Pyae Phyo Bo Bo

BEng (Hons) Architectural Engineering - Final Year

ဗိသုကာပညာကို ဝါသနာပါတာရယ်၊ မိဘတွေရဲ့ အားပေးတိုက်တွန်းချက်ကြောင့် STI Myanmar University မှာ Architecture ဘာသာရပ်ကို စတင်ပြီးလေ့လာဖြစ်ပါတယ်။ နိုင်ငံခြား ဆရာတွေရော၊ ပြည်တွင်းက ဆရာတွေကပါ ဘာသာရပ်တွေအပေါ်ကို အလေးအနက်ထားပြီး သင်ကြားပေးခဲ့တဲ့အတွက် အခုအခါမှာ လောကကြီးကိုမြင်တဲ့အမြင် ပါပြောင်းလဲလာတာကို တွေ့ရပါတယ်။ Architect တစ်ယောက်ရဲ့ သိရမယ့်၊ တတ်ရမယ့် နည်းပညာ (Technical) အချက်အလက်တွေတင် မဟုတ်ဘဲ အတွေးအမြင်တွေကိုပါ တိုးတက်လာတာကို သိရပါတယ်။ Jury တွေမှာ ဆရာတွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေက ကျွန်တော်တို့ကို ပိုမိုကြိုးစားလိုစိတ်ပြင်းပြလာအောင်လေ့ကျင့်ပေးပြီး အရည်အချင်းတွေ တိုးတက်လာအောင် အထောက်အကူပြုပေးပါတယ်။ ပြည်ပဆရာတွေရဲ့ Work Shop တွေကိုလည်း မကြာမကြာပြုလုပ်ပေးတဲ့အတွက် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ Softwareတွေ နည်းစနစ်တွေကိုလည်း ခေတ်နဲ့အညီ သိရှိရပါတယ်။ ယခုလို သင်ကြားပေးမှုတွေကြောင့် Diploma in Architectural Engineering (First Year) နှင့် Advanced Diploma in Architectural Engineering (Second Year) ၂ နှစ်စလုံးမှာ ဒုတိယဆု ဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။ Academic ပိုင်းတွင်သာမက Soft Skill တွေကိုလည်း တိုးတက်အောင် အစီအစဉ်တွေလည်း အမြဲရှိနေတဲ့ အတွက် အရမ်းကိုကျေနပ်အားရမိပါတယ်။ ယခုဆိုရင် လက်ရှိ Academic year ရဲ့ Student Council မှာ President အဖြစ် ကျောင်းသားရေးရာ ကိစ္စများကို တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိတဲ့ အပြင် ကျောင်းရဲ့စီစဉ်ပေးမှုနဲ့ MKT Construction (Architecture Department) မှာ Intern အဖြစ်လုပ်ငန်းခွင်ဝင်ရောက်နေပါတယ်။ STI Myanmar University ဟာ ပြည်တွင်းမိခင်တက္ကသိုလ်မှာသာမကဘဲ မိတ်ဖက်တက္ကသိုလ်ဖြစ်တဲ့ University of Bedfordshire, UK ကိုတိုက်ရိုက်ချိတ်ဆက်တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေပါ ဖန်တီးပေးထားတဲ့အတွက် ကျွန်တော်က Foundation၊ First year နှင့် Second year တို့ကို STI Myanmar University (MICT Campus) မှာ တက်ရောက်ပြီး Final Year ကို အင်္ဂလန်နိုင်ငံရှိ University of Bedfordshire, UK ၏ Bedford Campus, UK တွင် 2019 October Intake မှာသွားရောက် သင်ကြားမှာဖြစ်ပါတယ်။