University of Bedfordshire (UK) မှ Business Course Coordinator Dr.Steve Mc Peake (PhD.FHEA) STIMU သို့ လာရောက်ခြင်း

description

၂၀၂၀ခုနှစ် ဖေဖော်ဝါရီ  (၇)ရက်မှ (၁၀) ရက်နေ့အထိSTI Myanmar University ၏ မိတ်ဖက်တက္ကသိုလ် တစ်ခု ဖြစ်သော  University of Bedfordshire (UK) နှင့် STIMU တို့ပူးပေါင်းဖွင့်လှစ်သော BA(Hons) Business Administration နှင့် MBA Program များ၏ Course Coordinator ဖြစ်သူ  Senior Tutor Dr.Steve Mc Peake သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ STIMU Campus များသို့လာရောက်ခဲ့ ပါသည်။  

                     ရှေးဦးစွာ    ဖေဖော်ဝါရီ (၇) ရက်နေ့ နံနက် ပိုင်းတွင် STI Myanmar University ၏  Program Management Team မှ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ STIMU တွင်လက်ရှိသင်ကြားနေသော Program များနှင့် ပတ်သက်၍   ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် BA (Hons) Business Final Year ကျောင်းသား/ကျောင်းသူ များနှင့် တွေ့ဆုံ၍ Induction Program ကို ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် Faculty of Business မှ ဆရာ/ဆရာမများနှင့် Training Program ကို ပြုလုပ်ခဲ့ပြီး ကျောင်းသားများ၏ အားသာချက်၊ အားနည်းချက်များကို အခြေခံပြီး ဆက်လက် ဆောင်ရွက်ရမည့် အကြောင်းရင်းများကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ 

                 ဖေဖော်ဝါရီ (၈)ရက်နေ့ မနက်ပိုင်းတွင် MBA Induction and Course Committee Meetng ကို ပြုလုပ်ခဲ့ရာ UOB ၏ MBA Program များတွင်တက်ရောက်နေသော ကျောင်းသား/သူများနှင့် ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးပြောကြား ခဲ့ကြပါသည်။ ဆက်လက်ပြီး Strategy Unit နှင့် ပတ်သက်သည့် Assessments methods များအား မည်ကဲ့သို့ပြင်ဆင်သင့်ကြောင်းကို Power Point များဖြင့် ရှင်းလင်း သင်ကြားခဲ့သလို  Management Practice တက်ရောက်နေသော ကျောင်းသား/သူများနှင့် Simulation Project ကို လက်တွေ့လုပ်ဆောင်ပြခဲ့ပါသည်။ 

              ဖေဖော်ဝါရီ (၉) ရက်နေ့ မနက်ပိုင်းတွင် မန္တလေး STI Campus သို့ သွားရောက်၍   နေ့လည်ပိုင်းတွင် Mandalay STI Campus Tour အဖြစ် ကျောင်းတွင်း လှည့်လည်ကြည့်ရူခဲ့ပြီး ဆရာ/ဆရာမများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ပါသည်။ညနေပိုင်တွင်  “ Strategies for Leading Successful Change Initiative” ခေါင်းစဉ်ဖြင့် Seminar ကို ပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပါသည်။ ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင်   မနက်ပိုင်းတွင် BA(Hons) Business Final Year တက်ရောက်နေသော ကျောင်းသား/သူများနှင့် Induction နှင့် Course Committee Meeting ကို ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် Business Faculty မှ  ဆရာ/ဆရာမ များနှင့် တွေ့ဆုံခဲ့ပြီး သင်ကြားမှု အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။