STI Myanmar University မှ Myanmar Engineering Society ၏ Process and Product Show 2020 တွင်ပါဝင်ပြသခြင်း

Speakers

Time

1/18/2020

Address

description

STI Myanmar University မှ Myanmar Engineering Society ၏ Process and Product Show 2020 တွင်ပါဝင်ပြသခြင်း

    STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်များဖြစ်သည့်  University of Bedfordshire (UK) ၊လက်တွဲ၍   BEng (Hons) Civil Engineering, Architectural Engineering, Civil and Architectural Engineering , Electronic System Engineering မေဂျာများကို သင်ကြားပို့ချပေးလျှက်ရှိသော အဆင့်မြင့် ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ လှိုင်မြို့နယ် MICT park  အတွင်းရှိ  Young Engineer Committee Office, MES Building တွင်  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ၊မျိုးဆက်သစ် အင်ဂျင်နီယာကော်မတီမှ ကြီးမှူးကျင်းပသည့် Process and Product Show 2020  နှင့် Technical Debate Tournament ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ    ဆောက်လုပ်ရေး ကုမ္ပဏီများ ၊ မြန်မာနိုင်ငံရှိ အင်ဂျင်နီယာတက္ကသိုလ် အသီးသီးနှင့် STI Myanmar University မှလည်း  ပါဝင်ဆင်နွဲခဲ့ပါသည်။ ယင်း အခမ်းအနားတွင်  STI  Myanmar University အင်ဂျင်နီယာမေဂျာမှ ကျောင်းသားကျောင်းသူများသည် Technical Project Show အနေဖြင့် မိမိတို့ ကိုယ်ပိုင်ဒီဇိုင်းဆွဲ၍ ဖန်တီးပြုလုပ်ထားသော ဗိသုကာအဆောက်အဦးပုံစံငယ်လေးများကိုပြသခဲ့ရာ ပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များ ၊ ကုမ္ပဏီအသီးသီးများဆောက်လုပ်ရေးပညာရှင်များနှင့် အင်ဂျင်နီယာများမှ သိလိုသည်များကိုမေးမြန်း ခဲ့ကြပြီး ကျောင်းသား/သူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ထို့နောက် Technical Project Show  တွင် ပါဝင်ပြသခဲ့သော ကျောင်းသား/သူများကို Myanmar Engineering Society နှင့် STI Myanmar University မှ Certificate များလည်း ချီးမြှင့်ခဲ့ကြောင်း  ၊ အလွန်အကျိုးရှိသော ပြပွဲအခမ်းအနားတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။