BEng( Hons) 9BE ကျောင်းသား/သူများ Internship Certificated Awarding Ceremony

description
BEng( Hons) 9BE ကျောင်းသား/သူများ Internship Certificated Awarding Ceremony
STI Myanmar University နှင့် University of Bedfordshire (UK) တို့ပူးပေါင်း ဖွင့်လှစ်သော BEng ( Hons) အင်ဂျင်နီယာဘွဲ့သင်တန်းများ တွင် ဒုတိယနှစ်အောင်မြင်ပြီးစီးကြသော Civil နှင့် Architecture ကျောင်းသား/ သူ (၅၄) ဦးသည် နောက်ဆုံးနှစ်အတန်းသို့ မတက်ရောက်မီ သင်ကြားခဲ့သော လုပ်ငန်းခွင် ဘာသာရပ်များကို လုပ်ငန်းခွင်အတွင်းနှင့် လက်တွေ့ အသုံးချမူကို သိရှိစေရန် အတွေ့အကြုံများ ရရှိ စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော M.K.T Construction Co.Ltd နှင့် Time City Co.Ltd တို့တွင် အလုပ်သင်အဖြစ် ၂၁.၁၀.၂၀၁၉ မှ ၁၅.၁၁.၂၀၁၉ အထိ တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါသည်။
ထိုကဲ့သို့ Internship Program ကို ပြီးမြောက်အောင် ၀ိုင်းဝန်းကူညီခဲ့ကြသော Company များကို ကျေးဇူးတင်စကားပြောခြင်းနှင့် စာတွေ့မှ လက်တွေ့သို့ သင်ယူခဲ့ကြသော ကျောင်းသား/သူ များကို Certificate များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်နိုဝင်ဘာလ (၁၉)ရက်နေ့ တွင် MICT Park အတွင်းရှိ STIMU Campus ၊ အခန်း (၁၀၈) တွင် ညနေ (၃)နာရီမှ (၅) နာရီအထိ ကျင်းပခဲ့ပါ သည်။ ထိုအခမ်းအနားတွင် M.K.T Construction Co.Ltd ၏ လ/ထ အထွေထွေမန်နေဂျာ ဦးကိုကိုနိုင်မှ STIMU မှ ကျောင်းသား/သူများအား စာတွေ့မှလက်တွေ့သို့ သင်ယူနိုင်အောင် ယခုကဲ့သို့ Internship Program များကိုနောင်တွင်လည်း အခါအခွင့်သင့်သလို ဆက်လက်ကူညီပေးသွားမည့်အကြောင်း အဖွင့် အမှာစကား အဖြစ် ပြောကြားခဲ့ပြီး Internship ဆင်းခဲ့ကြသော ကျောင်းသား/သူများကို Certificate များ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်ပြီး STI Myanmar University ၏ Faculty of Engineering မှ Lecturer ဒေါ်ရည်မွန်အောင်မိုး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး M.K.T Construction Co.Ltd ၏ လ/ထ အထွေထွေမန်နေဂျာ ဦးကိုကိုနိုင်အား အမှတ်တရလက်ဆောင်များလည်း ပေးအပ်ခဲ့သည်။ ထို့နောက် BEng (Hons) Civil မေဂျာမှ ကျောင်းသား မောင်ထက်အောင်ဝေ နှင့် Architecture မေဂျာမှ ကျောင်းသူမ ချိုဇင်ထက်တို့မှ Internship ဆင်းစဉ်လေ့လာသင်ယူခဲ့ရသော အတွေ့အကြုံများ၊ ရရှိခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ဗဟုသုတများနှင့် လုပ်ငန်းခွင် အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက အဖက်ဖက်က လေ့ကျင့်သင်ကြားပေးပုံများကို မျှဝေပြောပြခဲ့ပြီး ကျောင်းသား/သူများကိုယ်စား ကျေးဇူးတင်စကားများပြောကြားခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။