မောင်ဖေသတ္တိ , မမေမြတ်သူခိုင်

STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Accounting ကို 1st Class ဖြင့် အောင်မြင်ပြီးသူ မောင်ဖေသတ္တိနှင့် မမေမြတ်သူခိုင်တို့နှင့် တွေ့ဆုံခြင်း

STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Accounting ကို 1st Class ဖြင့် အောင်မြင်ပြီးသူ မောင်ဖေသတ္တိနှင့် မမေမြတ်သူခိုင်တို့နှင့် တွေ့ဆုံခြင်း

  • ပထမဆုံး မောင်လေး ၊ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး
  • ကျွန်တော်နာမည်က ဖေသတ္တိပါ ။ ညီမနာမည်က မေမြတ်သူခိုင်ပါ ။ STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်တဲ့ BA(Hons) Accounting 1st Batchကို  1st Class နဲ့ အောင်မြင်ထားပါတယ်။

 

  • 1st Class ဆိုတာကို လည်း ရှင်းပြပေးပါလား။
  • 1st Class ဆိုတာ က စာမေးပွဲမှာကျွန်တော်တို့ ဖြေဆိုခဲ့တဲ့ ဘာသာရပ်တွေက စုစုပေါင်း ၈၀%လောက်ရတယ် ၊  Excellent ဖြစ်တယ်ဆိုတဲ့သဘောမျိုး ။ ဘာသာရပ်တွေကို Aတို့၊  A+ တို့ရတဲ့ သဘောမျိုးပါ။

 

  • အခု STI Myanmar University မှာ BA (Hons) Accounting ဘွဲ့သင်တန်းကို 1st Class နဲ့ အောင်မြင်ခဲ့ပြီဆိုတော့ ပထမဆုံးကို STI ကို ဘယ်လို သိပြီးတက်ရောက်ခဲ့တာလဲ ။ အဲ့ဒါလေးပြောပြပေးပါ။
  • ကျွန်တော်က  ဆယ်တန်းပြီးတော့ Private  University တစ်ခုကို  တက်ဖို့ စဉ်းစားတော့ မိဘတွေနဲ့ အတူရှာကြတယ်။ အဲ့ဒီမှာ အင်္ဂလန်က တိုက်ရိုက်ပေးတဲ့ဘွဲ့လည်းရမယ်။ Crown Education မှာလည်းစုံစမ်းတော့  Engineering နဲ့ Business မှာဒီကျောင်းက နာမည်ကြီးလို့  ရွေး ချယ်တက် ဖြစ်တာ  ပါ။ ညီမကတော့ ဆယ်တန်းအောင်ချိန် ဆရာဝန်အမှတ်မမီတော့  ကိုယ့်အိပ်မက်က မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ Private University တစ်ခုကို တက်ဖို့ စုံစမ်းတော့ ညီမကကိုယ့် Quality ကို သေချာစိစစ်ပေးတဲ့ ကျောင်းမှကောင်းမယ်ဆိုပြီး ဒီကျောင်းကို ရွေးချယ်ခဲ့တယ်။ ပြီးတော့ ဆယ်တန်းမှာ အမှတ်နည်းခဲ့ပေမယ့် ကိုယ့်အတွက်ခိုင်မာတဲ့ အသက်မွေဝမ်းကျောင်းပညာရပ်ကို သင်ယူခွင့်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရွေးချယ်ခဲ့တာပါ။

 

  • STI မှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံကိုပြောပြပေးပါဦး။
  • ဒီမှာသင်ကြားရတာ အရမ်းကောင်းပါတယ်။ ဆရာ၊ဆရာမတွေကလည်း စာအသင်အပြကောင်းကြ တယ်။ Consultant ဆရာကြီး၊ဆရာမကြီးတွေဆို ကျောင်းသား/သူတွေ Research လုပ်တဲ့ အပိုင်တွေမှာပါ ကူညီပေးကြတယ်။ လိုအပ်တာရှိရင်လည်း မေးလို့ရတယ်။ ဆရာ၊ဆရာမတွေက Guidelines ထဲကဟာတွေတင်မကဘူး။ ပြင်ပဗဟုသုတတွေသူတို့အတွေ့အကြုံတွေမှာ ပြန်ပြီး Share ပေးကြတယ်။ တီချယ်တို့ရဲ့ဘ၀တွေမှာ ဒီလိုမျိုးတွေကြုံတွေ့ခဲ့ဖူးတယ်ဆိုတာမျိုးကို လက်တွေ့ဆန်ဆန်ပြန်ပြောပြတော့ အရမ်းအသုံးဝင်တဲ့သင်ခန်းစာတွေရတယ်။ စာထဲက  knowledge ရော၊ ပြင်ပက အခက်အခဲတွေရော အကုန်ပြောပြပေးတယ်။

 

  • မောင်လေးတို့တွေကို နောက်ဆုံးနှစ်မတက်ခင်မှာ Company တွေမှာ Internship တွေ ဆင်းဖို့လည်း ကျောင်းကစီစဉ်ပေးထားတယ်လို့သိရပါတယ်။ အဲ့ဒီအတွေ့အကြုံလည်း ပြောပြပါဦး

 

  • ဟုတ်ကဲ့        ညီမတို့နှစ်ယောက်စလုံး Internship ဆင်းတော့  မိမိလေ့လာထားတဲ့ ဘာသာရပ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ MOB ဘဏ်မှာပဲဆင်းရတယ်။ ဌာန တွေကတော့ မတူပါဘူး။ ညီမတို့ကို အင်တာဗျူးအရင်လုပ်တာပေါ့နော်။ ညီမက reporting ပိုင်းရောက်သွားတယ်။ ကျွန်တော်ကတော့ Finance ပိုင်းရောက်သွားတယ်။  Finance ပိုင်းမှာBudget ခန့်မှန်းတာတွေဘာတွေလုပ် ရတယ်။ ဘဏ်မှာလုပ်နေတဲ့ လုပ်ငန်းတွေအကုန်လုံးကို နီးနီးကပ်ကပ်မြင်ရတာတော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့  အဲ့ဒီလို Internship တွေ ဆင်းထားတော့ နောက်ဆုံးနှစ်တက်တဲ့ အခါကျ စာနဲ့လက်တွေ့နဲ့ သိပ်မကွာတော့ပါဘူး။   ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဆက်ဆံတာတွေ ၊ အထက်အောက် ဆက်ဆံရေးတွေ ၊နောက်  အချိန်လေးစားဖို့ပါ သိသွားတာပါ။

 

  • Final မှာ UK ကစစ်တဲ့စာမေးပွဲကိုဖြေတော့ အခက်အခဲတွေရှိလား။ ကြိုးစားအားထုတ်မူပိုင်းတွေ ပြောပြပေးပါဦး ။
  • ခက်တယ်။ စာတွေကတော့ အရမ်းလိုက်လုပ်ရတယ်။ အဓိက ကတော့ အတန်းမပျက်ဖို့ပါပဲ။ STI က အမြဲexamine လုပ်ပေးတယ်။ Up to date သင်ရိုးတွေသင်ပေးတယ်။ စာမေးပွဲ ကို အရညအချင်းပြည့်မီအောင်လုပ်ပေးတယ်။ စာမေးပွဲကဟိုက စစ်တယ်။ဒီတော့ အရည်အသွေးက UK က စာမေးပွဲဖြေပြီးသူတွေနဲ့ အတူတူဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ အနာဂတ်အတွက် ပိုအာမခံချက် ရှိတယ်လို့ပြောရမယ်။

 

  • ကျောင်းက နိုင်ငံခြား trip တွေဘာတွေလွှတ်တာရှိရင်လည်း ပြောပေးပါဦး
  • ညီမက ၂၀၁၆-၁၇ မှာ “UTP ASEAN STUDENT ASOCIATION FORUM “ သွားဖူးတယ်။ မလေးရှားကိုပေါ့ ။ ညီမတို့ အက်ဆေးတွေ အများကြီးရေးတင်ရတယ်။ ကိုယ်ရေးတဲ့ အက်ဆေးထဲမှာ  သူတို့သဘောကျတဲ့ ဟာကို ပြန်ပြီးဆွေးနွေးတာပေါ့ ။ သူတို့မှာ Leadership နဲ့ Culture တွေ အကုန်ပါတယ်။  ညီမရေးတဲ့ အက်ဆေးက သူတို့ရွေးချယ်လိုက်တဲ့ အကောင်းဆုံး (၃)ခုထဲမှာ ပါသွားတယ်။  ညီမတို့ (၇)ယောက်သွားကြတယ်။ ညီမတို့ Branch က (၄) ယောက် ကျန်တဲ့ အတန်းတွေက တစ်ယောက်စီပါတယ်။ အတွေ့အကြုံတွေ၊ သင်ယူစရာတွေ အများကြီးရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးတတ်သွားတာမျိုး ကောင်းမွန်တဲ့ အလေ့အကျင့်တွေရခဲ့တယ်။

 

  • အခု(၂)ယောက်စလုံးက first Class တွေထဲပါတယ်။ ဘွဲ့လည်းရတော့မယ်။ Business ကိုလည်းတကယ်ဝါသနာပါတယ်ဆိုတော့ ကိုယ့် ဂျူနီယာတွေကို စာလေ့လာမူပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး

 

  • ညီမတို့က Group Study လုပ်ကြတယ်။ အဓိကက ဆရာမတွေပြောတာနားထောင်ပြိး  သေချာအာရုံစိုက်ပြီး ပြန်လုပ်တယ်။ ကျက်ပြီးဖြေရတာထက် နားလည်ပြီးဖြေတာကပို ကောင်းတယ်။ ကိုယ့် စကားလုံးနဲ့ အင်္ဂလိပ်လိုပြန်ရေးတာပေါ့ ။ ပြီးတော့ ညီမတို့ဆို နေ့တိုင်း recording သွင်းထားတယ်။ date တွေနဲ့သေချာသိမ်းပြီး ပြန်နားထောင်ပြီးလုပ်တယ်။ နားမလည်ရင် ကိုယ့် သူငယ်ချင်းအချင်ချင်းပြန်ရှင်းကြတယ်။ နောက်ဆုံးမရရင် တီချယ်တွေကို ပြန်မေးတယ်။ ဆရာမတွေကလည်းး ပြန်ပြီး စိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်။ သူငယ်ချင်တွေနဲ့ စာအတူ လုပ်ကြတော့ သူမရတာကိုယ်ပြန်ရှင်း ပြီး ပြန်လုပ်ကြတယ်။ ဒါကြောင့် အဆင်ပြေပြေနဲ့ စာမေးပွဲကိုဖြေဆိုနိုင်ခဲ့ပါတယ်။

 

  • အခုလက်၇ှိဘာတွေလုပ်နေလဲ
  • အခုလက်၇ှိက (၂)ယောက်စလုံး မိသားစု Business ကိုပဲ လုပ်နေပါတယ်။ ဒီလဆန်းပိုင်းကမှ အောင်စာရင်းထွက်ထားတော့ အလုပ် အင်တာဗျူးတွေလည်း ဖြေဖို့ ကြိုးစားနေပါတယ်။ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်လုံး ဆယ်တန်းပြီးကတည်း မိသားစု စီးပွားရေးတွေကူတဲအခါ မိသားစုတွေရဲ့အားကိုးမူ။တိုက်တွန်းမူနဲ့ အဲ့ဒီတုန်းက လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းအတွေ့အြ့ကုံတွေနဲ့ ပေါင်းစပ်ပြီး  Business ယူဖို့ Inspire ဖြစ်ခဲ့တာ ။ဒါကြောင့်လည်း Business နဲ့ Accounting မှာထူးချွန်အောင်ကြိုးစားဖြစ်ခဲ့တာပါ။

 

  • ဒါဆို အနာဂတ်ရည်မှန်းချက်ကိုလည်း ပြောပြပေးပါဦး
  • ကျွန်တော်ကတော့ Master တက်ဖို့ စိတ်ကူးနေပါတယ်။ ကျွန်တော် အပြင်မှာပဲ ယူဖြစ်ပါမယ်။ အခု ဂျပန်စာသင်နေတယ်။ဂျပန်ထွက်ပြီး အဲ့ဒီမှာ အလုပ်လုပ်ပြီး ဘွဲ့ယူဖို့စီစဉ်ထားပါတယ်။ ညီမကတော့ ACCA ကိုပြီးအောင်လုပ်နေပါတယ်။ Finance ပိုင်းကို Specialize လုပ်ပြီး Freelance ပုံစံမျိုးဖြစ်ဖို့တော့ ပိုများပါမယ်။ အိမ်စီးပွားရေးကိုလည်းကူရင်း အောင်မြင်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ချင်ပါ တယ်။