Lwin Moe Aung

STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng(Hons) Architectural Engineering ဘွဲ့ရပြီး TSG Myanmar Co.Ltd ကို တည်ထောင်ထားသူ မောင်လွင်မိုးအောင် နှင့် တွေ့ဆုံခြင်း

STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng(Hons) Architectural Engineering ဘွဲ့ရပြီး TSG Myanmar Co.Ltd ကို တည်ထောင်ထားသူ မောင်လွင်မိုးအောင် နှင့် တွေ့ဆုံခြင်း

မေး # ပထမဆုံး မောင်လေးရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး

ဖြေ# ကျွန်တော့် က လွင်မိုးအောင်ပါ ။ STI Myanmar University မှာ University of Bedfordshire က တိုက်ရိုက်ချီးမြှင့်တဲ့ BEng(Hons) Architectural Engineering ကို 2nd Class နဲ့ အောင်မြင်ထားပါတယ်။

မေး-# ဒါဆို STI ကို ဘယ်လို သိပြီးတက်ရောက်ခဲ့တာလဲ ။ အဲ့ဒါလေးပြောပြပေးပါ။

ဖြေ#-ဆယ်တန်းအောင်တော့ နည်းပညာတက္ကသိုလ်အရမ်းတက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အမှတ်မမီဘူး။ ဒီတော့ Privateတက္ကသိုလ်တက်ဖို့ စိတ်ကူးမိတယ်။ ကျောင်းတွေအများကြီးလိုက်စုံစမ်းတဲ့ အခါ STI ကို တက်ဖူးတဲ့ အသိမိတ်ဆွေတွေကလည်း ထောက်ခံကြတယ်။ အဓိကကတော့ ကိုယ့်မိဘနဲ့ မခွဲပဲ နိုင်ငံခြား သွားစရာမလိုပဲ ဒီနိုင်ငံမှာပဲ UK ကပေးတဲ့ ဘွဲ့ကို ရနိုင်တယ်ဆိုတော့ STI ကိုပဲ ရွေးချယ်တက် ရောက်ဖြစ်ခဲ့တာပါ။

မေး# ဒါဆို Architecture သာသာရပ်ကို ကိုယ်တကယ်ပဲ စိတ်ဝင်စားလို့ ဒီမှာတက်ဖြစ်တာလား။ တစ်ယောက်ယောက်လည်း တွန်းအားပေးမူတွေပါလား။

ဖြေ# ကျွန်တော်က Archi မေဂျာကို အရမ်းစိတ်ဝင်စားတယ်။ အဓိကကတော့ ကျွန်တော်ငယ်ငယ်ကတည်းက ပုံဆွဲတာ ၀ါသနာပါတယ်။ အတွက်အချက်ကျ အားလည်းနည်းတယ် ။ ၀ါသနာလည်း သိပ်မပါဘူး။ ဒီတော့ foundation မှာမေဂျာခွဲလိုက်ကတည်းက Archi ကိုပဲ ယူဖြစ်ခဲ့တယ်။ Civil ဘက်ကိုမသွားတော့ဘူး။ ကိုယ်ငယ်ငယ်ကတည်းကလည်း အင်ဂျင်နီယာလိုင်းကိုပဲ သွားချင်ခဲ့တော့ ဆယ်တန်းမှာ အမှတ်မမီပေမယ့် ကိုယ့်စိတ်ဝင်စားတဲ့ ဘာသာကို သင်ခွင့်ရခဲ့တော့ ကျေနပ်တာပေါ့ ။

မေး# STI ကိုမတက်ခင် နဲ့ တက်ပြီး မျှော်လင့်တာ တစ်ထပ်တည်းကျရဲ့လား။ ပညာသင်ကြားခွင့်ရတဲ့ အတွေ့အကြုံလည်းပြောပြပေးပါဦး။

ဖြေ#တထပ်တည်းကျပါတယ်။ ဆရာ/ဆရာမတွေ အကုန်လုံးစေတနာလည်းထာြး့ပီး သေချာသင်ပေးကြတယ်။ နားမလည်ရင်လည်း အချိန်မရွေးသွားမေးလို့ရတယ်။ အချိန်ငြိပြီး စိတ်ရှည်ရှည်နဲ့ ပြန်ရှင်းပြပေးပါတယ်။ ပြီးတော့ Star City က FMI ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ တစ်လခွဲလောက် internship ဆင်းခဲ့ရတယ် ။ အဲ့ဒီတုန်းက နည်းနည်းပျက်နေတော့ Civil မေဂျာက သူငယ်ချင်းတွေအတွက်ကတော့ Site ထဲဆင်းရပေမယ့် Archi မေဂျာက ကျွန်တော်တို့ အဖွဲ့ကိုတော့ အလုပ်က Supervior သန်းထွဠ်နိုင်က နေ့တိုင်း Presentation လုပ်ပေးပါတယ်။ အဲ့ဒီတော့ အရမ်းဗဟုသုတတွေ အများကြီး ရပါတယ်။ ကျောင်းရဲ့ ကျွန်တော်တို့ မေဂျာမှာဆိုရင် Israel Architect Mr Guy က အရမ်း လူကြိုက်များပြီးတော်တယ်ပေါ့ ။ ကျွန်တော်ကလည်း ပုံဆွဲတာအရမ်းဝါသနာပါတော့ သူ့ကိုသဘောကျပေမယ့် သူ့အတန်းကျရင် Stress တော့ နည်းနည်းဖြစ်တယ်။ သူက နိုင်ငံတကာပုံစံနဲ့သွားတော့ သူ့ပုံစံချတာကို ကိုယ်ကမလိုက်နိုင်ရင် နည်းနည်းတော့ စိတ်ပင်ပန်းတာတွေဖြစ်တယ်။ တချို့ ကျောင်းသားတွေကျတော့လည်း အရမ်းလိုက်နိုင်ကြတယ်။

မေး# ဒါဆို နိုင်ငံခြားသားဆရာသင်လို့ မလိုက်နိုင်ပဲ ကျန်ခဲ့တာမျိုးတွေ ရှိနိုင်လား။

ဖြေ# အဲ့လိုတော့မရှိပါဘူး။ ကျန်တော့ မကျန်ခဲ့ဘူး။ Mr.Guy ဆိုရင် သူက model တစ်ခုဆောက်မယ် သူအိမ်စာပေးတယ်ဆိုရင် ဒီနေ့ သူပေးတာကို ပြီးအောင်လုပ် ၊ ပြီးတော့ သူ့အတန်းကိုပုံမှန်လိုက်တက် ၊ ဒါဆို လိုက်နိုင်ပါတယ်။သူပေးတဲ့ အိမ်စာကိုမပြီးပဲ အကြွေးထားတာတို့ ၊ အတန်းလစ်တာတို့ဆို သေချာတယ်။ အဲ့ဒီ ကျောင်းသားက သူများတွေနဲ့ ယှဉ်ရင် မလိုက်နိုင်တော့ဘူး.။ တစ်ခါကျန်ခဲ့တာနဲ့ Semester တစ်ခုလုံး ရွာလည်သွားရော။

မေး# အခုလက်ရှိ ဘာတွေလုပ်နေလဲ

ဖြေ# ကျောင်းပြီးသွားတော့ ကျွန်တော် Thit Sar Gone Myanmar (TSG) Myanmar Co.Ltd ကုမ္ပဏီထောင်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျောင်းပြီးရင် နိုင်ငံခြားထွက်ပြီးပညာဆက်သင်ချင်ရင်သင်၊ မဟုတ်ရင် အလုပ်ရှာကြရတယ်။ ကျွန်တော်က နှစ်ခုလုံးမလုပ်ချင်ဘူး။ နိုင်ငံခြားလည်းမထွက်ချင်ဘူး။ ဒါကြောင့် နိုင်ငံခြားမထွက်ရပဲ UK ဘွဲ့ပေးတဲ့ ကျောင်းကို ရွေးတက်တယ်။ master လည်းလောလောဆယ် ဆက်တက်ဖို့ စိတ်ကူးမရှိသေးဘူး။ ဒီတော့ ဒုတိယနှစ်ကတည်းက ကျောင်းပြီးရင် ကုမ္ပဏီထောင်မယ်ဆိုပြီးပဲ စိတ်ကူးတယ်၊ ပြင်ဆင်တယ်။ ကိုယ်က အင်ဂျင်နီယာဘွဲ့ရထားတော့ ဆောက်လုပ်ရေးကုမ္ပဏီပဲ လုပ်ဖို့စိတ်ကူးခဲ့တာ၊ ဒါပေမဲ့ ကျွန်တော့်စတော့ နောက်ကျနေပြီ ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေများနေပြီ။ဒီတော့ တရုတ်နိုင်ငံ က ready make house ကုမ္ပဏီ (၅)ခုနဲ့ချိတ်ဆက်ပြီး run နေပါတယ်။ ကျွန်တော့်ကုမ္ပဏီက the prefabricated building technology providers , Trading Co.Ltd ပါ။

မေး# မောင်လေးက STI မှာ ၂၀၁၈ခုနှစ်ဒီဇင်ဘာမှာဘွဲ့ယူတယ်။ အခု ကုမ္ပဏီထောင်ပြီး Director အဖြစ်တာဝန်ယူနေတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံကြည်မူရှိလဲ။ ကုမ္ပဏီအတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့တာလဲ။

ဖြေ# ယုံကြည်မူကတော့ အပြည့်ရှိတယ်။ ကျောင်းတက်ကတည်းက မျှော်လင့်ချက်ထားခဲ့တယ်။ စိတ်ကူးပေါက်ပြီး ထလုပ်တာတော့ မဟုတ်ဘူး။ ကျောင်းတက်တုန်းကတောာ့ ဆောက်လုပ်ရေး ကုမ္ပဏီထောင်ဖို့ စဉ်းစားတယ်။ အခုတော့ လက်တွေ့ လုပ်ဖြစ်ခဲ့ပြီ။ ခေတ်ကိုကြည့်ပြီး ဈေးကွက်ကိုကြည့်ပြီး Updated လုပ်ရတာပေါ့ ။ ကျောင်းတက်တုန်းကလည်း ကျောင်းက ပုံဆွဲပုံ ၊ ပုံဆွဲနည်းကို အခြေခံလောက်ပဲ သင်ပေးတာပေါ့ ၊ Professional ဖြစ်အောင်တော့ ဘယ်သင်ပေးပါ့မလဲ ။တချို့တွေက သင်တန်းတက်တယ်။ အဲ့ဒီတုန်းက ကျွန်တော်သင်တန်းမတက်ဘူး။ ကိုယ့်ဖာသာပဲ လေ့ကျင့်သင်ယူတယ်။ google ကနေပဲ လုပ်တယ်။ Youtube တွေကနေသင်တယ်။ Self study ကို ကျွန်တော်အရမ်းလုပ်နိုင်တယ်။ သင်တန်းတက်ရင်တောင် သင်တန်းဆီမရောက်ပဲ အပြင်ပဲ သွားဖြစ်နေဦးမယ်။ ကိုယ့်အားနည်းချက် ၊အားသာချက်သိဖို့ အရေးကြီးတာပေါ့ ။

မေး# အခုလက်ရှိ ကိုယ်ရောက်နေတဲ့ နေရာကိုရော ကျေနပ်ရဲ့လား။ STI မှာ သင်ယူခဲ့တဲ့ ပညာတွေက ဒိလို လုပ်ငန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင်မူပြုရတဲ့အခါ အထောက်အကူပြုတာတွေရှိလား။

ဖြေ# ကျေနပ်ပါတယ်။ အခု ကျွန်တော် ကုမ္ပဏီထောင်တာ (၇)လရှိပြီ။ အဲ့ဒီအတွင်းမှာ ကုမ္ပဏီတိုးတက်မူနှုန်းက ရောင်းအားကို မကြည့်ပဲ ပြောရမယ်ဆိုရင်တောင် အခုချိန်မှာ နိုင်ငံခြားကုမ္ပဏီ (၅)ခုနဲ့ Co-operate လုပ်နေပြီ။ သူ့ဖာသာ လုပ်ငန်းတွေလည်းလည်ပတ်နေပြီ။ ဈေးကွက်မှာ လည်း ရွှေတောင်တို့ ၊ ထူးတို့ ကူမ္ပဏီကြီးတွေကတောင် Quotation တွေလာတောင်းတာတို့ ၊ အပြန်အလှန် ဈေးတွေ စုံစမ်းတာတို့ရှိတယ်။ မှတ်တိုင်တစ်ခုကို ရောက်နေပြီလို့ပြောလို့ရတယ်။ STI မှာ ပညာသင်ကြားခဲ့ပြီး ရတဲ့ အတွေ့အကြုံတွေက လုပ်ငန်းထဲမှာ အကျိုးပြုပါတယ်။ ကျောင်းက စာကိုကျက်ြ့ပီး တက်ရတာမျိုးမဟုတ်ဘူးလေ။ project တစ်ခုခုလုပ်ရတော့မယ်ဆိုရင် research လုပ်ရတာက ကျောင်းမှာကတည်းက ရတဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ။ဒီအလေ့အကျင့်က Management ပိုင်းကို တာဝန်ယူရတဲ့ အခါ အများကြီး အကျိုးကျေးဇူးရှိပါတယ်။ Presentation တွေလုပ်တာ ။ အသင်းအဖွဲ့ တွေနဲ့ အလုပ်လုပ်ဖူးတာတွေက အလုပ်အတွေ့အကြုံမယူပဲ ကုမ္ပဏီတစ်ခု ဦးဆောင်မူ ကျွန်တော့် အတွက် အထောက်အကူပြုမူပါပဲ ။

မေး# ကိုယ်က STI မှာ Architecture နဲ့ တက်ခဲ့ချိန် ၊ ဒီဇိုင်းဆွဲတာတွေ သင်ယူခဲ့တယ်။ အခု အလုပ်ထဲမှာ ကိုယ်တိုင် ဒီဇိုင်းဆွဲတာတွေ ဘာတွေရှိလား။

ဖြေ# အခုလက်ရှိလည်း အလုပ်ထဲမှာ ကျွန်တော်ဆွဲဖြစ်ပါတယ်။ Interior ဒီဇိုင်းမဟုတ်ပေမယ့် Exterior ဒီဇိုင်းတွေ ဆွဲဖြစ်တယ်။ ကျောင်းမှာသင်ပေးကတည်းက ဥပမာကျောင်းက အိမ်ပုံတစ်ပုံသင်ပေးတယ်ဆိုလည်း ကျွန်တော်က တခြားအိမ်ပုံတွေအများကြီး ကိုယ့်ဖာသာဆွဲကျင့်ခဲ့တယ်။Drawing ပိုင်းဆို ကျောင်းမှာ ကတည်းက ကိုယ့်ဖာသာလည်းလေ့ကျင့်တယ်။ အင်တာနက်ကနေလည်း နည်းမျိုးစုံ ရှာပြီး လေ့ကျင့်တော့ တော်တော် လေး မြန်သွားပြီလို့ ဆိုရမယ်။ Customer တစ်ယောက် အလုပ်လာအပ်ရင်တခါတလေ ကျွန်တော် သူတို့လိုချင်တဲ့ ဒီဇိုင်းပုံစံကို တထိုင်တည်းဆွဲပေးတာမျိုးရှိတယ်။

မေး#အနာဂတ်ရည်မှန်းချက်ကိုလည်းပြောပြပေးပါဦး။

ဖြေ # ကျွန်တော်ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်ချင်တာ ပါပဲ ။ကျွန်တော့်ကုမ္ပဏီမှာဆို ကျွန်တော်က director position ကို ယူထားပေမယ့် အောက်ခြေ ကနေ အပေါ်အထိ ကျွန်တော်တစ်ယောက်တည်းပဲ လုပ်ဖြစ်ပါတယ်။ ကျွန်တော့်ထိုင်ခုံမှာ ထိုင်နေချိန် သူတို့လေးစားမူတည်တန့်အောင် ကျွန်တော့် အရည်အချင်းကို အသိအမှတ်ပြု အောင် ကြိုးစားတယ်။ အသေးအဖွဲလေးတွေကအစ သတိထားတယ်။ ကျွန်တော် page မှာ reply ပြန်ရင်တောင် ကျွန်တော်ပဲ လုပ်တော့ ဘာပစ္စည်းတွေရောင်းသွက်လဲ ၊ ဘာတွေဖြစ်နေလဲသိရပါတယ်။ ကျွန်တော် ငယ်ငယ်တည်းက ခေါင်းဆောင်တစ်ယောက်ပဲဖြစ်ချင်တယ် ။ သူများခိုင်းတာကိုမကြိုက်တဲ့အတွက် ကိုယ့်ဖာသာပဲ များများခိုင်းတာခဲ့တာပေါ့ ။ ဒါမှ သူများကကိုယ့်ကိုလာမခိုင်းနိုင်တော့မှာလေ။ အဲ့ဒီစိတ်နဲ့ပဲ အနာဂတ်မှာ ပိုမိုအောင်မြင်အောင်ကျွန်တော် ကြိုးစားသွားပါမယ်။

မေး# နောက်ဆုံးအနေနဲ့ STI ကိုရော ဘာပြောချင်သေးလဲ။

ဖြေ# ကျွန်တော့်ကုမ္ပဏီအတွက်ကျောင်းမှာသင်ကြားခဲ့တဲ့ အင်ဂျင်နီယာဘာသာရပ်တွေက ၉၀%လောက်အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ ဒီအင်ဂျင်နီယာကျောင်းကိုတက်လို့ ဒီအလုပ်ကိုလုပ်ဖြစ်တာပေါ့နော်။ ဒီအင်ဂျင်နီယာကျောင်းကို မတက်ရင် ဒီအလုပ်ကိုလည်း လုပ်ဖြစ်မှာမဟုတ်ဘူး။ သာမာန်တက္ကသိုလ်တစ်ခုဆိုရင် ကျွန်တော်သူများလက်အောက်ကလုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်ကောင်းဖြစ်နေမှာပေါ့ ။ ပြီးတော့ ကျောင်းက Presentation တွေလုပ်တတ်အောင် ၊ Research တွေလုပ်ပြီး Upgraded လုပ်နိုင်အောင် ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မူရှိပြီး အများနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် ၊ ကိုယ့်ဖာသာသင်ယူလေ့လာနိုင်အောင်သင်ပေးခဲ့တာပါ။ ဒါကြောင့် STI ကို ကျေးဇူးတင်ကြောင်းပဲ ကျွန်တော်ပြောချင်ပါတယ်။