STI Myanmar University ၏ စုပေါင်းဘုံကထိန်ကျင်းပခြင်း

Speakers

Time

11/4/2019

Address

description

                                  STI Myanmar University ၏ စုပေါင်းဘုံကထိန်ကျင်းပခြင်း

မြန်မာ့ (၁၂) လရာသီတွင် တန်ဆောင်မုန်းလသည် အဌမမြောက်လဖြစ်ပြီးထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်းကပ်လှူခြင်း နှင့် ကထိန်ပွဲများ ကျင်းပခြင်းဖြစ်ပါသည်။ ကထိန်ပွဲခင်းပါတဲ့ လတန်ဆောင်ဆိုသည့် ဆိုရိုးအတိုင်း ၂၀၁၉ခုနှစ် နိုဝင်ဘာ (၄) ရက်နေ့တွင်  STI Myanmar University မိသားစု ၏ စုပေါင်းဘုံ   ကထိန်ကို အင်းစိန်မြို့ ဖော့ကန်ဈေး၊ အောင်ဇေယျလမ်း ရှိ အဘထကျောင်းဓမ္မရိပ်သာ တွင် ပြုလုပ်ခဲ့ပါသည်။ နမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး သံဃာတော်များအား ကထိန်သင်္ကန်များနှင့် ပဒေသာပင်များနှင့်လှူဖွယ် ပစ္စည်း အ၀၀တို့ကို ကပ်လှူပူဇော်ခဲ့ပြီး တရားဓမ္မများနာကြားကာ ကြွရောက်လာသော ဧည့်သည်များကို အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ကြောင်းသိရှိရပါသည်။