ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း
မေလ (၁၇) ရက်နေ့က Novotel Hotel မှာ အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့တဲ့ “ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့ အနာဂတ်လမ်းကြောင်း” Panel Discussion ပွဲမှာ ကြွရောက် ချီးမြှင့်ခဲ့ကြတဲ့ နယ်ပယ် အသီးသီးက Professor များ ဆရာ ဆရာမ များနှင့်တကွ အနုပညာရှင် မနန်းမြတ်ဖြိုးသင်းအား ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ Health Science နယ်ပယ်က ကျွန်မတို့ တွေးထားတာထက် အများကြီး ပိုကျယ်ပြန့်ပြီး ပြည်တွင်းသာမက ပြည်ပမှာပါ Global Opportunities တွေ အများကြီး ရှိနေတာကို Speakers တွေက သူတို့ရဲ့ ဖြတ်သန်းမှုတွေနဲ့တကွ ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ကြပါတယ်။ ကဏ္ဍစုံက ပညာရှင်တွေရဲ့ အမြင်တွေကို တစ်နေရာတည်းမှာ နားထောင်ခဲ့ရတာမလို့ တက်ရောက်သူတွေအတွက် အနာဂတ် Career ရွေးချယ်မှုမှာ အများကြီး အထောက်အကူဖြစ်စေမှာမယ်လို့လည်း မျှော်လင့်ပါတယ်။ ပွဲမတက်လိုက်ရလို့ နှမြောနေတဲ့သူတွေရော၊ အမှတ်တရတွေကို ပြန်လည်ခံစားချင်တဲ့သူတွေပါ Highlights လေးတွေကို ဗီဒီယိုထဲမှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော်။ 👇🌟