STIMU ၏ MSc ( Public Health) မဟာဘွဲ့ scholarship ရရှိခဲ့သော ဒေါက်တာ ကျော်ကျော်ချိုနှင့် တွေ့ဆုံခြင်း
Dr. KYAW KYAW CHO
July 2026
မေး - မင်္ဂလာပါဆရာ ၊ ဆရာက scholarship နဲ့ STI Myanmar University မှာ MSc( Public Health) တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။ ဆရာရဲ့ နာမည်နဲ့ ၊ STI ကို ဆရာဘယ်လိုသိခဲ့လဲ ဆိုတာလေး မိတ်ဆက်ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ ။ ကျွန်တော့်နာမည်က ဒေါက်တာကျော်ကျော်ချိုပါ ။ “Jhpiego Non Profit Organization”မှာ စီမံကိန်းညွှန်ကြားရေးမှူးအဖြစ်တာ၀န်ထမ်းဆောင်နေပါတယ်။ ၂၀၁၅ လောက်မှာ STI ရဲ့ MSc ( Public Health) ကြေငြာတာ face book မှာတွေ့တယ်။ ကျွန်တော် ကအဲ့ဒီအချိန်မှာ ဆေးကျောင်းပြီးကတည်းက Public Health ကို လုပ်နေပြီမို့ အဲ့ဒီလမ်းကြောင်းပေါ်မှာပဲ ရှိနေတဲ့ အချိန် ၊ ဒီတော့ လုပ်ငန်းအတွေ့အကြုံရှိနေတယ်အတွက် public Health ကလည်းတက်ဖို စုံစမ်းနေတဲ့ အချိန်ဆိုတော့ ၂၀၁၅ နှစ်ကုန်ပိုင်းလောက်မှာပဲ ဒီမှာတက်ဖို့ စီစဥ်ဖြစ်သွားတယ်။ဒါနဲ့ သူငယ်ချင်တွေဆီကလည်း တဆင့် ကူညီပေးမှူတွေ ၊ ရှဲတာတွေ နဲ့ information တွေယူပြီး entroll လုပ်တယ် ။ ကျွန်တော်က အဲ့ဒီအချိန်မှာ public Health ကို လုပ်နေတာ (၇) နှစ်လောက်ရှိနေပြီ ။ နာဂစ်ဖြစ်ပြီးကတည်းက NGO မှာ ၀င်လုပ်ရင်း ကျွန်တော်က အဲ့ဒီ field ထဲကိုရောက်သွားတယ်။ ရွာတွေနဲ့ ခေါင်တဲ့ ဒေသတွေမှာ ကျန်းမာရေး အသိပညာပေး ဟောပြောတာ ဆွေးနွေးတာတွေ ၊ ရောဂာမဖြစ်အောင် ကာကွယ်ဖို့ လိုတာတွေ တကယ်လုပ်နေပြီ။ ဒါနဲ့ ကျွန်တော်ကလည်း public Health ကို မဟာဘွဲ့ ယူဖို့ စဥ်းစားထား ၊ စီစဥ်ထားတာလည်းရှိတဲ့ အချိန် အခွင့်အရေးနဲ့ အခြေအနေ တိုက်ဆိုင်တယ်လို့ ပြောရမယ်။ STI မှာ အင်္ဂလန်နိုင်ငံ University of Bedfordshire က တိုက်ရိုက်ချီးမြှင့်တဲ့ မဟာဘွဲ့ရမယ်ဆိုတော့ ကျွန်တော် STI ကိုပဲ ရွေးချယ်ဖြစ်ခဲ့ ပါတယ်။
မေး - ဒါဆို MSc ( Pubic Health) ဘွဲ့ကို scholarship လျှောက်ဖို့ စိတ်ကူးဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါလား။
ဖြေ - ကျွန်တော်က အဲ့ဒီအချိန်မှာ scholarship ကို တောက်လျှောက် လျှောက်ဖို့ လုပ်နေတာပဲ ။ STI မှာ မလျှောက်ဖြစ်ရင် ကျွန်တော် World Bank တို့လိုမျိုး ၊ နိုင်ငံ ခြားကကျောင်းတစ်ခုခုမှောသေချာပေါက်လျှောက်ဖြစ်မှာပဲ ။ တစ်ခုက အဲ့ဒီအချိန်ကတည်းက STI မှာ Private ကျောင်းတွေထဲမှာ သူ့ဖာသာသူနာမည်ရှိနေပြီမို့ စိတ်၀င်စားလို့ Join လိုက်တာအဆင်ပြေသွားတယ်။ အကြောင်းက မြန်မာနို်င်ငံမှာပဲ နေပြီး ရုံးပိတ်ရက်တွေမှာပဲ တက်တာနဲ့ မဟာဘွဲ့ရမယ်။ ဘွဲ့ကလည်း ခုနကပြောသလို အင်္ဂလန်နို်င်ငံကတိုက်ရိုက်ချီးမြှင့် တ့ဲ ဘွဲ့ ဆိုတော့ STI မှာပဲ စကော်လားလျှောက်ခဲ့ တယ်။ အဲ့ဒီတုန်းက STI က 100% အတွက် 25% နဲ့ လေးယောက်ပေးခဲ့တာမှာ ကျွန်တော်လည်း ရခဲဲ႔ပါတယ်။
မေး- အ့ဲဒီတုန်းက Scholarship ရသွားတော့ ဆရာ့ခံစားချက်ကို ပြောပြပေးပါဦး။
ဖြေ- ပြောရရင် လျှောက်တုန်းကတော့ ကိုယ်က တအားကြီး မျှော်လင့်တာမျိုး မဖြစ်ဘူး။ ရှေ့မှာ လျှောက်ခဲ့တာတွေရှိပေမယ့် ကိုယ့်အလှည့်က မရောက်ခဲ့ဘူး။ အင်တာဗျူးခေါ်တာတွေမရှိပေမယ့် STI မှာကျ ကိုယ့်ကိုရွေးတော့ ပျော်တယ်။ မျှော်လင့်ချက် ရှိလာတယ်။ Motivate ဖြစ်မယ့် Essay တစ်ပုဒ်ရေးရတယ်။ ကျွန်တော်က လည်း ကျွန်တော်အနာဂတ်မှာလုပ်မယ့် အစီအစဥ်တွေကို စိတ်ကူးထားတဲ့အတိုင်းချပြရေးပြခဲ့ တာပါပဲ ။ Scholarship နဲ့ပဲ ကျွန်တော်က တက်ချင်ခဲ့တာလေ။ မရရင်လည်း No choice ပဲ ။ STI မှာပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ရမယ်လို့ ဆုံးဖြတ်ထားတာပဲ ။ အဲ့ဒီအချိန်တုန်းက အလုပ်ကလည်းရနေပြီး Senior Programer လည်းဖြစ်နေတော့ နိုင်ငံခြားမှာလည်း သွားတက်ဖို့က တော့ မလွယ်တော့ဘူး ။ STI မှာ ရသွားတော့ အရမ်းအဆင်ပြေခဲ့ တယ်။ ဆန္ဒတွေ ပြည့်ခဲ့လို့ ၀မ်းသာခဲ့ပါတယ်။
မေး- ဟုတ်ကဲ့ဆရာ ။ STI Myanmar University မှာ စာသင်ကြားမှူပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ။
ဖြေ- အရမ်းကောင်းပါတယ်။ ပြောရရင်တော့ ကျွန်တော်တို့က first Batchပေါ့ ၊ သင်တဲ့ ဆရာ၊ ဆရာမတွေကတော့ ပြောစရာမလိုပါဘူး။ အနည်းအကျဥ်းဆိုသလို လိုအပ်ချက်လေးတွေရှိခဲ့ရင်တော့ အခု Batch တွေဆို ပိုတောင်ကောင်းသွားမျာပါ။ ပြောရရင်တော့ ဒီမှာ ကျွန်တော် မတက်ခင်ကတည်းက Public Health နဲ့ပဲ အလုပ်လုပ်ပြီး အသက်မွေးတာဆိုတော့ ကျောင်းမှာ assignment တွေရေးရတာတို့ ၊ Poster Presentation လုပ်တာတို့ Project တွေရေးတာတို့ကျတော့ ကျွန်တော့်အတွက် အသုံး၀င်တယ်။ ကျောင်းမှာ သင်တာက ပြန်ပြီး Apply လုပ်လို့ရတယ်။ မာစကာကရသမျှ ဗဟုသုတတွေ ၊ သီအိုရီတွေကလည်း ကျွန်တော့် အလုပ်ထဲမှာပြန် အသုံး၀င်တာပါပဲ ။ ဒီမှာ ကျွန်တော်အကြိုက်ဆုံးဆို public Health မှာ. dissertation လုပ်ရတာ Research တစ်ခုချဥ်းကပ်တာတို့ ပိုပြိးပီပြင်လာတယ်။ ကိုယ်တိုင်တစ်ယောက်တည်း. dissertation လုပ်ရတော့ ပိုပြီး ပီပြင်တယ်။ အသုံး၀င်တယ်။
မေး- ဆရာရဲ့လက်ရှိအလုပ်မှာ စီမံကိန်းညွှန်ကြားရေးမှူးအဖြစ် လုပ်ဆောင်မှုတာ၀န်ယူမှုပိုင်းလေးတွေ ပြော ပေးပါဆရာ။
ဖြေ- လက်ရှိက မြန်မာနို်င်ငံ ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနသင်ကြားရေးအဖွဲ့အစည်းတွေရှိတယ်ပေါ့ ။ အဲ့ဒီမှာရှိတဲ့ သင်ကြားရေးအဖွဲ့တွေ စွမ်းဆောင်ရေ မြှင့်တင်ခြင်းနဲ့ပတ်သက်ပြီး သင်တန်းပေးတဲ့ အခါ နေပြည်တော်က ဆရာ/ဆရာမတွေနဲ့ ပူးပေါင်းပြီး ပြည်သူကျန်းမာရေးဌာနတွေ၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ စွမ်းဆောင်ရည် မြှင့်တင်နိုင်အောင် လုပ်တာ။ အဲ့ဒီလို လုပ်ခြင်းအားဖြင့် ကျန်းမာရေး၀န်ထမ်းတွေက ကောင်းမွန်တဲ့ အသိပညာ ဗဟုသုတတွေရှိမယ်။ တကယ်လည်း စွမ်းဆောင်နိုင်မယ် ။ လက်တွေ့လုပ်တ့ဲအခါ မှန်မှန်ကန်ကန်လုပ်လာနိုင်မယ်ပေါ့ ။ ကျွန်တော်တို့ NGO တွေက ကျန်းမာရေး၀န်ထမ်းတွေကို အဓိက ပံ့ပိုးပေးတာပေါ့ ။ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးတယ်။ အကြံဥာဏ်ပေးတယ်ပေါ့ ။
မေး- အခက်အခဲတွေ ၊ လိုအပ်ချက်တွေရော ရှိလားဆရာ ။ အဲ့ဒီလို ပူးပေါင်းလုပ်ဆောင်ရာမှာ။
ဖြေ- ရှိတာပေါ့ ။ ဒါပေမဲ့ ကျွန်တော်ကတော့ အခက်အခဲလို့ မမြင်ဘူး ။ အခွင့်အရေးလို့ပဲမြင်တယ်။ ဘာပဲ ဖြစ်ဖြစ် သင်တန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိရင် ကျွန်တော်တို့ က ကူညီပေးတယ်။ ကျွန်တော်တို့ က ကျန်းမာရေး၀န်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်တာ ၊ ကျွန်တော်တို့ public Health သမားတွေက ကျန်းမာရေးနဲ့ ပတ်သက်တာဆို ကျန်းမာရေး၀န်ကြီးဌာနရဲ့ မူ၀ါဒတွေနဲ့ ကိုက်ညီတာမျိုးတွေဖြစ်သင့်တယ်။ အဲ့ဒီလိုမဟုတ်ရင် သူတို့ လုပ်ငန်းစဥ်နဲ့ သွေဖီပြီး ကိုယ့်ဖာသာတ စ်စင်ထောင်ပြီး လုပ်ရင် အဲ့ဒီလုပ်ငန်းစဥ်တွေက ပြီးသာသွားတယ်။ အကျိုးမရှိဘူး ။ မကျန်ခဲ့ နိုင်ဘူး။ ပိုက်ဆံကုန် ၊ Project ပြီး နိုင်ငံအတွက်ဘာမှမကျန်ဘူးပေါ့ ။ အဲ့ဒီမျိုး။
မေး- ကျွန်မတို့နိုင်ငံမှာ Public Health နဲ့ပတ်သက်ပြီး အားနည်းတာက ဘယ်လိုအချက်တွေဖြစ်နိုင်မလဲဆရာ ။
ဖြေ- အားနည်းချက်တွေကတော့ အများကြီးဖြစ်နေမှာပေါ့ ။ ဒါပေမဲ့ အဲ့ဒါတွေကို ၀မ်းနည်းပူဆွေးနေလို့လည်း ဘာမှထူးပြီး့ျ့ဖစ်လာမှာ မဟုတ်ဘူး။ ဒီတော့ ဘာလုပ်နိုင်မလဲ ဘာတွေဆက်ကြိုးစားနိုင်မလဲ နည်းလမ်းတွေပဲ အမြဲ ကြိုးစားရှာကြံကြရမှာပဲ ။မြန်မာနို်င်ငံမှာ ဆို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု income တွေများလာရင် ၊ ပြည်သူ့တွေစောင့်ရှောက်ဖို့ ကျန်းမာရေးအတွက် ငွေကြေးကို အထိုက်လျောက်သုံးစွဲနိုင်ရင် Clinical ဖြစ်ဖြစ် Public Health ဖြစ်ဖြစ် ပိုပြီး တိုးတက်လာမှာပေါ့ ။ နိုင်ငံတစ်နို်င်ငံကို ကျန်းမာရေးတစ်ခုတည်းကွက်ပြီးပြောလို့ မရဘူး။ စီးပွားရေ။ နိုင်ငံရေးနဲဲ႔ အသိပညာတိုးတက်မှ ကျန်းမာရေးကဏ္ဍကလည်း တိုးတက်လာမှာပဲ။ တခြားနိုင်ငံနဲ့ ယှဥ်ရင်တော့ နည်းနည်းနိမ့်ကျမယ်။ ဒါပေမဲ့ ကျန်းမာရေးအားကစား၀န်ကြီးဌာန ၊ NGO တွေရော ၊ UN တွေရော ပေါင်းလုပ်နေတာပေါ့ ။ရွေ့နေတာပေါ့ ။ ကိုယ်မျှော်လုပ်တဲ့ အဆင့်တစ်ခုကို ရောက်သွားဖို့ပဲ လိုတာပေါ့။
မေး - ဆရာက STI မှာမတက်ခင်က ဒီ Public Health လမ်းကြောင်းပေါ်မှာပဲ ရှိနေတာဆိုတော့ တက်ပြီးတဲ့ အချိန်မှာ ဘာတွေကွားခြားသွားလဲ ၊ ဆရာ့ လုပ်ငန်းမှာ ဘယ်လို Apply လုပ်လို့ရလဲ။
ဖြေ- အဓိကကတော့ Academic Writing ပေါ့။ dissertation လို့ခေါ်တဲ့ အကျယ်တ၀င့်ရေးရတဲ့
Research တွေမှာ ပိုပြီးတော့ စနစ်တကျ ရေးတတ်လာတယ်။ report ပဲရေးရေး ၊ စီမံကိန်းအဆိုပြုလွှာပဲ ရေးရေး ပိုပြီး ကောင်းမွန်လာတယ်။ ဒီမဟာတန်းမှာက paper တွေဖတ်ရတယ်။ sources တွေဖတ်ရတယ်ဆိုရင် အတော်လေးကိုအသုံး၀င်ပါတယ်။ ကျွန်တော်တို့က မဟာတန်းတွေဆိုတော Adult learning နဲ့ပဲသင်ရတယ်။ ဒီတော့ စာတွေဖတ်ရတယ်။ တကယ်စိတ်အားထက်သန်နဲ့ လုပ်ခဲ့ ရတယ်။ ဒီတော့ လိုအပ်တဲ့ information တွေရှာတဲ့ အခါ ပိုပြီးအထောက်အကူပြုလာတယ်လို့ ပြောရပါမယ် ။ ဥပမာ မိခင်နဲ့ကလေးနဲ့ ပတ်သက်တဲ့ စီမံကိန်းအဆိုပြု မတိုင်မီအစီအစဥ်တွေချမယ်ဆိုရင် information တွေ ဘယ်မှာရှာရမလဲဆိုတာ ပိုပြီး သိရှိနားလည်လာတာပေါ့ ။ Study တစ်ခုကို ဘယ်လို ချဥ်းကပ်ရမလဲ ၊ research တစ်ခုကို ဘယ်လိုနားလည်အောင်လုပ်ရမလဲဆိုတာက ဒီမှာ Qualitative study ဖြစ်နေတော့ အထူးပြောစရာ မလိုဘူး အရမ်းအသုံး၀င်တယ်လို့ ပြောရမယ်။
မေး- ဆရာ့ရဲ့ ရှေ့ဆက်သွားမယ် အနာဂတ်ရည်မှန်းချက်ကိုလည်းပြောပြပေးပါဆရာ။
ဖြေ- ကျွန်တော်က NGO လုပ်ငန်းထဲမှာရှိနေတော့ လုပ်ငန်းတိုးတက်အောင်မြင်ဖို့ တိုင်းပြည်အတွက် အလုပ်တွေပိုလုပ်ပေးနိုင်ဖို့ပဲ မျှော်လင့်တာပေါ့ ။ Career goal ဆို ရာထူးတိုးတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ ။ လုပ်ပိုင်ခွင့် ရတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါကတော့ ကျွန်တော်မှ မဟုတ်ဘူး လူတိုင်းအဲ့ဒီလိုအခွင့်အရေးရချင်တာပေါ့ ။ ရဖို့ အဲ့ဒီအခွင့်အရေးကို ဆုတ်ကိုင်နိုင်ဖို့ ဆိုတာကလည်း STI ကပေးတဲ့ မဟာဘွဲ့လိုမျိုး နို်င်ငံတကာက အသိအမှတ်ပြုလောက်တဲ့ မဟာဘွဲ့မျိုး ပိုင်ဆိုင်ထားဖို့ လိုတာပေါ့ ။ ကိုယ်လိုချင်တဲ့ အခွင့်အရေးအတွက် Advanced skills ဖြစ်ဖို့ အမြဲရှာကြံလုပ်ဆောင်နေဖို့ လိုတာပေါ့ ။ ဒါမှလည်း ကိုယ်က အပေါ်တက်လို့ရမယ်။ အခု STIကပေးတဲ့ knowledge တွေ skills တွေက somehow ပေါ့၊ တနည်းတဖုံ အပေါ်ကိုတက်လှမ်းနိုင်ဖို့ အသုံး၀င်မယ်လု့ိ ယူဆတာပေါ့။
မေး- ဟုတ်ကဲ့ဆရာ ၊ STI ကိုရော ဘာများပြောချင်ပါသေးလဲ။
ဖြေ- STI အနေနဲ့တော့ တကယ်ကို ကောင်းမွန်တဲ့ Private University တစ်ခုပါ ။ ကျွန်တော်တို့ လို အလုပ်တစ်ဖက်နဲ့ လူတွေလည်း အလုပ်လုပ်ရင်း ကျောင်းတက်ခွင့်ရနိုင်တာ တကယ်အဆင်ပြေမူတစ်ခုပေါ့ ။ ၿ႔ပီးတော့ တခြား ဂျူနီယာ ကလေးတွေလည်း ဒီလိုမျိုး အဆင့်မြင့် တက္ကသိုလ်မှာ အနာဂတ်အတွက် အစီအစဥ်တွေချပြီး မဟာဘွဲ့တွေ ယူစေချင်တယ်။ ကျွန်တော့် ၀န်းကျင်မှာ တကယ်လည်း လိုလိုချင်ချင်ရှိနေတဲ့ ကလေးတွေရှိတယ်။ ကျောင်းက အခုလည်း သင်တန်းကြေးတွေ တစ်နှစ်ကို သုံးခေါက်လား ခွဲသွင်းစေတယ်ပေါ့ ။ ကျွန်တော်ကတော့ လေးခေါက်လောက် ပိုက်ဆံကို ဒီထက်ပိုပြီး ခွဲသွင်းခွင့်ရရင် ကျောင်းတစ်ဖက်နဲ့ ဘွဲ့ ဆက်တက်ချင်တဲ့ ဆရာ၀န်လေးတွေအတွက်လည်း ပိုပြီး အဆင်ပြေနိုင် မယ်လို့ ထင်တယ်။ တခြားကတော့ အကြံပေးစရာမရှိပါဘူး ။ ကျောင်းက ကျွန်တော်တို့ နှစ်တွေက ပိုပြီးလည်း တိုးတက်အောင်လုပ်နိုင်ခဲ့ပြီ ။ စာသင်ကြားမူပိုင်းတွေမှာလည်း video conference လိုမျိုး နိုင်ငံခြားကဆရာနဲ့ တိုက်ရိုက် ဆွေးနွေးရတာတွေရှိတယ်လို့ ကြားတော့ ပိုကောင်းတာပေါ့ ။ ကျောင်းက လုပ်တဲ့ seminar တွေ ၊ workshop တွေမှာလည်း တက်ချင်တဲ့ သူတွေရှိရင် အဆင်ပြေအောင် ကျွန်တော်က တဆင့် အမြဲ sharing လုပ်ပေးပါတယ်။ ဒီထက်မက STI အောင်မြင်တိုးတက်ဖို့လည်း ဆန္ဒပြုပါတယ်။ ကျေးဇူးတင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Aye Thiri Myint (Jasmine)(Brand Equity Associate (Japan Tobacco International))
Since the evolution of business is growing rapidly, marketing is a career that will always be in demand…
BBA (The Open University of Hong Kong)
Thet Htar Wai
I graduated with bachelor of business administration from OUHK which connected with STI Myanmar University. I knew about…
STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng…
Zin & Thuzar Aung
မေး # ပထမဆုံး ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး ဖြေ# ကျွန်မက မဇင်ပွင့်ဖြူပါ ။ ညီမက မသူဇာအောင်ပါ။ STI Myanmar University မှာ University of…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →