STI Myanmar

Exploring Innovative Projects Exhibition 2026: Rachel’s Learning Journey

STI Mandalay Campus student Rachel shares her experience visiting the Innovative Projects Exhibition 2026 at Yadanarpon Cyber City, Pyin Oo Lwin.
During the exhibition, Rachel had the opportunity to explore a variety of innovative student projects, technology ideas, and practical applications. The visit allowed her to discover how knowledge learned in the classroom can be transformed into creative and meaningful projects.
For STI students, experiences like this provide valuable exposure to technology, innovation, creativity, and real-world applications, while inspiring them to explore new ideas and develop their own skills.
Discover Rachel’s learning journey and see how STI Myanmar College encourages students to learn beyond the classroom through educational visits and hands-on experiences.

MDY Students Visit Recap

Yangon & Mandalay: One University, One Community, One Future🤝✨
“ဝေးကွာလှတဲ့ မြို့နှစ်မြို့၊ ခရီးမိုင်ပေါင်းများစွာ…… ဒါပေမဲ့ STI ဆိုတဲ့ မိသားစုတစ်ခုတည်းအောက်မှာတော့ ကျွန်မတို့ရဲ့ နှလုံးသားနဲ့ အိပ်မက်တွေက တစ်ထပ်တည်းပါပဲ။”
September လ (၉) ရက်နေ့က STI Myanmar College, Yangon Campus သို့ အလည်အပတ် ရောက်ရှိလာခဲ့ကြတဲ့ STI Mandalay Campus မှ ကျောင်းသား ကျောင်းသူများအားလုံးကို နွေးထွေး စွာ ကြိုဆိုမိတ်ဆက်ပွဲလေး ပြုလုပ်ခဲ့ကြပြီး “ဗဟုသုတ လေ့လာရေး ခရီးစဉ်များ” ကိုလည်း အတူ သွားရောက်လေ့လာခဲ့ကြပါတယ်ရှင်။ 🚌✨
ဒီလို ရန်ကုန် – မန္တလေး ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲလေးမှတစ်ဆင့် –
🏙️ မတူညီသည့် မြို့ပြယဉ်ကျေးမှုများနှင့် အတွေ့အကြုံများကို ချစ်ခင်ရင်းနှီးစွာ ဖလှယ်နိုင်ခဲ့ကြခြင်း၊
💡 စာတွေ့လက်တွေ့ အသိပညာ ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခွင့် ရရှိခဲ့ကြခြင်း၊
🤝 STI ကျောင်းတော်ကြီးရဲ့ တစ်မိုးအောက်မှာ ပျော်ရွှင်ကြည်နူးဖွယ် ကျောင်းသား ဘ၀ အမှတ်တရကောင်းများစွာကို အတူတကွ ဖန်တီးနိုင်ခဲ့ကြခြင်း တို့ကြောင့် ဒီ အခိုက်အတန့်လေးကို အမြဲတမ်း အမှတ်ရနေတော့မှာပါရှင်။
ဒီလေ့လာရေးခရီးစဉ် ဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြသည့် Campus နှစ်ခုမှ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် တက်ကြွစွာ ပါဝင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။
ရှေ့ဆက်ပြီးတော့လည်း အောင်မြင်မှုတွေ အတူ ရယူ ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙏

AI + UN SDGs 2030 – STI Students Explore Tech for a Sustainable World

🌍 *နည်းပညာနဲ့ ကမ္ဘာကြီးကို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲနိုင်မလဲ?*

ဒီမေးခွန်းရဲ့အဖြေကို *August 28, 2026* မှာ STI Myanmar College မှာ ကျင်းပခဲ့တဲ့ *“AI + UN SDGs 2030: Tech for a Sustainable World”* Seminar မှာ STI ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ရှာဖွေလေ့လာခွင့် ရရှိခဲ့ကြပါတယ်။

ဒီ Seminar မှာ *Concordia Public Co., Ltd. ရဲ့ CEO Dr. Than Win* နဲ့ *STI Myanmar College ရဲ့ President & Managing Director Daw Khin Aye Win* တို့က AI ရဲ့စွမ်းအားကို *UN Sustainable Development Goals (SDGs) 2030* နဲ့ ပေါင်းစပ်ပြီး အနာဂတ်အတွက် အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးခဲ့ကြပါတယ်။

အထူးသဖြင့် STI ကျောင်းသား၊ ကျောင်းသူများအနေနဲ့ AI နဲ့ Sustainable Development အကြား ဆက်စပ်မှုတွေကို တိုက်ရိုက်လေ့လာခွင့်ရရှိခဲ့သလို၊ မိမိတို့ရဲ့အမြင်နဲ့ အတွေ့အကြုံတွေကိုလည်း Interview မှတစ်ဆင့် မျှဝေပေးထားပါတယ်။ 🎤

ဒီလို Knowledge Sharing, Industry Exposure နဲ့ Student Engagement တွေက ကျောင်းသား၊ ကျောင်းသူများရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ *Critical Thinking, Innovation & Leadership Mindset* တွေကို တိုးတက်လာစေဖို့ အထောက်အကူပြုပါတယ်။

Youth AI Innovation 2026 | AI & Future Careers in Myanmar

Youth AI Innovation 2026 | AI & Future Careers in Myanmar
STI Myanmar College မှ ကြီးမှူးကျင်းပခဲ့သည့် Youth AI Innovation 2026 ပွဲမှတ်တမ်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီပွဲမှာ Artificial Intelligence (AI)၊ AI Innovation၊ AI Education၊ Computer Science၊ Future Careers နဲ့ Future Skills စတဲ့ အကြောင်းအရာတွေကို လူငယ်တွေအတွက် မျှဝေဆွေးနွေးခဲ့ကြပြီး AI နည်းပညာက မြန်မာနိုင်ငံရဲ့ လူငယ်တွေနဲ့ အနာဂတ်အလုပ်အကိုင်တွေကို ဘယ်လိုအကျိုးသက်ရောက်စေနိုင်မလဲဆိုတာကို လေ့လာနိုင်ခဲ့ပါတယ်။AI ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့်အဖွဲ့တွေကိုလည်း ကြေညာခဲ့သလို့ ပါဝင်ယှဥ်ပြိုင်ခွင့်ရခဲ့တဲ့ အဖွဲ့တိုင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Guest Speaker
Dr. Tess Crosbie
Senior Lecturer in Computer Science
University of Bedfordshire, UK
Specialist in Computational Linguistics

အနာဂတ်ဟာ နည်းပညာနဲ့အတူ ပြောင်းလဲနေပါတယ်။
အဲ့ဒီအနာဂတ်ကို ဖန်တီးမယ့်သူတွေထဲမှာ သင်လည်း ပါဝင်နိုင်ပါတယ်။
Venue: Conference Hall, MICT Campus
Organized by: STI Myanmar College
Youth AI Innovation 2026 ပွဲရဲ့ အမှတ်တရအခိုက်အတန့်တွေကို ဒီ Video မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း

မေလ (၁၇) ရက်နေ့က Novotel Hotel မှာ အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့တဲ့ “ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း” Panel Discussion ပွဲမှာ ကြွရောက် ချီးမြှင့်ခဲ့ကြတဲ့ နယ်ပယ် အသီးသီးက Professor များ ဆရာ ဆရာမ များနှင့်တကွ အနုပညာရှင် မနန်းမြတ်ဖြိုးသင်းအား ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။

Health Science နယ်ပယ်က ကျွန်မတို့ တွေးထားတာထက် အများကြီး ပိုကျယ်ပြန့်ပြီး ပြည်တွင်းသာမက ပြည်ပမှာပါ Global Opportunities တွေ အများကြီး ရှိနေတာကို Speakers တွေက သူတို့ရဲ့ ဖြတ်သန်းမှုတွေနဲ့တကွ ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ကြပါတယ်။ ကဏ္ဍစုံက ပညာရှင်တွေရဲ့ အမြင်တွေကို တစ်နေရာတည်းမှာ နားထောင်ခဲ့ရတာမလို့ တက်ရောက်သူတွေအတွက် အနာဂတ် Career ရွေးချယ်မှုမှာ အများကြီး အထောက်အကူဖြစ်စေမှာမယ်လို့လည်း မျှော်လင့်ပါတယ်။

ပွဲမတက်လိုက်ရလို့ နှမြောနေတဲ့သူတွေရော၊ အမှတ်တရတွေကို ပြန်လည်ခံစားချင်တဲ့သူတွေပါ Highlights လေးတွေကို ဗီဒီယိုထဲမှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော်။ 👇🌟

🎓 STI Myanmar College – Student Orientation Day Highlights Video!

စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ စတင်လိုက်တဲ့ တက္ကသိုလ်ဘဝရဲ့ ပထမဆုံး Orientation Day အမှတ်တရလေးတွေ ကို ဒီနေ့မှာ မျှ‌ေ၀ပေးလိုက်ပါတယ်နော်။💙

Orientation နေ့လေးမှာ –

🎤 Vice President Dr. Myo Myo Naing ရဲ့ နွေးထွေးလှတဲ့ ကြိုဆိုနှုတ်ခွန်းဆက်စကား၊

💡 ဆရာ၊ ဆရာမများ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ ရှင်းလင်းဆွေးနွေးမှုများနှင့် အတူ Parents’ Q&A Session၊

🎁 ကျောင်းသား၊သူသစ်များအား နွေးထွေးစွာမိတ်ဆက်၍ Welcome Gifts များ ပေးအပ်ခြင်း၊

🏫 Student Ambassadors များရဲ့ ဦးဆောင်မှုဖြင့် Campus Tour လှည့်လည်ကြည့်ရှုခြင်း၊

🎮 အချင်းချင်း ပိုမိုခင်မင်ရင်းနှီးသွားစေနိုင်မည့် Fun Mini Games များ ကစားခြင်း စတဲ့ ရင်ခုန်စရာ အစီအစဉ်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်ရှင်။

အခုလို တက်ကြွတဲ့ ခြေလှမ်းတွေနဲ့အတူ ရှေ့ဆက်ပြီးတော့ အတွေ့ အကြုံကောင်းတွေကို ဖန်တီးရင်း အောင်မြင်မှုများစွာ ရရှိပါစေကြောင်း STI ကျောင်းတော်ကြီးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်!

Call Viber Apply