STI Free Open House in Mandalay

Speakers

Time

2018-06-26

Address

description

          STI Myanmar University ၏ Free Open House အခမ်းအနားကို မန္တလေးမြို့တွင်ကျင်းပခြင်း

2017-2018 တက္ကသိုလ် ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအားရည်ရွယ်၍ STI Myanmar University သည် 16.6.2018 နံနက် ၉နာရီမှ ၁၁ နာရီအထိ Hilton Hotel Mandalay တွင် University Free Open House အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားတွင် STI Myanmar University ၏ Managing Director ဒေါ်ခင်အေးဝင်းမှ STI Myanmar University  တွင် တက်ရောက်နိုင်သော Faculty of Engineering,   Faculty of Business, Faculty of Education and Linguistics, Faculty of Health Science  မဟာဌာနကြီး များတွင် ပို့ချပေးနေသော  ဘွဲ့ကြို ဘွဲ့လွန်သင်တန်းများနှင့်  ပွဲကျင်းပရခြင်း၏ ရည်ရွည်ချက်ကို  ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြခဲ့ပါသည်။

                             ထိုကဲ့သို့ အမှာစကားပြောကြားရာတွင် STI Myanmar University၏  တွဲဖက်တက္ကသိုလ် များ ဖြစ်သော  Mahidol University, Bangkok, Kingdom of Thailand ,The Open University of Hong Kong, (OUHK ) ၊  University of Bedfordshire (UK) တို့နှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များအကြောင်း ၊  STU ၏ Cooperate Learning များဖြစ်သော  ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာ ကုမ္ပဏီများသို့ Internship အဖြစ် စေလွှတ်၍ လုပ်ငန်းအတွေ့အကြုံများကို သင်ယူလေ့လာစေခြင်း၊  ဗဟုသုတရစေရန် ပြည်တွင်းပြည်ပလေ့ လာရေးခရီးစဉ်များ ဆောင်ရွက်ပေးခြင်း ၊ စက်ရုံ အလုပ်ရုံများသို့သွားရောက်လည်ပတ်ခြင်း ၊ Presentations များပြုလုပ်၍ ကျောင်းသားများအချင်းချင်း အတွေ့အကြုံများဖလှယ်စေခြင်း ၊ ကျောင်းသားများ၏ အရည်အချင်းကို စစ်ဆေးသည့် Projects Competitions များပြုလုပ်ခြင်း ၊ ထူးချွန်ကျောင်းသားများအတွက် ပညာသင်ဆုများ စီစဉ်ဆောင်ရွက်ပေးခြင်း ၊ ကျောင်းသား များ ၏ အနာဂတ်ဘ၀အောင်မြင်ရေးနှင့် စိတ်ခွန်အားပြည့်စေရန် စာပေဟောပြောပွဲများ ၊ Seminar များ ပြုလုပ်ပေးခြင်းတို့အပြင်  မန္တလေးမြို့တွင်လက်ရှိအောင်မြင်စွာ ဖွင့်လှစ်ထားသော Campus အပြင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် campus အသစ်နေရာနှင့် အဆောက်အဦအသစ်တည်ဆောက်မူ စီမံကိန်းများအကြောင်းတို့ကို ပြောကြားခဲ့သည်။  

                                          ထို့နောက် STI Myanmar University တွင်  BEng (Hons) Engineering ပထမနှစ်တက်ရောက်နေသော ကျောင်းသား မောင်အောင်ကိုဟိန်း၊ မောင်နော်ဒင်း နှင့်  Business  ပထမနှစ်တွင် တက်ရောက်နေသော ကျောင်းသူ မလဲ့လဲ့ဝင်း၊ မခင်မြန်မာလမင်းရှင် တို့မှ  ၄င်းတို့၏ ကျောင်းသားဘဝအတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ STI Myanmar University ၏ Faculty of Education & Linguistics မှ Native Lecturer တစ်ဦးဖြစ်သူ Mrs. Aileen Prendergast မှ လည်း STI တွင် ဖွင့်လှစ်ထားသော အင်္ဂလိပ်ဘာသာ  ဆရာဖြစ် ဒီပလိုမာသင်တန်း (TESOL)  နှင့်ပတ်သက်၍လည်း ဆွေးနွေးတင်ပြခဲ့ပါသည်။ထိုအခမ်းအနားသို့ ကျောင်းသား ၊ ကျောင်းသူများနှင့် မိဘပြည်သူများတက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရှိရပါသည်။