Interview with BEng(Hons) Graduate

description

STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော BEng (Hons) Engineering Program များ၏ ပထမဆုံးသော ဘွဲ့ရများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ BEng (Hons) Architectural Engineering ဘွဲ့ရ ကျောင်းသူတစ်ဦးဖြစ်သည့် မဆုပြည့်စုံနိုင် ၏ ပညာသင်ကြားခြင်းအတွေ့အကြုံများအကြောင်းကို ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းထားပါသည်။

 

မေး - ညီမလေးရဲ့နာမည် နဲ့ STI မှာတက်ရောက်နေတဲ့ မေဂျာနဲ့အတန်းတို့ကို မိတ်ဆက်ပေးပါဦး။

 

ဖြေ - ညီမနာမည်က မဆုပြည့်စုံနိုင်ပါ ။ ညီမက STI Myanmar University ရဲ့ Engineering ကျောင်းသူတစ်ဦးပါ။ Architecture မေဂျာကို foundation အပါအ၀င် ကျောင်းမှာ ၃နှစ်နဲ့ ၈လ တက်ခဲ့ပါတယ်။ အခုဆိုရင်တော့ BEng (Hons) Architectural Engineering ဘွဲ့ကို ဒီဇွန်လထဲမှာပဲ ရရှိပြီးဖြစ်ပါတယ်။

 

မေး - STI ကို ညီမလေး ရွေးချယ်တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို လည်း ပြောပြပေးပါဦး။

 

ဖြေ အဓိကကတော့ညီမဆယ်တန်းအောင်တော့ ဘာမေဂျာပဲရရ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်။ ကမ္ဘာ့ အဆင့်မီတဲ့ ပညာရေးတစ်ခုကို ယူပြီး ညီမ ဘ၀မှာပညာနဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလုပ်ပြီး ရပ်တည်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကိုယ်တွေးထင်ထားသလို မဟုတ်ပဲ နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတာ အခက်အခဲတွေ ၊ အဆင်မပြေမူတွေ အများကြီးရှိခဲ့တယ်။ ဒါကြောင့် မိသားစုနဲ့ တိုင်ပင်ပြီး ဒီနိုင်ငံမှာပဲ foreign ကပေးတဲ့ ဘွဲ့ကို direct ရအောင် apply လုပ်လို့ရမယ့် ကျောင်းတွေ၇ှိမရှိ စုံစမ်းခဲ့ ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီမ MICT Park ထဲမှာ IT နဲ့ပတ်သက်တဲ့ သင်တန်းတက်တယ်။ အဲ့ဒီကနေ STI အကြောင်းသိခဲ့ ၊ စုံစမ်းခွင့်ရတော့ ညီမလိုချင်တဲ့ Architectural Engineering ဘွဲ့ကို UK ကနေတိုက်ရိုက်ပေးတဲ့ အခွင့်အရေးရှိမှန်း သိခဲ့ရလို့ STI ကို ရွေးချယ်တက်ခဲ့ တာပါ။

 

မေး- အဲ့ဒီလို ရွေးချယ်တက်ဖြစ်ခဲ့တဲ့ ညီမလေးအနေနဲ့ ကျောင်းတက်နေတဲ့ အချိန်တွေမှာ ဘာတွေ ထူးထူးခြားခြား ကျေနပ်မိတာရှိလဲ။

 

ဖြေ - ဟုတ် ။ ပြောရရင်တော့ ညီမက ဆယ်တန်းအောင်တော့ ဘယ်ကျောင်းလျှောက်ရမလဲ၊ ဘယ်မေဂျာယူရမလဲ အဲ့လိုမျိုး စဉ်းစားတော့ ကိုယ်ဖြစ်ချင်တာက ဗိသုကာပညာရှင်တစ်ယောက်ဆို တာ ပဲသိတာ။ Architecture နဲ့ ပတ်သက်တာဆို အားလုံး ဘာဆိုဘာမှ ဗဟုသုတမရှိပါဘူး။ ကျောင်းတက်စ အချိန်တွေကနေ တစ်နှစ်ပြီး တစ်နှစ် အတန်းကြီးလာမှ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့တကယ် လေ့လာရင် ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းမှာပါဆိုတဲ့ အသိ တဖြည်းဖြည်း ရလာတယ်။ STI က လည်း အင်ဂျင်နီယာဘွဲ့အတွက် Architecture မေဂျာမှ မဟုတ်ဘူး။ ဘယ်မေဂျာယူယူ အားလုံး ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ရအောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ဒါက ညီမတို့တွေ အတွက်တော့ တကယ်ကံကောင်းတာပါ။

 

မေး- ဒါဆို ကျောင်းမှာ ဆရာ၊ ဆရာမ တွေ စာသင်ကြားတာနဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။ Qualified ဖြစ်တဲ့ ဆရာ၊ ဆရာမတွေများတယ်ပေါ့။

ဖြေ- ဟုတ်ကဲ့ ။ ဆရာ ဆရာမတွေက စာသင်အရမ်းကောင်းကြသလို စိတ်လည်းရှည်ကြတယ်။ ပြီးတော့ သူတို့ကိုယ်၌ ကလည်း သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်အောင်မြင်နေသူ တွေဆိုတော့ အရည်အချင်း လည်းရှိတယ်။ ဒါကြောင့် ညီမတို့ နားမလည် တဲ့ အခါ ၊ စာတွေ လိုကိမမီတဲ့ အခါ သူတို့ ကိုမေးရင်အချိန်ပြည့် Welcomeပဲ။ အရမ်းလည်း support လုပ် ပေးသလို စေတနာလည်း ထားကြပါတယ်။

 

မေး- STI ကို မရွေးချယ်ခင် ညီမလေး မျှော်လင့် ထားတာနဲ့ STI ဆီက ပြန်ရတာနဲ့ ပတ်သက်ပြီးရော စိတ်ကျေနပ်မူရှိလား။ ညီမလေးရဲ့ ကျောင်းသူဘ၀အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဟုတ် ကျေနပ်မူရှိပါတယ် ။ ပိုတောင် ပိုသေးတယ်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ပထမတုန်းက ညီမထင်တာက Architecture ဆိုတော့ပုံတွေပဲ ဆွဲရမယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်ပါဘူး။ Assessment Assignment Practical နဲ့ workshop ရော အကုန်ပြည့်ပြည့်စုံစုံ လုပ်ပေးတယ်။ ပြီးတော့ သင်ရိုးညွှန်းတန်းအနေနဲ့ ဆိုလည်း စာတွေက နိုင်ငံတကာ အဆင့်မီဘွဲ့ရမှာမို့ ကျောင်းသားတွေအတွက် အီရောင်ဝါး ရောချလို့မရဘူး။ final မရောက်ခင် UOB က ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ညီမတို့တွေက IELTS ကို ဖြေရသေးတယ်။ အဲ့ဒါအောင်မှ ဆက်တက်လို့ ရတာ။ ညီမတို့တွေ တကယ်ကြိုးစားရပါတယ်။ အခု သုံးနှစ်ပြီးလို့ ကိုယ် honors ရမှ ကိုယ်တကယ် စာလုပ်ခဲ့တာပဲဆိုပြီး ကျေနပ်ရတယ်။ အဲ့လိုမျိုးပါ ။ ပေးရတဲ့ အချိန်ရယ်နဲ့ ထိုက်တန်တဲ့ အကျိုးကျေးဇူးရရပါစေမယ် ။ ကိုယ်သာ ကြိုးစားနိုင်ခဲ့ မယ်ဆိုရင်ပေါ့။

မေး - ညီမလေးရဲ့ အနာဂတ်ရည်မှန်းချက်ကိုလည်း ပြောပြပေးပါဦး။

ဖြေ- ညီမကတော့ နောက်ထပ် Architecture နဲ့ ပတ်သက်ပြီး မဟာဘွဲ့ကို နိုင်ငံခြားမှာပဲ ဆက်ယူဖြစ်အောင် ကြိုးစားချင်ပါတယ်။ ပြီးတော့ အောင်မြင်တဲ့ ဗိသုကာ ပညာရှင်တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ Junior ကျောင်းသား ကျောင်းသူလေးတွေကိုလည်း ညီမလေးရဲ့ ကျောင်းသူဘ၀ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး တစ်ခုခုပြောပေးပါဦး။

ဖြေ - Junior ကျောင်းသား ကျောင်းသူတွေကိုတော့ နှစ်မျိုးခွဲပြီး ပြောချင်တယ်ပေါ့နော်။ ဆယ်တန်းအောင်တဲ့ ကျောင်း သားနဲ့ STI ရဲ့ ကျောင်းသား တွေ ပေါ့။ ဆယ်တန်းအောင်တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ကတော့ ကြားဖူးနေကျ quote လေးအတိုင်းပဲ “follow your heart” ပေါ့။ ကိုယ်ဖြစ်ချင်တဲ့ အတိုင်း ၊ ကိုယ်စိတ်ကူးထားတဲ့ အတိုင်း အောင်မြင်အောင်လုပ်ဖို့ ပါပဲ။ ကိုယ်ဖြစ်ချင်တာ ဘာမှန်းမသိပဲ မိဘတွေ လုပ်ခိုင်းလို့ လုပ်ရတာမျိုးးဆို ကိုယ်လျှောက်တဲ့ လမ်း ဘယ်ရောက်လို့ ရောက်မှန်း မသိပဲဖြစ်တတ်တယ်လေ။ ပြီးတော့ STI က ကိုယ့်ထက်ငယ်တဲ့ Junior တွေက ညီမတို့ ထက်တောင် ပိုကံကောင်းတယ် လို့ ပြောလို့ရတယ်။ ကျောင်းကလည်း လိုအပ်ချက်ရှိနိုင်မယ့် အရာမှန်သမျှ ဖြည့်ဆည်းနေမှာဆိုတော့ ညီမ တို့ တုန်းက ကျောင်းက စဖွင့်စအချိန်ပဲ ရှိသေးပေမယ့် ၊ ခုချိန်မှတော့ အတော်လေး အရှိန်ရပြီး အောင်မြင်တဲ့ ကျောင်း တစ်ကျောင်းဖြစ်နေလို့ ကျောင်းဘက်က ပံ့ပိုး ကူညီပေးမှာတွေကတော့ ရာနှုန်းပြည့်လို့ပဲ ဆိုရမှာပါ။ ဒါကြောင့် အားလုံးပဲ ကိုယ့်ဖြစ်ချင်တဲ့ ရည်မှန်းချက်ရောက်အောင် ကြိုးစား လျှောက်ကြပါလို့ပဲ ပြောချင်ပါတယ်။