုသိရှိရသည့် အတွက်ကျေးဇူးတင်-၀မ်းမြောက်ကြောင်းပြောခဲ့ပါသည်။ ထို့နောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။