NEWS FEED Of STIMU


  • Home -
  • BEng(Hons) ကျောင်းသား|ကျောင်းသူများ၏ Architecture Design Project Jury in Nov 2019
research
  • 05, 11, 2019
BEng(Hons) ကျောင်းသား|ကျောင်းသူများ၏ Architecture Design Project Jury in Nov 2019
  • By Admin
  • Architectural Engineering
  • 05, 11, 2019

STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BEng(Hons) Architectural Engineering ဘွဲ့သင်တန်းမြား၏ Second Year, First Semester(10BE) တက်ရောက်လျှက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် Architectural Design Project ဘာသာရပ်တွင် မိမိတို့၏ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် လက်တွေ့ဒီဇိုင်း များတည်ဆောက်နိုင်မှူ စွမ်းရည်များကို ဖော်ထုတ်ပြသနိုင်ရန် Project Report တင်ပြပြီး တစ်ဦးချင်း Presentation ပြုလုပ်ရပါသည်။

ယင်း Project များကို အကဲဖြတ်အမှတ်ပေးသည့်ပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၅) ရက်နေ့ မနက် (၁၀)နာရီမှ နေ့လည် (၁၂) နာရီအထိ MICTpark အတွင်းရှိ STI Myanmar University တွင်ပြုလုပ်ခဲ့ပါသည်။

STI Myanmar University ၏ Engineering ဌာနမှ Israel Architect Lecturer Mr.Guy Nir ၏ ဦးဆောင်ညွှန်ကြားမူနဲ့အတူ Architectural Engineering ကျောင်းသား/သူများသည် “Nursery School” တစ်ခုဖန်တီးပြုလုပ်နိုင်ရန် ဦးစွာပထမ အင်းစိန်လမ်းနှင့် ဓမ္မသုခကျောင်းလမ်းထောင့်ရှိ နေရာ သို့ ဆရာနှင့်အတူ သွားရောက် လေ့လာကာ case study ပြုလုပ်ခဲ့ပြီး မိမိတို့ ကိုယ်ပိုင်ဒီဇိုင်းများဆွဲ၍ ခေတ်မီအဆောက်အဦးပုံစံငယ်လေးများဖန်တီးခဲ့ကြသည်။

ထို့နောက် ထိုပုံစံငယ်ဒီဇိုင်များကို မည်သည့် စိတ်ကူးဖြင့် ဖန်တီးပုံဖော်ထားကြောင်း၊ မည်သည့်ရည်ရွယ်ချက် များဖြင့် တီထွင်ထားကြောင်း နှင့် မည်ကဲ့သို့ အသုံးပြုပြီးဆောက်လုပ်ဖို့ ဖန်တီးကြောင်းကို Project ပုံစံငယ်လေးများဖွငျ့ ရှင်းလင်းတင်ပြရာ အကဲဖြတ်စစ်ဆေး အမှတ်ပေးသူ Jury များ အဖြစ် Principal Architect Lionel Thaik Tun Zaw (Archiam Design Consultants) ၊ ဦးဝဏ္ဏဇော် (Executive Creative Director of Faculty Link Contracts) နှင့် STI Myanmar University ၏ Engineering ဌာနမှ Lecturer Mr.Guy Nir တို့က ဆောင်ရွက်ပြီး ကျောင်းသား/သူများ၏ ဖန်တီးပြုလုပ်ချက်များအပေါ် အကြံပြုဆွေးနွေးကာ အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..