Dr. Nyi Nyi Kyaw

ဒေါက်တာ ညီညီကျော် MSc ( Nutrition & Dietetics) နှင့် တွေ့ဆုံခြင်း

                 ဒေါက်တာ ညီညီကျော်  MSc ( Nutrition & Dietetics) နှင့် တွေ့ဆုံခြင်း

#မေး - မင်္ဂလာပါဆရာ  ၊  ဆရာ့နာမည်နဲ့ STI Myanmar University မှာတက်ရောက်ခဲ့တဲ့ အတန်းလေး ကို မိတ်ဆက်ပေးပါ။

 *ဖြေ- ကျွန်တော့်နာမည်က  ဒေါက်တာ ညီညီကျော်ပါ။ ဆေးကျောင်းကနေ MBBS ဘွဲ့ရထားပါတယ်။  University of Bedfordshire ( UK) ပေးအပ်တဲ့  အစားအစာနဲ့ အာဟာရဆိုင်ရာ မဟာဘွဲ့ ကို  STI မှာ (၂) နှစ်တက်ပြီး  MSc ( Nutrition & Dietetics)ကို ရခဲ့ပါတယ်။ 

 # မေး-ဟုတ်ကဲ့ ။ဘွဲ့ရပြီးနောက်ပိုင်း ဘာတွေလုပ်ဖြစ်ခဲ့ပါသလဲ ၊ဆရာလက်ရှိလုပ်ဆောင်နေမူ အပိုင်းလေးကို  ပြောပြပေးပါး။

*ဖြေ- ဘွဲ့ရပြီးနောက်ပိုင်း ကျွန်တော် ရန်ကုန်ကလေးဆေးရုံပြင်ပလူနာဌာနမှာ အာဟာရနဲ့  ပတ်သက်ပြီး လူနာတွေကို  သေချာ ရှင်းပြတယ်။ ကုသပေးတယ်။ ပြီးတော့ ကျွန်တော့် မှာကိုယ်ပိုင်ဆေးခန်းလည်းရှိတော့  ၊အဲဒီဆေးခန်းနဲ့ အရေပြားဆိုင်ရာ ဆေးခန်းတွေ နောက် Gymတွေမှာ ကျွန်တော် အာဟာရဆိုင်ရာအကြံပေး  မူတွေ အချိန်ပိုင်းလုပ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ကလေးဆေးရုံ သွေးနဲ့ကင်ဆာ ဌာနမှာ  အာဟာရ ဆိုင်ရာ  ပညာရှင်အဖြစ်အလုပ်လုပ်နေပါတယ် ။ တနလာင်္ကနေ သောကြာအထိပါ။

#မေး-ကလေးဆေးရုံဆိုတော့ကလေးလူနာတွေနဲ့ပတ်သက်ပြီး ဘယ်လို ကုသမူတွေ လုပ်ပေးရတာလဲ

*ဖြေ- အဲ့ဒီက ကလေးတွေက ကင်ဆာရောဂါသည်တွေ ဖြစ်တဲ့အတွ က်  အာဟာရ ချို့တဲ့နေတယ်။ ကင်ဆာ ကိုကုသတဲ့အခါမှာ ရာခိုင်နှုန်းတော်တော်များများက အာဟာရ  ပေါ်မှာမူတည်  နေတယ်ပေါ။့   ပြီးတော့  ကင်ဆာ ထဲမှာ မှ  သွေးကင်ဆာ  ကလေးလေးတွေ များတယ်။  သွေးကင်ဆာ  တွေဆိုတော့ အာဟာရချို့တဲ့ရုံတင်မကဘူး။ ကုသတဲ့ဒဏ်ကိုခံနိုင်ဖို့ အာဟာရပြည့်ဝ ဖို့ လိုအပ်တယ်။ အာဟာရပြည့် ၀နိုင်ဖို့ ဒီ program ကို  စ တင်ထားတာပါ ။ကင်ဆာ ဆရာဝန်ကြိးတွေကတော့  သက်ဆိုင်ရာ ကုသမူပိုင်းကိုပဲ အဓိက ထားပြီးလုပ်နေကြတာပေါ့ ။ ကျွန်တော်တို့က  Main Care တော့မဟုတ်ဘူး supportive care လုပ်တာပေါ့ ။ ကလေးတွေကို ဘာစားမလဲ ၊လိုအပ်သည့် အထောက်အပံ့တွေအနေနဲ့လည်း ကူညီပေးပါ။ ဒါကတော့ ကျွန်တော်တို့ အခုလက်ရှိ ကင်ဆာ ဆေးရုံမှာပဲ ရှိတာပေါ့ ။ ပြင်ပကအလှူရှင်တွေနဲ့ နိုင်ငံခြားကအလှူရှင်တွေ ၊ ကုမ္ပဏီတွေ ပူးပေါင်းလုပ်ပေးတာပေါ့ ။

#မေး- ဒါဆို ဆရာက STI ဘွဲ့ရပြီးကတည်းက Nutrition့ နဲ့ပတ်သက်ပြီးတောက်လျှောက် Apply လုပ်နေတာပေါ့

*ဖြေ- ဟုတ်ပါတယ်။

#မေး- ဆရာ အခုလုပ်နေတဲ့  Program ကစခဲ့တာဘယ်လောက်ကြာပြီလဲ။

*ဖြေ- တစ်လရှိပါပြိ။

#မေး- ဒါဆို ဆရာအနေနဲ့ တစ်လအတွင်း တိုးတက်မူတစ်ခုခု တွေ့ပြီိလားဆရာ။

*ဖြေ- အဲ့ဒါတော့ ပြောရခက်ပါတယ်။ ကလေးတွေရဲ့ တိုးတက်မှုနှုန်းတွေကတော့  ပြော ရခက်ေ နပါ  သေးတယ်။ကင်ဆာရောဂါ ခံစားနေရတဲ့  ကလေးတွေက သူ့ဖာသာ မစားနိုင်လို့  အာဟာရချို့တဲ့လို့ လည်းဖြစ်မူ ဆိုတော့ အရမ်းခက်ခဲတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ  ဘာသာရပ်အ သစ်လိုလည်း ဖြစ်နေတော့   ကလေးတွေအတွက့် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး စောင့် ကြည့်နေပါတယ်။

#မေး- နောက်တစ်ခုက ဆရာ STI Myanmar University မှာတက်နေစဉ်ကာလအတွင်းလုပ်ခဲ့တဲ့ Thesis တွေနဲ့ ပတ်သက်ပြီးမေးချင်ပါတယ်။ ဆရာလုပ်ခဲ့တဲ့ Thesisအကြောင်း ပြန်မျှဝေပေးပါဦး။

*ဖြေ- Thesis ကတော့ ၀ိတ်ချတာနဲ့ပတ်သက်ပြီး အစားအစာနဲ့ဘယ်လိုလုပ်ရမလဲဆိုလုပ်ခဲ့ပါတယ်။ အမှတ်တရ အနေနဲ့ အများကြိးပဲ ။ အချိန်ကာအားဖြင့်  (၃)လလောက်ကြတယ်။ အခက်အခဲကတော့  တစ်ဖက်ကလူတွေကို အင်တာဗျူးတွေလုပ်ရတယ်။ ချိန်းထားပြီးတချို့တွေကြတော့ ပုံမှန်မလာတာတွေရှိတယ်။ Nutrition  Subject က အခုမှပထမဆုံး မြန်မာနိုင်ငံမှာ စသလိုဖြစ်နေတော့ ကိုယ့်ဖာသာလုပ်ရတဲ့ ကိစ္စ တွေမှာ  အခက်အခဲတွေရှိပါတယ်။  ကောင်းကွက်အနေနဲ့ပြောရရင် Nutrition လို့ပြောလိုက်ရင်မြန်မာနိုင်ငံမှာ မလုပ်ရသေးတဲ့ ခေါင်းစဉ်တွေ အများကြီးရှိတယ်။ ကိုယ်သင်ယူနေရတဲ့ ကာလအတွင်းမှာ ဘယ် topic ကိုရွေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

 

#မေး- နောက်ထပ် အနာဂတ်မှာရောဘာတွေလုပ်ဖို့ စီစဉ်ထားသေးလဲဆရာ။

 

*ဖြေ-    အတက်ရောဂါ ကလေးတွေအတွက် Program ကို  မကြာမီစလုပ်ပါမယ်။ နောက်လထဲလောက်မှ ကျွန်တော်စတင်နိုင်လိမ့်မယ်။

 

#မေး- ဟုတ်ကဲ့ဆရာ။ Nutrition ဘာသာရပ်ကိုဆက်လေ့လာဖို့ ရည်ရွယ်သူတွေကို ဘာတွေ အကြံပေးချင်လဲ

 

*ဖြေ- ဒီ  Nutrition Subject ကို စိတ်ဝင်စားရင်စဉ်းစားပေါ့ ။ စိတ်ဝင်စားရင် အလုပ်က သူ့ဖာသာ သူ နောက်ကလိုက်လာပါလိမ့်မယ်.။ စိတ်ဝင်စားရင်လုပ်ပါ။ ကျွန်တော်တို့ အားပေးပါတယ်။ တချို့ကတော့  စိတ်ဝင်စားမ၀င်စားထက် အလုပ်ကဘယ်လိုပဲ ပိုက်ဆံဘယ်လောက်ရလဲဆိုတာမျိုးပဲ စိတ်ဝင်စားကြတယ်။ အဲ့ဒါမျိုးဆို ကိုယ်ဘ၀ရဲ့ လမ်းကြောင်းကတည့်တည့်မတ်မတ်မရောက်နိုင်ပဲ လမ်းလွဲသွားတာ လွဲချော်သွားတာမျိုးတွေ ဖြစ်သွားနိုင်တယ်။ ဒါလောက် ပဲ ကျွန်တော် အကြံပေးချင်ပါတယ်။

 

#မေး- ကျေးဇူးတင်ပါတယ်ဆရာ။

*ဖြေ- ဟုတ်ကဲ့ ။ကျေးဇူးပါ