STIMU မှ မဟာဘွဲ့ရခဲ့သော ဒေါက်တာခိုင်သဇင်သည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ညီလာခံ တွင် ဆုရရှိခြင်း

description

 STIMU မှ မဟာဘွဲ့ရခဲ့သော ဒေါက်တာခိုင်သဇင်သည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ညီလာခံ တွင် ဆုရရှိခြင်း

           STI Myanmar University သည်  မိတ်ဖက်တက္ကသိုလ်ဖြစ်သော အင်္ဂလန်နိုင်ငံ  University of Bedfordshire  ( UK) နှင့် ပူးပေါင်း၍   ဘွဲ့ကြို ၊ဘွဲ့လွန် ဘာသာရပ် များကို  နိုင်ငံတကာအဆင့်မီ သင်ကြား ပို့ချ  လျက်ရှိသော  မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု  ကော်မရှင်၏  ပထမဆုံး ခွင့်ပြုမိန့် ရရှိထားသည့် အဆင့်မြင့်   ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါသည်။  STI Myanmar University တွင် ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်သော MSc (Public Health ) ဘွဲ့သင်တန်းအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ဆရာဝန်များ ၊ အရာရှိများတက်ရောက်လျှက်ရှိရာ  အဆိုပါ သင်တန်းမှ  အောင်မြင်ခဲ့ကြသော  ဒေါက်တာ ခင်ဝတ်ရည်လှ၊ ဒေါက်တာခိုင်သဇင်၊ ဒေါက်တာခင်စံပယ်မောင် ၊ ဒေါက်တာကျော်လင်း နှင့်  ဒေါက်တာဇေယျာလင်းတို့သည် လာအိုနိုင်ငံ Vientiane မြို့တွင်  Greater Mekong  နိုင်ငံ  ငါးနိုင်ငံနှင့်အတူ ၂၀၁၉ခုနှစ် အောက်တိုဘာ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသည့်   (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံ ကို တက်ရောက်ခဲ့ကြပါသည်။   ညီလာခံ၏ ရည်ရွယ်ချက်မှာ “ Improving Health Equity among Greater Sub-Mekong  Region: A Public Health Challenge” ဖြစ်ပြီး ညီလာခံသို့တက်ရောက်လာသော နိုင်ငံတကာ မှ ပြည်သူ့ကျန်းမာရေးပညာရှင်များအချင်းချင်း အကြံဥာဏ်များ ပေးကာ   ဆွေးနွေးငြိနှိုင်းနိုင်ရန်၊ အတွေ့အကြုံများဖလှယ်ရန် ၊ မြို့ပြနှင့်ကျေးလက် ကျန်းမာရေးဆိုင်ရာ ညီမျှမူများရှိစေရန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး STIMU မှ သင်တန်းသား/သူ ငါးဦးမှလည်း ထိုညီလာခံသို့တက်ရောက်၍ Poster Presentation နှင့် Oral  Presentation များ ပြုလုပ်ခဲ့ကြရာ ဒေါက်တာခိုင်သဇင်သည်  “knowledge, Attitude and Practice of Tuberculosis Infection Control among Medical Students in Yangon, Myanmar” ခေါင်းစဉ်ဖြင့် poster Presentation award ဆုရရှိခဲ့ကြောင်း သိရှိရပါသည်။