Min Thein Kyaw

STIMU ၏ Architectural Engineering ကျောင်းသား မောင်မင်းသိန်းကျော်နှင့် တွေ့ဆုံခြင်း

      STIMU ၏ Architectural Engineering ကျောင်းသား မောင်မင်းသိန်းကျော်နှင့် တွေ့ဆုံခြင်း

STI Myanmar University နှင့်  အင်္ဂလန်tနိုင်ငံရှိ University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်ထားသော    Architectural Engineering  ဘွဲ့သင်တန်းတွင် Secound year Second Semester  တက်ရောက်နေသော မောင်မင်းသိန်းကျော်နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းထားးပါသည်။

#မေး   - မောင်လေးနာမည်နဲ့ STI မှာတက်ရောက်နေတဲ့ အတန်းကို မိတ်ဆက်ပေးပါဦး။

 *ဖြေ   -  ကျွန်တော့်နာမည်က မင်းသိန်းကျော်ပါ။ ကျောင်းမှာတော့ James လို့ပဲခေါ်ကြပါတယ်။ ကျွန်တော်   

   STI မှာ  Architectural Engineering ကို ဒုတိယနှစ်ဒုတိယနှစ်ဝက် တက်ရောက်နေပါတယ်။

 

# မေး -   STI Myanmar University ကို ရွေးချယ်တက်ရောက်ဖြစ်တဲ့ အကြောင်း ပြောပြပါဦး။

 *ဖြေ-    အဲ့ဒါက ကျွန်တော်ကငယ်ငယ်ကတည်းက မြန်မာကျောင်းမတက်ဖြစ်ခဲ့ဘူး။ သူငယ်တန်းကနေ

 ငါးတန်းအထိ ILBC မှာတက်တယ်။ နောက် ၉တန်းအထိက Cambridge ကဖွင့်တဲ့ CISM မှာတက်တယ်။ နောက် ကိုးတန်းအောင်တော့ အဖေက IGCSE ဖြေခိုင်းစေချင်တာ  ၊ မဖြေဖြစ်သေးပဲ IGCSE အတွက်ကျူရှင်ဝိုင်းတွေလိုက်တက်တယ်။ နောက်တော့ MICT ၀န်းထဲမှာ IGCSE စာမေးပွဲကို ၂၀၁၆ မေ- ဇွန်အတွက်ဖြေပြီး အဲ့ဒီမှာ STI ကိုစပြီး သတိထားမိခဲ့တယ်။ ၂၀၁၇ မှာ အဖေက ပြည်တွင်းက Private တက္ကသိုလ်တွေရွေးခိုင်းတယ်။ နိုင်ငံခြားမှာ သွားတက်ဖို့ဆိုတာကလည်း အကုန်အကျကလည်း အရမ်းများတယ်။  ပြီးတော့ အမေကလည်း အရမ်းစိတ်ပူတတ်တယ်။ ပထမတော့ တခြားတက္ကသိုလ်တွေကို အရင်ကြည့်ဖြစ်တယ်။ ဒါပေမဲ့သတင်းကောင်းကမထွက်သလို ၊ ထွက်လာတဲ့ ကျောင်းသားတွေရဲ့ result ကလည်း သိပ်မကောင်းဘူး ။ အရမ်းလည်းလွတ်လပ်လွန်းတယ်။ ဒါနဲံ့ လိုက်ရှာရင်း ကျွန်တော့် မိဘတွေပဲ STI ကိုတွေ့ခဲ့တာ။ ကျွန်တော်ငယ်ငယ်က အင်္ဂလိပ်စာသင်ပေးတဲ့ ကျူရှင်ဆရာမကလည်း ဒီကျောင်းကို recommend ပေးတယ်။ ဒါကြောင့်ပါ။

 

#မေး ဒါဆို Architectural Engineering ဘာသာရပ်ကို  စိတ်ဝင်စားလို့တက်တာလား။ မိဘတွေတိုက်တွန်းလို့လား။

*ဖြေ    မဟုတ်ပါဘူး။ ကျွန်တော်တို့က မောင်နှမနှစ်ယောက်တည်းရှိတာပါ။ အစ်မကဆရာဝန်ဆိုတော့ ၊ မိဘတွေက ကျွန်တော့်ကို အင်ဂျင်နီယာဖြစ်စေချင်ကြတယ်။  first year မှာ မေဂျာစခွဲကတည်းက ကျွန်တော့်မိဘတွေက ကြိုက်တာကိုယူခွင့်ပေးပါတယ်။  ကျွန်တော်က ငယ်ငယ်ကတည်းကပုံဆွဲရတာကို ၀ါသနာပါတယ်။ ငယ်ငယ်ကတည်းက ပန်းချီဆွဲပြီး showroom တွေလိုက်ပြ၊  ရောင်းထွက်တဲ့ ကားတွေေ တာင်ရှိ တယ်။ အဖေက သှူုသူငယ်ချင်း ထဲမှာ နာမည်ကြီးဗိသုကာပညာရှင်တွေရှိတော့ သူကဖြစ်စေချင်တယ်။ ကျွန်တော့်ကို  ကျွန်တော်ကလည်း Civil ထက်စာရင် Archi က Art ဘက်ကိုပိုရောက်တယ်။ အတွေးအခေါ်ပိုင်းပို  ကောင်းတယ်။ ဒါကြောင့်  Archi ယူတယ်။ ပြီးတော့ကျွန်တော်တကယ်လည်း စိတ်ဝင်စားတယ်။ ဒီဇိုင်းဆွဲရရင်ကိုပျော်နေတာပဲ။

#မေး- STI Myanmar University မှာ စာသင်ကြားခွင့်ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး ။

*ဖြေ- Teaching Style က ကျွန်တော်မျှော်လင့်တဲ့အတိုင်းသင်တာပါပဲ ။တစ်ခုပါပဲ Foundation အတန်းမှာတော့ Physics နဲ့ Chemistry ကိုထည့်တယ်။ ဒီတော့ ကျွန်တော်ကသူများနဲ့ သိပ်မတူပဲ ဟို International school ကိုပဲ အားကိုးတက်လာတော့ အဲ့ဒီမှာ အစကနေပြန်ပြင်ရတာလေးတွေတော့ရှိတယ်။ သူများတွေကတော့ အဆင်ပြေကြပါတယ်။ အင်္ဂလိပ်လိုပြောရတာတွေ အင်္ဂလိပ်စာနဲ့ပတ်သက်တာတွေတော့ ကျွန်တော်လိုက်နိုင်ပါ တယ် ။ ဒီလိုနဲ့ ပထမနှစ် ဒုတိယနှစ်လောက်ကျတော့ ပိုပြီးသဘောပေါက်လာတယ်။ အမှတ်တွေလည်း မဆိုးဘူးလို့ပြောရမှာပါ။ သင်ရိုးတွေကလည်း  စိတ်ဝင်စားဖို့ကောင်းပြီး ကျွန်တော်လိုက်နိုင်ပါတယ်။

#မေး- မောင်လေး STI မှာမတက်ခင်တုန်းက မျှော်လင့်ထားတုန်းနဲ့ တကယ်ကျောင်းတက်တဲ့အခါ ရလိုက်တဲ့ပညာသင်ကြားတဲ့ အတွေ့အကြုံက ကျေနပ်မူရှိလား။

*ဖြေ- ဟုတ်ကဲ့ရှိပါတယ်။ ပထမနှစ်နဲ့ ဒုတိယနှစ်တုန်းက workshop ကို အင်းစိန်campus မှာ ကျွန်တော်တို သွားလုပ်ရတယ်။  ပထမနှစ်ကျောင်းပိတ်ရက်တုန်းက Star City မှာ site visit တစ်ခါသွားလုပ်ရတယ်။ ဒီလို လုပ်ရတာ ကျွန်တော်တို့တွေအရမ်းပျော်ရပါတယ်။ ပြီးတော့ case study လုပ်ရတာရှိတယ်။ သူတို့ပေးတဲ့ subject ကို online မှာပြန်ရှာ Thesis လိုပုံစံမျိုးရေးတင်ရတာတွေ ရှိတယ်။ ပြီးတော့ ကျွန်တော် အမျှော်မှန်းထားဆုံး ဆရာထဲမှာ  Mr Guy လည်းပါတယ်။ သူက foreigner မို့လို့ အထင်ကြီးတာတောံ့ မဟုတ်ဘူး သူလုပ်တာတွေက အရမ်း Professional ကျတယ်။ သူကအချိန်လည်းမှန်တယ်။ ပြီးတော့ သူလုပ်တာကို ကျွန်တော်တို့ နားမလည်ရင်လည်း ကွက်တိရှင်းပြနိုင်တယ်။ ပြီးတော့ အကူအညီလည်းအရမ်းပေးတယ်။ နောက်ဆုံး နားမလည်ရင်မေးလို့ရအောင် သူ့အိမ်လိပ်စာပါပေးထားတယ်။ သူ့အိမ်အထိပါ Project သွားလုပ်လို့ရတယ်။အဲ့ဒီလိုမျိုးဆရာပါ။

#မေး- ဒီလထဲမှ Mr.Guy ရဲ့Architectural Design Project ဘာသာရပ်မှာ Presentation လုပ်ရတော့ မောင်လေးရဲ့အဖွဲ့တင်ပြတဲ့ Project က အရမ်းကောင်းတယ်လို့ သိရတယ်။  အဲ့ဒီအကြောင်းလည်း နည်းနည်းပြောပြပါဦး။

*ဖြေ- အဲ့ဒါက “Residential Apartment” တစ်ခုဖန်တီးပြုလုပ်ဖို့ Mr.Guy ရဲ့ ညွှန်ကြားမူနဲ့  အင်းစိန်ရွာမကျောင်းလမ်းမှာ က ၂၀၀ပတ်လည် Site တစ်ခုကို case study အရင်လုပ်ပြီး ကျွန်တော်တို့ ကိုယ်ပိုင်ဒီဇိုင်းဆွဲပြီးအဆောက်အဦးပုံစံငယ်လေး ဖန်တီးကြတယ်။ ကျွန်တော်ရယ်၊ နန်းအိခိုင်ခိုင်ကျော် နဲ့ သဇင် နှင်းဆက်ရယ် သုံးယောက်အတူဖန်တီးခဲ့ကြတာပါ။ Idea တွေက တစ်ယောက်တစ်မျိုး အမျိုးမျိုးဖြစ်ရာ့ နောက်ဆုံးတော့ အဆင်ပြေမယ့် Idea ကို သုံးယောက်သားအတူ ငြိနှိုင်ြး့ပီး ဖန်တီးရေးဆွဲပါတယ်။ မြန်မာနိုင်ငံက လက်ရှိခေတ်မီတဲ့ အဆောက်အဦးနဲ့ Mallတွေကိုလည်းအရင်လေ့လာတယ်။ Internet မှာလည်းနည်းနည်းပါးပါးကြည့်တယ်။ ကျွန်တော်တို့  Project နာမည်က” Variance” ပါ။  သူများမတူပဲ တမူထူးခြားအောင် နာမည်အတိုင်းပဲ ကျွန်တော်တို့ ကြိုးစားပမ်းစားလုပ်ခဲ့ကြပါတယ်။ အထပ်၂၃ ထပ်ရှိပြီး အပြင်မှာတကယ်ဆောက်လို့ရမယ့် Apartment ပုံစံငယ်လေးကို အတူတူဖန်တီးခဲ့ကြတယ်။  ဆရာတို့Jury လုပ်တဲ့ ပွဲမှာ Presentation လုပ်တော့လည်း ပုံကိုပိုပြီးအသက်ဝင်အောင်ပြတင်းပေါက်လေးတွေ သေချာဖောက်တယ်။နောက်ဖလင်ပြားတွေနဲ့ ဖုန်မတပ်  အောင်ကပ်ပြီး မီးကြိုးတွေပါထည့်လိုက်တော့ ဆရာGuy ကလည်း အရမ်း Impressive ဖြစ်တယ်လို့ ပြောတယ်။ သူငယ်ချင်းတွေကလည်း အရမ်းသဘောကျကြပါတယ်။  ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်  ပုံစံအကြမ်းထွက်ကတည်းက ဆရာ့ကိုသေချာပြပြီး သူ့ရဲ့ Comments အတိုင်း ဖန်တီးပြုလုပ်ခဲ့ကြတာပါ။ပထမတော့ Archi ဘက်နည်းနည်းရောက်ပြီးလှချင်စိတ်နဲ့ စောင်းထားတာတွေ ၊ကွေးထားတာတွေနဲ့ ဆရာအကြံပေးချက်အတိုင်းလိုက်ပြုပြင်တော့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ ပုံစံငယ်လေးရလာပါတယ်။  ကျွန်တော်တို့ကိုယ်တိုင်လည်းသဘောကျပြီး ကြိုးစားသလောက် အရာထင်တယ်ပြောရလောက်အောင် အပြင်မှာ တကယ်ဆောက်ရင်တောင် အနည်းအကျဉ်းပြင်ရုံနဲ့   အဆင်ပြေနိုင်လောက်တဲ့ ပုံစံငယ်လေးပါ။ စကေးတွေလည်း ကျွန်တော်တို့ အတိအကျတွက်ထားတော့ အလုပ်ြ့ပီးမြောက်ရုံတင်မကဘူး။ စိတ်ကျေနပ်မူပါရပါတယ်။

 

#မေး- ဒါဆို  STI က ဆရာ၊ဆရာမတွေရဲ့ စာသင်ကြားမုတွေကိုလည်းကျေနပ်အားရတယ်ပေါ့ ။

*ဖြေ-ဟုတ်ကဲ့။ ဆရာ၊ဆရာမအားလုံး အရမ်းစေတနာထားပါတယ်။တခါတလေ Mr guy က  project တွေလုပ်ခိုင်းရင် တခြားစာလွတ်တာ တွေနည်းနည်းပါးပါးရှိတယ်။ အဲ့ဒီအခါလည်းဆရာမတွေကပြန်ရှင်းပြ ၊ပြောပြပေးတာတွေ ရှိပါတယ်။ ဒီကဘွဲ့လည်း UK ကတိုက်ရိုက်ပေးတဲ့ဘွဲ့ဆိုတော့ သင်ရိုးတွေကလည်း နိုင်ငံတကာအဆင့်မီတယ်။ နားမလည်တာမှန်သမျှ ဆရာ၊ဆရာမတွေက တကယ်ရှင်းပြပါတယ်။ ဒါကြောင့် အရမ်းကောင်းတယ်လို့ ပြောရမှာပါ။

 

#မေး-မောင်လေး ဘွဲ့ရသွားရင်မာစတာ ဆက်တက်မှာလား။ ဘာလုပ်ဖို့ရှိလဲ။

*ဖြေ- ကျွန်တော် ပထမဆုံး မာစကာနဲ့Phd တက်ဖို့ တက္ကသိုလ်ထပ်ရှာကြည့်ဦးမယ်။ STI လည်းဖြစ်ချင်ဖြစ်မယ်။ ကိုယ်တက်ခဲ့တဲ့ကျောင်းကလည်းကောင်းပြီးသားပဲဆိုတော့ ဒီကနေပဲ ဆက်ဖို့လည်းများပါတယ်။ အခြေအနေတော့ နည်းနည်းကြည့်ရပါဦးမယ်။  နောက်ပြိး ကျွန်တော်က တော့  Leadership skill အောက်မှာ ရောက်မယ့် နေရာမျိုးကိုလိုချင်ပါတယ်။ ဒီဇိုင်းတွေ ဘာတွေ ဆွဲပြီးရင်လည်း ကိုယ့်ဆီလာမယ့် Client နဲ့ သေချာငြိနှိုင်းနိုင်မယ့် ဒီဇိုင်နာဖြစ်ချင်တယ်။ Professional ဖြစ်ချင်တယ်။

#မေး- မောင်လေးရဲ့  ဘ၀မှာ Admire ဖြစ်တဲ့သူကဘယ်သူလဲ။

*ဖြေ- အခုအချိန်ထိ ဆိုရင်တော့ ပန်းချီဆရာကြီး ၊ ပန်းချီပန်းပုကျောင်းကပါမောက္ခချုပ်ပဲ  ဆရာဇေယျာအေးတဲ့ ။ ကျွန်တော်လေးနှစ်ကနေ ဆယ့်လေးနှစ်အထိ သူ့ဆီမှာတက်လာခဲ့တာပါ။ ချော်တွန်းကုန်းမှာရှိတယ်။ (Space Art Studio) ဆိုတာလေ ။ သူက ကျွန်တော့် လက်ဦးဆရာပါ။ သူက ကျွန်တော့်ကို အခုလို အနုပညာကိုဝါသနာပါအောင်။ ပန်းချီတွေဖန်တီးတတ်အောင်သင်ပေးတယ်။ ကျွန်တော်လေးစားအားကျရတဲ့ ဆရာက သူပါပဲ။

#မေး- ဆယ်တန်းဖြေပြီးတက္ကသိုလ်တက်မယ့်ကလေးတွေနဲ့ ဂျူနီယာတွေကိုအကြံဥာဏ်ပေးပါဦး

*ဖြေ-  ကို်ယ့်ရဲ့အနာဂတ်ဘ၀မှာ ဒီအလုပ်ကိုလုပ်လို့ ပျော်မယ်ဆိုတဲ့ ဘ၀ကိုရွေးစေချင်တယ်။ ဒီကျောင်းကြီးတက်၊ ဒီဘွဲ့ကြီးရပြီးမှ ရင်းနှီးရတဲ့ ဘွဲ့နဲ့ဘာမှမပတ်သက်ပဲ တခြားဟာကြီ်းတစ်ခုကို ကူးပြောင်းသွား မယ်ဆိုရင် အချိန်ပုတ်သွားသလိုခံစား ရမယ်။ ဒါကြောင့် ကိုယ့်ဘ၀တစ်လျှောက်မှာ ကိုယ်ဝါသနာပါတဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုပဲ လုပ်လို့ရနိုင်မယ့် အသက်မွေးဝမ်းကျောင်းဘွဲ့ ကိုယူပါလို့ပဲ ပြောချင်ပါတယ်။  ကျောင်းအရင်တက်မယ်ဆို ရင် လည်း မြန်မာနိုင်ငံမှာပဲတက်မယ်လို့စဉ်းစားရင် ကျွန်တော်က တော့ STI ကိုတကယ်အားပေးတယ်။  ဒီမှာက စာသင်တာစနစ်တကျရှိသလို foreigner ဆရာနာမည်ကြီးတွေလည်းရှိတယ်။ ပြီးတော့ ကျောင်းမှာက အင်ဂျင်နီယာအတန်းတင်မက ၊ စီးပွားရေး ၊ ပညာရေးစတဲ့မေဂျာတွေမှာလည်း ပညာရှင် Consultant ဆရာကြီး၊ဆရာမကြီးတွေကိုခန့်ထားတယ်။ ဆရာကြီးဦးပါစီမျိုးမြင့်ဆိုလည်းအရမ်းတော်တယ်။ ကျွန်တော်အဖေတို့ကတောင်လေးစားရတဲ့သူပါ။

#မေး - ဒါဆိုမောင်လေးရဲ့ အနာဂတ်ရည်မှန်းချက်ကိုပြောပြပါဦး။

*ဖြေ- ကျွန်တော်ကတော့အ ရှေ့မှာပြောခဲ့သလိုပဲ ဘွဲ့ရပြီးရင် မာစတာကို နိုင်ငံခြားမှာဖြစ်ဖြစ် ၊ STI မှာဖြစ်ဖြစ်ယူမယ် ။ ပြီးရင်တော့ ကျွန်တော် တိုးတက်တဲ့နိုင်ငံတစ်ခုခုမှာ အလုပ်လုပ်ရင်းအတွေ့ အကြုံယူမယ်။ မြန်မာနိုင်ငံမှာတော့ ဘွဲ့ရြ့ပီးတာနဲ့ အလုပ်တန်းမလုပ်ချင်သေးဘူး။ ဒီမှာက ကြားရသလောက် Civil ကလူကိုလည်း ပုံဆောက်ဖို့ အိမ်တွေဘာတွေဆွဲခိုင်းတယ်လို့ပြောလို့။ ဟိုမှာပဲ အလုပ်တွေ သင်ရင်းလုပ်မယ်။ ပြီးရင် မြန်မာနိုင်ငံမှာ ခေတ်မှီအဆောက်အဦးတွေအများ ကြီးဆောက်ချင်ပါ တယ် ။  ကျေးဇူးတင်ပါတယ်။ ။