khin Ye Yint Kyaw Myint BEng (Hons) Civil Engineering

University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BEng (Hons) Civil Engineering ဘွဲ့ကို 1st Class ဖြင့်အောင်မြင်ခဲ့ပြီး စင်္ကာပူနိုင်ငံ တွင် ME ဘွဲ့ကို တက်ရောက်နေသူ မခင်ရဲရင့်ကျော်မြင့်နှင့် တွေ့ဆုံခြင်း

 University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော    BEng (Hons) Civil   Engineering ဘွဲ့ကို 1st Class ဖြင့်အောင်မြင်ခဲ့ပြီး စင်္ကာပူနိုင်ငံ တွင် ME ဘွဲ့ကို  တက်ရောက်နေသူ မခင်ရဲရင့်ကျော်မြင့်နှင့်  တွေ့ဆုံခြင်း

 

     #  မေး-   ပထမဆုံး ညီမလေးရဲ့ နာမည်နဲ့ STI မှာ ညီမလေး ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။

  • ဖြေ-  ညီမနာမည်က ခင်ရဲရင့်ကျော်မြင့်ပါ။ STI Myanamr University ကနေ BEng (Hons) Civil Engineering ဘွဲ့ကို ၂၀၁၈ ဒီဇင်ဘာ မှာရရှိခဲ့ပါတယ်။

 

      # မေး-STI ကို ညီမလေးဘယ်လိုသိပြီး တက်ရောက်ဖြစ်ခဲ့တာလဲ ။ အဲ့ဒီအကြောင်းလေး    

         ပြန်ပြောပြပေးပါဦး

  • ဖြေ- ညီမက IGCSE ‘O’ Level ပြီးတော့ အိမ်ကနိုင်ငံခြားလဲ မလွှတ်ချင်သေးတာနဲ့ ရန်ကုန်မှာလာဖွင့်တဲ့ နိုင်ငံခြားတက္ကသိုလ်နဲ့ချိတ်ဆက်ထားတဲ့ ကျောင်းတွေကိုစုံစမ်းရင်း STI ကိုတက်ရောက်ဖြစ်တာပါ။STI ကြေညာကို သတင်းစာမှာတွေ့လို့လာစုံစမ်းရင်း ညီမတက်ချင်တဲ့ Majorလဲရှိတယ်။ ကျောင်းက support လုပ်တဲ့ facilities တွေကလဲ ညီမနဲ့ သင့်တော်မယ်ထင်လို့  ရွေးချယ်ခဲ့တာပါ။

 

       #မေး- ညီမလေး Engineering  မေဂျာကိုယူဖြစ်ခဲ့တာကျတော့ကိုယ့်ရဲ့ ရွေးချယ်မူနဲ့လား။မိဘတွေနဲ့

           တိုင်ပင်ပြီး ယူခဲ့တာလား။

  • ဖြေ- Engineering ဘာသာရပ်ကိုဝါသနာပါလို့ ရွေးချယ်ဖြစ်ခဲ့တာပါ။ မိဘတွေကလဲ

          ညီမ၀ါသနာ ပါရာကို  လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားပါတယ်။

 

     # မေး-  ညီမလေးက STI မှာ ကျောင်းတက်နေတဲ့ အချိန်မှာ Foundation ကနေ Final Year အထိ roll1

         ပဲ ရခဲ့တယ်။ ဆုတွေလည်း နှစ်တိုင်းရခဲ့တယ်လို့သိရတယ်။ ဘာဆုတွေရခဲ့တာလဲ

  • ဖြေ- ညီမက Foundation ကနေ Final year အထိနှစ်တိုင်းFirst Prize ရရှိခဲ့ပါတယ်။ Final Year      

         မှာတော့ First Class နဲ့အောင်မြင်ခဲ့ပါတယ်။

 

 #မေး- ဒါဆို STI မှာ ကိုယ်သင်ကြားခွင့်ရတဲ့ လေးနှစ်တာကာလလောက် အတွင်းမှာ ခုလိုထူးချွန်ပြီး

    ဆုတွေရအောင် ဘယ်လိုကြိုးစားမူတွေလုပ်ခဲ့လဲ။

  • ဖြေ  ညီမအတန်းပုံမှန်တက်တယ် ၊ဆရာ၊ဆရာမတွေစာ သင်ရင်သေချာ နားထောင်တယ်စာ နားမလည်တာ   မရှင်းတာမျိုးရှိရင်တော့ သူငယ်ချင်းတွေ၊ Senior တွေ၊ ဆရာ၊ဆရာမတွေ ကိုမေးပါ တယ်။ Group Project တွေ Individual Project တွေမှာဆိုရင် ဆရာ၊ ဆရာမ သင်ကြားပြသပေးတာအပြင် online   ကနေလဲ self-learning လုပ်ပြီး ဆရာ၊ ဆရာမတွေနဲ့ ညီမလေ့ထားတာတွေကို ဆွေးနွေးတိုင်ပင်တယ်။   Project တွေရဲ့ပြီးမြောက်မှုအဆင့်ဆင့်ကိုလဲ ဆရာ၊ဆရာမတွေကိုအမြဲတမ်းနီးပါး report  လုပ်ဖြစ်တာကြောင့် ဆရာ၊ဆရာမတွေပေးတဲ့ feedback တွေကိုဖတ်ပြီး ကိုယ့် Project ရဲ့   လိုအပ်ချက်တွေကိုပြုပြင်တယ်။ ဆရာ၊ဆရာမတွေရဲ့သင်ကြားပြသမှုကောင်းတာရယ်  ညီမရဲ့ကြိုးစားမှုရယ်ကြောင့် ဒီလိုရလဒ်တွေ ရရှိခဲ့တာပါ။

 

     #မေး- လက်ရှိ ညီမလေးဘာတွေလုပ်နေလဲ ။ စကာင်္ပူနိုင်ငံမှာ မာစတာဘွဲ့ကို တက်ရောက်နေတယ်လို့

        သိရတယ်။  ညီမလေးတက်နေတဲ့ တက္ကသိုလ်ကို မိတ်ဆက်ပေးပါဦး။

  • ဖြေ ဟုတ်ကဲ့ ညီမ အခု Singapore က PSB Academy မှာ UK ကတက္ကသိုလ်တစ်ခုဖြစ်တဲ့ Coventry

       University ကပေးအပ်တဲ့ Master of Science in Engineering Business Management  

       ကိုတက်ရောက်သင်ယူနေပါတယ်။ One Year Program ပါ။   

 

    # မေး-ညီမလေးက အခု စင်္ကာနိုင်ငံမှာ မဟာဘွဲ့တက်ရောက်ဖြစ်တဲ့ အခါ STI Myanmar  University မှာ  

      သင်ယူခဲ့တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေရှိလဲ။

  • ဖြေ- ညီမအခုတက်နေတဲ့ Program မှာဆိုရင် Module ၁၀ ခုရှိတယ်။ တချို့ Module တွေမှာဆိုရင် ညီမ STI MU မှာတက်ခဲ့တဲ့ Bachelor တုန်းက basic concept တွေပြန်ပါတယ်။ Presentation တွေလုပ်ရတဲ့အခါမျိုးမှာလဲ STI MU မှာကဘာသာရပ်တော်တော်များများမှာ Presentation လုပ်ခဲ့ဖူးတဲ့အတွက် အခုဒီမှာလုပ်တဲ့အခါမှာတော့ အခက်အခဲသိပ်မရှိတော့ဘူးပေါ့။ Project တွေရေးတဲ့အခါမှာလဲ STI MU မှာက ဘာသာရပ်ဆိုင်ရာမှာလုပ်ခဲ့တဲ့ Project တွေရော နောက်ဆုံးနှစ်မှာလုပ်ခဲ့တဲ့ Final Year Project ကရတဲ့ အတွေ့အကြုံတွေက အခုလုပ်တဲ့ Project တွေမှာလဲ တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်ပါတယ်။

 

     #မေး- STI MU မှာ တက်ရောက်ခဲ့စဉ်က  စာသင်ကြားမူအတွေ့အကြုံလေးတွေကိုလည်း မျှဝေပေးပါဦး။

ဖြေ- STI MU ကညီမတို့ကို Soft Skill တွေအများကြီး လေ့ကျင့်ပေးခဲ့တယ်။ ကျောင်းစာနဲ့ပတ်သက်တဲ့ Presentation အပြင်အခြား Presentation တွေ ဥပမာ Experience Sharing Section လိုမျိုးကိုကိုယ့်ကျောင်းမှာအပြင် အခြားမြို့တွေမှာပါလုပ်ဖို့ကျောင်းက ညီမတို့ကို အခွင့်အရေးတွေပေးခဲ့တဲ့အတွက်လဲ ညီမတို့ရဲ့ Presentation Skill တွေတိုးတက်ခဲ့ပါတယ်။ စာနားမလည်လို့ ဆရာ၊ဆရာမတွေကို လူကိုယ်တိုင်ဖြစ်စေ၊ online ကဖြစ်စေ စာမေးတဲ့အခါ စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အပြင်ကို စာမေးပွဲနီိးတဲ့အခါမျိုးမှာလဲ အချိန်ပိုခေါ်ပြီး စေတနာနဲ့ အပင်ပန်းခံပြီး သင်ကြားပြသပေးပါတယ်။ STI MU က ညီမတို့ကို international learning experience ရအောင် oversea training တွေလဲလွှတ်ပါတယ်။ ညီမတို့တွေ Bangkok က Mahidol University မှာ “Technical Site-Visit Training Program" အဖြစ် လေးရက်လောက်သွားတက်ဖူးပါတယ်။ နိုင်ငံတကာက Professor တွေနဲ့လဲ အခါအခွင့်သင့်သလို သင်ကြားခွင့်ရရှိခဲ့တဲ့အတွက် Professor တွေရဲ့ international experience ကိုလဲလေ့လာခွင့်ရရှိခဲ့ပါတယ်။ ညီမ UOB ကျောင်းနဲ့ direct video conferencing နှစ်ခါသုံးခါလောက် လုပ်ဖူးတဲ့အခါမျိုးမှာလဲ UOB ကသက်ဆိုင်ရာ လူကြီးတွေ ဆရာ၊ဆရာမတွေပေးတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံအသစ်တွေလဲရရှိခဲ့ပါတယ်။ အချုပ်အနေနဲ့ပြောမယ်ဆိုရင် ကျောင်းကဆရာ၊ဆရာမတွေရော နိုင်ငံတကာကလာရောက်သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေရဲ့ အသင်အပြကောင်းမှုရယ်၊ STI MU ကကျောင်းသားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှုရယ်ကြောင့် တက်ရောက်ခဲ့တဲ့ လေးနှစ်လုံးမှာ ရာခိုင်နှုန်းတော်တော်များများ အဆင်ပြေခဲ့ပါတယ်။

 

      # မေး-ဂျူနီယာကျောင်းသားလေးတွေကိုလည်း အမှတ်တွေကောင်းကောင်းနဲ့ အောင်အောင် အကြံပေး             

          စကားတွေ ပြောပေးပါဦး။

  • ဖြေ- ကျောင်းမှန်မှန်တက်မယ် စာသင်တဲ့အခါမှာလဲသေချာနားထောင်မယ် နားမလည်ရင်လဲ ဆရာ၊ဆရာမတွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ဆွေးနွေးမေးမြန်းမယ် ဆိုရင်ရလဒ်ကောင်းတွေနဲ့ အောင်မြင်နိုင်ပါတယ်။ နောက်ပြီး Engineering ဘာသာရပ်ကကျယ်ပြန့်တယ်။ ကိုယ်တကယ်ဝါသနာ ပါရင် ကျောင်းကသင်ပေးတာအပြင် self learning လုပ်နိုင်ရင် Project တွေ Assignment  တွေရေးတဲ့အခါမှာလဲ ကိုယ့်အတွက်ပိုအကျိုးရှိတယ်။

 

      # မေး-ညီမလေးရဲ့ အနာဂတ်ရည်မှန်းချက်လေးလည်း ပြောပြပေးပါ။

  • ဖြေ- ညီမကတော့ First Degree ဖြစ်တဲ့ BEng (Hons) Civil ရောအခုတက်နေတဲ့ MSc. (Engineering Business Management) ရောနှစ်ခုလုံးကိုအသုံးချလို့ရတဲ့ Field မျိုးမှာလုပ်ချင်ပါတယ်။ Multinational Company တစ်ခုခုမှာလုပ်ဖြစ်ရင်လဲ world ranking ဝင်တဲ့ Company မျိုးမှာလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

 

       #မေး-STI ကိုရော ဘာပြောချင်သေးလဲ။

ဖြေ-တက်ခဲ့တဲ့လေးနှစ်လုံးမှာ တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝခံစားရအောင် ပံ့ပိုးပေးတဲ့အတွက်ရော စာသင်ခန်းပြင်ပ Activity တွေမှတဆင့် အနာဂတ်အတွက်အသုံးဝင်နိုင်တဲ့ အတွေ့အကြုံတွေ သင်ကြားပေးတဲ့အတွက်ရော စာသင်ကြားမှုအပိုင်းမှာလဲ စနစ်တကျ ပံ့ပိုးပေးတဲ့အတွက်ရော STI MU ကိုအထူးကျေးဇူးတင်ပါတယ်။ STI MU ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "Nurturing All-Round Leaders"   ဆိုတဲ့အတိုင်း အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေ ဒီထပ်မကမွေးထုတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။