UOB (UK) ၏ Engineering Course Coordinator Mr.David Jazani STIMU သို့ လာရောက်ခြင်း

description

၂၀၂၀ခုနှစ် ဇန်န၀ါရီ (၂၇)ရက်မှ (၃၁) ရက်နေ့အထိSTI Myanmar University ၏ မိတ်ဖက်တက္ကသိုလ် တစ်ခု ဖြစ်သော  University of Bedfordshire (UK) နှင့် STIMU တို့ပူးပေါင်းဖွင့်လှစ်သော BEng (Hons) Engineering Program များ၏ Course Coordinator ဖြစ်သူ  Senior Lecturer Mr.David Jazani သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ STIMU Campus များသို့လာရောက်ခဲ့ ပါသည်။  

                  ရှေးဦးစွာ    ဇန်န၀ါရီ(၂၈) ရက်နေ့ မနက်ပိုင်းတွင်  Faculty of Engineering ဌာနမှ Senoir Faculty များနှင့် တွေ့ဆုံ၍ STIMU တွင် သင်ကြားပို့ချနေသော Program များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။  နေ့လည်ပိုင်းတွင် BEng (Hons) Civil နှင့် Architecture တက်ရောက်နေေ သာ ကျောင်းသား/သူများနှင့် တွေ့ဆုံ၍ Training Program ကို ပြုလုပ်ခဲ့ရာ ကျောင်းသား/သူများ ပြုလုပ်နေသော Project များနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း အကြံပေးခြင်းများ ပြုလုပ်ခဲ့သည်။ ဇန်န၀ါရီ(၂၉) ရက်နေ့ BEng (Hons) Electronic System Engineering နှင့် Construction Management တက်ရောက်နေသော ကျောင်းသား/သူ များနှင့် Course Committee Meeting ပြုလုပ်ခြင်း ၊ ကျောင်းသားများအား အရည်အသွေးပြည့်ဝသော Dissertation ရေးသားပုံများ၊ Oral  Presentation ပြုလုပ်ပုံများကို ဆွေးနွေးခြင်း ၊ အကြံပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။  

                    ဇန်န၀ါရီ(၃၀)ရက်နေ့တွင် မန္တလေးမြို့သို့သွားရောက်ခဲ့ပြီး  ဇန်န၀ါရီ (၃၁) ရက်နေ့မနက်ပိုင်းတွင် STI Myanmar University  Mandalay Campus မှ BEng (Hons) Final Year Civil & Archi ကျောင်းသား/သူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍  Induction Program ကိုပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် Campus tour ပြုလုပ်ခြင်းနှင့် သင်ကြားမူ အရည်အသွေးပိုင်းဆိုင်ရာ များ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း  သိရှိရပ