University of Bedfordshire (UK) ၏ Link Coordinator Dr.Rodolphe Ocler STIMU သို့လာရောက်ခြင်း

description

 

                        University of Bedfordshire (UK) ၏ Link Coordinator Dr.Rodolphe Ocler

                                                            STIMU သို့လာရောက်ခြင်း

 

                STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်း၍ ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိရာ UOB မှ Link Coordinator များ ၊ Course Coordinator  များ  STIMU သို့  မကြာခဏ လာရောက်၍  သင်ကြားမှူဆိုင်ရာ   ဆရာ/ ဆရာမများ  ၊ကျောင်းသူ/သားများ၊ စီမံခန့်ခွဲမှုအ ဖွဲ့ဝင်များနှင့်  တွေ့ဆုံ၍ စာသင်ကြားမူ၊ သင်ယူမူ အရည်အသွေးများ စဉ်ဆက်မပြတ် မြှင့်တင်  ဆောင်ရွက်လေ့ရှိပါသည်။

                          ၂၀၁၉ခုနှစ် နိုဝင်ဘာ (၁၅)ရက်နေ့ မှ ၂၁ ရက်နေ့အထိ University of Bedfordshire (UK) မှ Link Coordinator  Dr Rodolphe Ocler သည်  ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ STI Myanmar University Campus များသို့လာရောက်ခဲ့ပါသည်။ ရှေးဦးစွာ နိုဝင်ဘာ (၁၅)ရက်နေ့ မနက်ပိုင်းတွင် STIMU၏ Faculty of Business Coordinator များ၊  ဆရာ/ဆရာမ များ နှင့်တွေ့ဆုံ၍   “ Course Committee  Meeting “ ကို ပြုလုပ်ခဲ့ပါသည်။ ယင်း Meeting တွင် Final Year UOB အတန်းရှိ ကျောင်းသား/သူများ၏ Assignment နှင့်ပတ်သက်၍  သိရှိသင့်သည်များ ၊ တွေ့ရှိရမည့် အခက်အခဲများ၊  Assessment Assignment များကို အမှတ်ကောင်းကောင်းရအောင် မည်ကဲ့သို့ရေးသားသင့်ပုံများ ၊ ကျောင်းသား/သူများ Plagiarism နှင့် ပတ်သက်ပြီး သတိထားရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် လာမည့်၂၀၂၀ ဖေဖော်ဝါရီလတွင်ဖွင့်မည့် Course များတွင် သင်ကြားခဲ့သည့် ဘာသာရပ်များကိုလည်း  ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင်  BA (Hons) Business Administration နောက်ဆုံးနှစ်တက်ရောက်မည့်  ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် Business Faculty မှ ဆရာ/ဆရာမများအား  Research Methodology ၊ Assignments Preparation & Assessment  များနှင့် ပတ်သက်သည့်  Training Program များ ပြုလုပ်ခဲ့ပါသည်။

                               နိုဝင်ဘာ(၁၆)ရက်နေ့ မနက်ပိုင်းတွင် BA(Hons) Business  Final Year  တက်ရောက်နေသော ကျောင်းသား/သူ  ၃၄ များအား  “How to critique literature & Journal articles”  ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ပြီး ညနေပိုင်းတွင် Business Faculty မှ ဆရာမများအား   Guidelines for Better writing , Criteria & Expectations of UOB ခေါင်းစဉ်ဖြင့် Training ကိုပြုလုပ်ခဲ့ပါသည်။  နိုဝင်ဘာ (၁၇)ရက်နေ့တွင် MBA(General) နှင့် ( Hospital & Health Service Management)  Program မှ ဆရာဆရာမများ၊  ကျောင်းသား/သူများနှင့် Course Committee Meeting ကိုပြုလုပ်ခဲ့ပြီး Course နှင့်ပတ်သက်ပြီး သိရှိသင့်သည်များ လိုအပ်သည့် အခက်အခဲ များကို တင်ပြ ဆွေးနွေးခဲ့ပါသည်။  ညနေပိုင်းတွင် MBA ကျောင်းသား/သူများအား Training Program ကိုပြုလုပ်ခဲ့ပြီး မကြာခင်ဖွင့်မည့် MBA သင်တန်းတွင် တက်ရောက်မည့်  ကျောင်းသား/သူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ နိုဝင်ဘာ (၁၈) ရက်နေ့နှင့် မန္တလေး STI Campus သို့ သွားရောက်၍  မန္တလေး Business Faculty မှ ဆရာ/ဆရာမများ၊အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ Course Committee Meeting ကို ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် BA(Hons)Business Administration မှ  နောက်ဆုံးနှစ်ကျောင်းသား/သူများ ၊ ဆရာ/ဆရာမများနှင့်  တွေ့ဆုံ၍ “ Feedback for Assignments & Research Methodology” ခေါင်းစဉ်ဖြင့်  Training Program ကိုပြုလုပ်ခဲ့ကြပါသည်။ နိုဝင်ဘာ(၁၉)ရက်နေ့တွင်  နောက်ဆုံးနှစ်တက်ရောက်နေသော ကျောင်းသား/သူများ၊ နှင့် တွေ့ဆုံ၍ “How to critique literature & Journal articles “ “ Plagiarism & Referencing”  “Guidelines for better writing, criteria and expectations of UOB”  ခေါင်းစဉ်ဖြင့်  Training Program များပြုလုပ်ခဲ့ကြကာ အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။