Khant Khant Kyaw ( Merchandising Coordinator City Mart Holding Co.,Ltd )

BA (Hons) Business Administration

ဆယ်တန်းပြီးတော့ private university တက်မယ်လို့ ဆုံးဖြတ်ပြီး ကျောင်းရွေးတဲ့အချိန်မှာ STIMU က ဖွင့်ထားတာလည်းကြာပြီဖြစ်တဲ့အပြင် UK တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး Bachelor ပေးမှာဖြစ်တဲ့အတွက် ယုံယုံကြည်ကြည် ရွေးချယ်တက်ရောက်ခဲ့ပါတယ်။ စာသင်ကြားခဲ့ရတဲ့ ၃နှစ်ခွဲကာလမှာ ဆရာ ဆရာမ တို့၏ စေတနာပါပါဖြင့် သင်ပြမှု လမ်းညွှန်မှုတို့ နှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် Assignmentများ Project များနှင့် Final dissertation ရေးရာတွင်ကြုံရသော အခက်အခဲများကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး Certificate အတန်းတွင် ဒုတိယဆု, Diploma နှင့် Advanced Diploma အတန်းတို့တွင် ပထမဆု, Final Year Bachelor အတန်းတို့တွင် A class ဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ပြီး အမြင့်ဆုံးဆုဖြစ်တဲ့ Platinum Award ကိုလဲ ရရှိခဲ့ပါတယ်။ ထို့အပြင် လုပ်ငန်းခွင်ဝင်နေပြီဖြစ်သော်လည်း MBA ဆက်တက်ရန် ရည်ရွယ်ချက်ရှိသောကြောင့် Feb 2019 Intake တွင် University of Bedfordshire ၏ MBA(General) အတန်းကို STI MU မှချီးမြှင့်ပေးအပ်သော 50% Scholarship ဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ တက်ရောက်နေပြီ ဖြစ်ပါတယ်။