Ko Thein Ko Oo

STI Myanmar University တွင် MBA(Hospital & Health Services Management)သင်တန်း တက်ရောက်နေသူ ကိုသိန်းကိုဦး နှင့် တွေ့ဆုံခြင်း

             STI Myanmar University တွင်  MBA(Hospital & Health Services Management)   

                                   သင်တန်း တက်ရောက်နေသူ ကိုသိန်းကိုဦး နှင့် တွေ့ဆုံခြင်း

           

 

 

STI  Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK)  တို့ ပူးပေါင်းဖွင့်လှစ်ထားသော ဆေးရုံနှင့် ကျန်းမာရေး ၀န်ဆောင်မူ စီမံခန့်ခွဲရေးဆိုင်ရာ မဟာဘွဲ့ MBA ( Hospital and Health Services Management) သင်တန်းတွင်တက်ရောက်နေသူ ကိုသိန်းကိုဦး၏ ပညာသင်ကြားခြင်းအတွေ့အကြုံနှင့် ဘ၀ဖြတ်သန်းမူအကြောင်းကို ယခုကဲ့သို့ မေးမြန်းထားပါသည်။

 

 

#မေး- မင်္ဂလာပါဆရာ ၊ ဆရာက STI Myanmar University မှာ MBA (Hospital and Health Services Management) ဘွဲ့သင်တန်းကိုတက်ရောက်နေတယ်လို့ သိရပါတယ်။  ဆရာ့နာမည်နဲ့STIMU မှာ MBA တက်ရောက်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။

*ဖြေ- မင်္ဂလာပါ။ ကျွန်တော်နာမည်က  ကိုသိန်းကိုဦးပါ ။ သူနာပြုတစ်ယောက်ပါ။ ၂၀၀၂ ခု မန္တလေးတက္ကသိုလ်မှာ ကျောင်းပြီးပြီး နောက်ပိုင်း အာရှတော်ဝင်ဆေးရုံမှာ နှစ်နှစ်လောက် အလုပ်လုပ်ပါတယ်။ ၂၀၀၅ကနေ ၂၀၁၄ ခုနှစ်အထိ စကာင်္ပူနိုင်ငံ Ren Ci Hospital နဲ့ Alexandra Hospital တို့မှာ  အလုပ်လုပ်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံကိုပြန်ရောက်လာပြီးတော့  ကျွန်တော် Nursing ကို ဆက်မလုပ်ဖြစ်တော့ပဲနဲ့   Academic ပိုင်းကို ပိုပြီးစိတ်ဝင်စားတာဖြစ်တဲ့အတွက် Golden Lotus Company ကို တည်ထောင်ဖြစ်ခဲ့ပါတယ်။  STI ကိုဘယ်လိုသိခဲ့သလဲဆိုတော့ အဓိကကတော့  Social Media ပေါ့နော်။ ကျွန်တော် STI  Facebook page နဲ့ website တွေကို သေချာလေ့လာဖြစ်ခဲ့တယ်။ များသောအားဖြင့် တခြားကြေငြာတွေကိုတွေ့ရင် MBA general တွေပဲ အများဆုံးတွေ့တယ်။ ပြီးတော့  တင်ပြထားတဲ့ information တွေကလည်း သိပ်ပြီး စိတ်ဝင်စားစရာမကောင်းလှဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ကျန်းမာရေး နယ်ပယ်ကဖြစ်နေတော့ အဲ့ဒီကျန်းမာရေးပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကများ သင်မလဲဆိုတဲ့   စောင့်မျှော်နေတဲ့ ဆန္ဒလေးကလည်း ဒီမှာ တက်ခွင့်မရခင် နှစ်များစွာကတည်းက ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့ပဲ STI မှာ  Hospital & Health Services ကို Specialty   လုပ်တဲ့ MBA ဘွဲကိုတွေ့လိုက်ရတော့ ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ နယ်ပယ်ဖြစ်တဲ့အတွက် တက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။

 

#မေး- ဆရာရဲ့ Nursing လုပ်တဲ့ အတွေ့အကြုံနဲ့ golden Lotus ကို ကိုယ်ထောင်တည်ထောင်ပြီး လုပ်တာနဲ့ ဘာကွာသလဲ။

*ဖြေ- တော်တော်ကွာပါတယ်။ Nursing ကတော့ ကိုယ်ရဲ့ Professional လည်းဖြစ်တယ်။  လူနာနဲ့ တွေ့တဲ့အခါ ကိုယ်ရဲ့ Passion ကိုလည်း ဖော်ပြခွင့်ရတယ်။ Nursing က စိတ်ဓါတ်နဲ့ နှလုံးသားနဲ့ အခြေခံပြီးတော့ လုပ်ပေးရတယ်။ ဒီဘက်ကကျတော့ ပညာပိုင်းဆိုင်ရာ အသိပညာတွေရအောင် လုပ်ပေးရတာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကလူနာတွေကို အနည်းဆုံးတော့ ကျန်းမာရေးအသိပညာပေး    တွေလုပ်နိုင်မယ်။ လိုအပ်ချက်တွေရှိရင် ကူညီကယ်တင်လာနိုင်မယ်။

 

#မေး- Golden Lotus ကို တည်ထောင်ဖို့ စိတ်ကူးဖြစ်တာလေးလည်း ပြောပြပေးပါ။

*ဖြေ-  ကျွန်တော် စကာင်္ပူမှာ အလုပ်လုပ်နေချိန် မြန်မာနိုင်ငံကလာတဲ့ Care giver ၊ Maid တွေနဲ့ တွေ့ရတယ်။  ကျွန်တော့်အမျိုးသမီးကလည်း Nurse Manager အနေနဲ့ Community ထဲသွားရတော့  အိမ်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာမိန်းကလေးတွေကို တွေ့မိတယ်။အဲ့ဒီမှာသူတို့ရဲ့ အားနည်းချက်တွေ  တွေ့ရတယ်။ သူတို့ကို ဘာများဖြည့်ဆည်းပေးရမလဲ၊ ဘာများလုပ်ပေးရမလဲဆိုတဲ့ စိတ်နဲ့ Golden Lotus ဆိုတဲ့ ကုမ္ပဏီကိုထောင်ဖြစ်သွားပါတယ် ။ အဲ့ဒီအတွေးနဲ့ ဒီကျောင်းကိုလုပ်ဖြစ်ခဲ့တာပါ။

 

 

# မေး- STI မှာ မတက်ခင်နဲ့ အခု တက်ရောက်နေတဲ့ အချိန်မှာ ဘာတွေကွာခြားမူရှိသွားလဲ။

*ဖြေ- ပထမဆုံးသတိပြုမိတာကတော့ ကိုယ့်ကိုသုံးသပ်တဲ့  Comment တွေကြားလာရတယ်။  ကိုယ့်ရဲ့အမျိုးသမီး ၊ ကိုယ့်ရဲ့ မိတ်ဆွေ ၊ ကိုယ့်ရဲ့ ၀န်းကျင်ကနေ reflection အနေနဲ့ ပြန်လာတာက ပိုများတယ်။ ပြောင်းလဲလာတယ်။ ပိုပြီးတော့ချက်နဲ့လက်နဲ့ ပြောနိုင်လာတယ်။ ပြီးတော့ အတွေးအမြင် ပိုပြီးတော့ ကျယ်ပြန့် လာတယ်ဆိုတာလေးတွေ ကျွန်တော်ပိုပြီးကြားရတယ်။ ကိုယ့်ကိုယ်တိုင်ကလည်း ကိုယ့်ဖာသာ ပြန်သုံးသပ်ကြည့်မိတယ်။ ငါကတကယ်ရော တိုးတက်လာသလားဆိုတာ အရင်မတွေးမိတဲ့ အတွေးမျိုးတွေကို တွေးလာနိုင်တယ်။ မြင်လာနိုင်တယ်။ ဥပမာ…. ကိုယ့်ရဲ့ စေတနာအရင်းခံနဲ့သာ ဒီ Academy ဆိုတာလေးကို စခဲ့တယ်။ ငါစာသင်မယ်ဆိုတာကြီးပဲ ။ ၀င်လာတဲ့ ကျောင်းသားကို ငါတကယ် စာသင်လိုက်မယ်။ တတ်သွားအောင်သင်လိုက်မယ်။ သူတို့ဆီက သင်ကြားကြေးဘယ်လောက်ရမလဲ ။ trainer ကို ဘယ်လောက်ပြန်ပေးရမလဲ ။ ပြီးတော့ အသုံးပြုတဲ့  ပစ္စည်းတွေအတွက် ဘယ်လောက်သုံးရမလဲဆိုတာ သိပ်မစဉ်းစားမိဘူး။ ကျောင်းဆရာ တစ်ယောက်က ကျူရှင်သင်သလိုသင်နေရာက အခုဆိုရင် အရမ်း Management လုပ်တတ်လာတယ်။ ကိုယ့်ရဲ့ income နဲ့ ပြန်ပြီး အသုံးချနိုင်မယ့် Benefit မပါပဲ ဘယ်နေရာမှ ရပ်တည်လို့မရဘူးဆိုတဲ့ အတွေးမျိုး ပေါ့ ။ အရင်းအမြစ် တွေလိုအပ်တယ်။ ဒီက သင်ပေးတဲ့ ဆရာကြီးတွေဆီကလည်း အတွေ့အကြုံ အတွေးအမြင်တွေရတော့ အားရှိမိတယ်။ အရမ်းအကျိုးရှိပါတယ်။

 

#မေး- STI မှာသင်တာတွေကို ဆရာ့သင်တန်းများပြန်ပြီး အသုံးချ  လက်ဆင့်ကမ်း မျှဝေတာမျိုးရောရှိလား။

*ဖြေ- အဲ့ဒါကျတော့ ဒီဟာ မာစတာတန်းဖြစ်နေတော့ ကျွန်တော့် ကလေးတွေကို ပြန်ပြောတဲ့ အခါ ပုံပြင်လေးလုပ်ပြီးပြောတာမျိုး ၊ တဆင့်ပြန်ပြီး အသုံးကျမယ့်  အတွေးအမြင်ဗ ဟုသု တလေးတွေ ကို ဝေမျှတာမျိုးလုပ်ဖြစ်ပါတယ်။ အဓိကကတော့  competitor တွေကို သတိထားမိလာတယ်။ အရင်ကဆို ကျွန်တော်က  စိးပွားရေးမှာ zero knowledge ပါ ။ အခုဒီမှာ ကျောင်းတက်လာတဲ့ အခါ ငါနဲ့ တန်းတူ ဘယ် institution များ ဒီလို service မျိုးပေးနေလဲ ၊ ဘယ်လို product မျိုးပေးနေလဲ   ပိုကြည့်မိတယ်။ သူ့အားသာချက်အားနည်းချက်တွေကိုပါ မြင်လာရပါတယ်။

 

#မေး- STI မှာ စာသင်ကြားတဲ့ ပုံစံကိုရော ဆရာ့အနေနဲ့ စိတ်တိုင်းကျလား။ ဆရာမျှော်လင့်သလိုမျိုး တစ်ထပ်တည်းဖြစ်ပါသလား။

 

*ဖြေ-  ဖြစ်ပါတယ်။ ကျွန်တော်တို့လို အလုပ်တဖက်နဲ့ ပြေးလွှားစာသင်ရတဲ့ လူတွေကို တကယ့်ဖိဖိစီးစီးနဲ့ ဆရာကြီးတွေက သင်ပေးပါတယ်။  နိုင်ငံခြားက Lecturer  တွေကလည်းရှိတော့  lecture တွေက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီနေ့ဆိုရင်ပဲ ဆရာရဲရင့်က သူလုပ်နေတဲ့ ဆေးရုံရဲ့ information system အကြောင်း ရှင်းပြတယ်။ အဲ့ဒီအခါ Environment လေးချိန်းသွားတယ်။  အဲ့ဒီအခါ ပိုပြီး fresh ဖြစ်သွားပြီး  ပိုဆွေးနွေးဖြစ်သွားတာတွေ များတယ်။ သင်ကြားတဲ့ဆရာနဲ့ ကျောင်းသားတွေကြား relationship လည်းအရမ်းကောင်းတယ်။

 

#မေး-ဆရာက စကာင်္ပူမှာလည်း ကျန်းမာရေးကဏ္ဍမှာ အလုပ်လုပ်ဖူးတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေးအခန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးဖို့ဆို ဘယ်တွေ လိုအပ်နေသေးလဲ။

*ဖြေ- ကျွန်တော်တို့ နိုင်ငံမှာ လူထုဗဟိုပြုအစိုးရနောက်ပိုင်းမှာ ကျန်းမာရေးကဏ္ဍက တိုးတက်လာတာမြင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ လူနာကြည့်တဲ့ system လေးတွေကို information Technology  လေးတွေထည့်ထားတာ  ကျွန်တော်တွေ့တယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ၀မ်းသာမိတယ်။  Public Health မှာလည်း အများကြီးတိုးတက်လာတာတွေ မြင်တယ်။ details တွေ မပြောတော့ ဘူး။  Hospital and Health Services  ကိုတက်နေတဲ့ အချိန်မှာ  ကျွန်တော်စဉ်းစားမိတာတစ်ခုက ကျွန်တော်တို့ရဲ့ Health Care System ကြီးက တကယ့်ကို ပဲ reform လုပ်သင့်တဲ့ အချိန်ကို ရောက်နေပါတယ် .. STI ကလေ့လာဖို့ လွှတ်တဲ့ ဘန်ကောက်က BPK 9 Hospital မှာလည်း ကျွန်တော်သွားပြီးတော့  လေ့လာဖြစ်ခဲ့ တယ်။ စကာင်္ပူလည်းလုပ်ဖူးတော့ သူတို့နိုင်ငံတွေရဲ့ Health Care System ခိုင်မာမူရှိတာတွေကို မြင်တွေ့ခဲ့ရတာပေါ့နော်။ ကိုယ်တွေရဲ့ Health Care System ကိုလည်း အဲဒီလိုဖြစ်ချေင်တယ် ပြည်သူ တွေ အားကိုးလို့ရပြီဆိုရင်တော့  ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး ကဏ္ဍ ကို တည်ဆောက်နိုင်ပြီလို့ ကျွန်တော် မြင်ပါတယ်။

 

#မေး- ဆရာရဲ့ အနာဂတ်ရည်မှန်းချက်ကို ပြောပြပေးပါဦး ။ MBA ဘွဲ့ရပြီးရင်ရော ဆရာဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

*ဖြေ-  အရမ်းကောင်းတဲ့  ကျောင်းကြီးတည် ထောင်ချင်ပါတယ်။ လိုအပ်မယ့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေမှာ အလုပ်လုပ်မယ့်သူတွေ  ၊ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက်ပါ။  ဒီကျောင်းမှာလာတက်လိုက်မှ professional နဲ့ administration လည်း ကွဲသွား ပါတယ်။  ဒီကြောင့် Golden Louts ကို ကောင်းကောင်းဖွံ့ဖြိုးအောင်ဖြစ်ဖြစ်  ၊ အရမ်းကောင်းတဲ့ ကျောင်းတစ်ကျောင်း  လောက်တည်ထောင်ဖို့ ဖြစ်ဖြစ်   စိတ်ကူးထားမိပါတယ်။

 

 

#မေး- ဟုတ်ကဲ့ဆရာ ။STI ကို ဘာများပြောချင်သေးလဲ။

*ဖြေ- အများကြီးတွေမရှိပါဘူး။ ကျွန်တော်တို့ကဘန်ကောက်ဆေးရုံတွေတင်မက စကာင်္ပူအထိ ပါ  Internship  program အဖြစ်သွားလေ့လာခွင့်ရချင်ကြတယ်။ UK နိုင်ငံကဘွဲ့ကို ဒီမှာတင်ပဲ ရနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ STI ကိုလည်း ကျေးဇူးအများကြးတင်ပါတယ်။