STI Myanmar University သို့ Dr.Andrew Mitchell လာရောက်ခြင်း

description

STI Myanmar University သည် အင်္ဂလန်နိုင်ငံရှိ  Queens Award ရရှိထားသော   University of Bedfordshire (UK) နှင့် ပူးပေါင်း၍ ကမ္ဘာ့အဆင့်မီ ဘွဲ့ကြို နှင့် မဟာဘွဲ့ သင်တန်းများကို  ပြည်တွင်းမှာပင် သင်ကြားပို့ချပေးလျက်ရှိရာ UOB မှ Link Coordinator များ ၊ Course Coordinator  များ  STIMU သို့  မကြာခဏ လာရောက်၍ သင်ကြားမှူဆိုင်ရာ   ဆရာ/ ဆရာမများ  ၊ကျောင်းသူ/သားများ၊ စီမံခန့်ခွဲမှုအ ဖွဲ့ဝင်များနှင့်  တွေ့ဆုံ၍ စာသင်ကြားမူ၊ သင်ယူမူ အရည်အသွေးများ  ကို စဉ်ဆက်မပြတ်မြှင့်တင်   ဆောင်ရွက်လေ့ရှိ ပါသည်။ ၂၀၂၀ ခုနှစ် ဇန်န၀ါရီ (၁၀) ရက်နေ့ နှင့် (၁၁) ရက်နေ့များတွင် University of  Bedfordshire မှ  Dr.Andrew Mitchell (Head of School  of Spot Science & Physical Activity ) သည်  လှိုင်မြို့နယ် MICT park အတွင်းရှိ STI Myanmar University သို့ လာရောက်ခဲ့ပါသည်။ ဇန်န၀ါရီ(၁၀)ရက်နေ့ တွင်  Dr.Andrew Mitchell သည် Engineering နှင့် Business မေဂျာမှ ကျောင်းသား/သူများကို Academic Writing, Plagiarism, Critical Thinking နှင့် ပတ်သက်၍ သင်ကြားပို့ချခဲ့ပြီး ညနေပိုင်းတွင် Faculty of Engineering & Faculty of Business မှ ဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး  Literature review ကို မည်ကဲ့သို့ရေးသင့်ကြောင်း ၊ အချက်အလက် ဥပမာ များနှင့် နှိုင်းယှဉ် ပြောပြခဲ့ပါသည်။  ဇန်န၀ါရီ (၁၁) ရက်နေ့ မနက်ပိုင်းတွင် Nutrition and Dietetics ကျောင်းသား/သူ များ၏  Journal Club  reading ကို တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင်  Faculty of Health Science မှ ဆရာ/ဆရာမများနှင့် Meeting ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။