Architectural Engineering ဘွဲ့သင်တန်းတွင် Architectural Design Project ကို အကောင်းဆုံးတင်ပြနိုင်ခဲ့သော ကျောင်းသား|သူများနှင့် တွေ့ဆုံခြငး္
by မင်းသိန်းကျော်,နန်းအိခိုင်ခိုင်ကျော်, သဇင်နှင်းဆက်
July 2026
Architectural Engineering ဘွဲ့သင်တန်းတွင် Architectural Design Project ကို အကောင်းဆုံးတင်ပြနိုင်ခဲ့သော ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်း
🎤မေး- ပထမဆုံး မောင်လေး ၊ ညီမလေးတို့ရဲ့ နာမည်နဲ့ အတန်းတို့ကိုမိတ်ဆက်ပေးပါဦး။
👷👷*ဖြေ- ကျွန်တော့်နာမည်က မင်းသိန်းကျော် ၊ နန်းအိခိုင်ခိုင်ကျော် နဲ့ သဇင် နှင်းဆက်တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကArchitectural Engineering Second year second semester တက်ရောက်နေပါတယ်။
🎤#မေး- မောင်လေးတို့လုပ်ခဲ့တဲ့ Project Presentation ကအရမ်းကောင်းတယ်လို့ကြားတယ်။ ဒီအဆောက်အဦး ပုံစံငယ်လေးကို ဘယ်ကနေဘယ်လိုစပြီးလုပ်ခဲ့တာလဲ။
👷👷*ဖြေ- ပထမဆုံး ကျွန်တော်တို့ ဆရာက သင်္ကြန်မတိုင်မီကတည်းက အင်းစိန်ရွာမကျောင်းလမ်းရှိတဲ့ ၂၀၀ ပတ်လည် ဆိုက်တစ်ခုကို အရင်လေ့လာခိုင်းတယ်။ ပြီးတော့ လူနေတိုက်ခန်းတစ်ခုဆောက်ခိုင်းတယ်။ လူဘယ်နှစ်ယောက်နေမလဲ၊ လိုအပ်တဲ့ အချက်အလက်တွေကို စာရွက်နဲ့ ချရေးလိုက်တယ်။ ပြီးတော့ Apartment တစ်ခုဖန်တီးဖို့ Site Research အနေနဲ့ လည်း လေ့လာခိုင်းတယ်။ ပတ်၀န်းကျင်က လူတွေဘယ်လိုတိုက်ခန်းမျိုးကိုလိုလားသလဲဆိုတာလည်း သွားစုံစမ်းတယ်။ ပြီးတော့ သူတို့ပြောတဲ့ အချက်အလက်ကိုအခြေခံပြီး ဒီဇိုင်းတွေဖန်တီးတဲ့အခါ နာမည်ပေးရတယ်။ Project အစအဆုံးကို ကိုင်တွယ်မယ့် စာလုံး တစ်လုံးကို ရွေးချယ်တဲ့အခါ “Variance” ဆိုပြီး နာမည်ပေးလိုက်တယ်။ အဲ့ဒီမှာလည်း လမ်းတစ်ဖက် တခ်ချက်ဆီမှာ ချမ်းသာတဲ့ လူနေမူရပ်ကွက်နဲ့ ဆင်းရဲတဲ့ရပ်ကွက် အတူတူရှိနေတာမို့ “Variance” ဆိုပြီး ပေးလိုက်တာပဲ ဖြစ်ပါတယ်။
🎤#မေး- ဒီလိုပုံစံအထိ ရုပ်လုံးပေါ်လာအောင်လုပ်ရမှာ ငြင်းခုန်ရတာတွေရှိလား။
👷👷*ဖြေ- ရှိပါတယ်။ ကိုယ်စဥ်းစားထားတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းပေါ့ ။ သူငယ်ချင်းတွေရ့ဲ အိုင်ဒီယာတွေနဲ့ ကိုယ့်စိတ်ကူနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ
#မေး ဒါဆို Making Model ပေါ့ ၊ ဒီအဆောက်အဦးဒီဇိုင်းပုံစံငယ်လေးဖန်တီးပုံကို details ပြောပြပေးပါလား။
👷👷*ဖြေ- ဒီလိုပုံစံ မဖြစ်ခင်ကတည်းက အရင်ဆုံး အကြမ်းဆွဲပြီး ဆရာကို အပတ်တိုင်း ပြရတယ်။ ဆရာက ဘယ်လိုပြင်၊ ဘယ်လိုလုပ် comment တွေပေးပြီး အခုလို Model ဖြစ်လာတယ်။ ညီမတို့ ပထမလုပ်တဲ့ဒီဇိုင်းက ဘေးနားနည်းနည်းပိုစောင်းတယ်။ ဆရာက structure အရ တွက်လိုက်တဲ့အခါ ဆောက်လို့မရဘူးဆိုပြီးပြောတာပေါ့ ။ အဲ့ဒီကိုပြင်လိုက်တာပေါ့ ။ အစက တော့ ပြတင်းပေါက် တွေဘာတွေ သေချာဖောက်ဖို့ မရှိဘူး။ နောက်တော့ ခေါင်းစဥ်အတိုင်း “ Variance” သူများနဲ့ မတူပဲ ကွဲပြားခြားနားတယ်ဆိုတော့ လောဘကြီးပြီး ပိုပိုကောင်းအောင်လုပ်ဖြစ်လာတာပါ။ အရမ်း details ကျအောင် ဖုန်တွေဘာတွေမတက်အောင် ဖလင်ပြားတွေနဲ့ ပြန်ကပ်တယ်။ ပြတင်းပေါက်မှာ မှန်ကပ်ထားတဲ့ ပုံစံလေးဖြစ်အောင် ဖန်တီးဖြစ်ခဲ့တယ်။ လုပ်တာတော့ သူများထက် နှစ်ဆသုံးဆ ပိုပင်ပန်းပါတယ်။
🎤#မေး- အထပ်တွေကရော အပြင်မှာဆောက်လို့ရတဲ့ ဆောက်ချင်တဲ့ အရေအတွက်တိုင်းလုပ်ထားတာလား.။
👷👷*ဖြေ - ဟုတ်ပါတယ်၂၃ထပ်။ ကွန်ဒိုတစ်ခုဆောက်လို့ ရအောင်အကုန်အချိုးအစားအတိအကျနဲ့ လုပ်ထားဖြစ်တယ်။
🎤#မေး- အဲ့ဒီနေ့က Presentation လုပ်တာ အဖွဲ့ ဘယ်နှဖွဲ့လဲ။Presentation မှာ Jury တွေကရော ဘာတွေ Comments ပေးလဲ။
👷👷*ဖြေ- အားလုံးပေါင်း (၈) ဖွဲ့လုပ်ကြတယ်။ Jury လုပ်တဲ့ ဆရာနှစ်ယောက်စလုံး တော်တော်သဘောကျတယ်။ Impressive ဖြစ်တယ်လို့ပြောကြတယ်။ တခြား လိုအပ်မူအပေါ်အကြံပြုချက်အနေနဲ့ အဆောက်အဦးကမှန်တွေန့ဲမို့ နေထိုးနိုင်တယ်။ ပူနိုင်တယ်။ တကယ်ဆောက်ရင် အပူသက်သာအောင်ဘယ်လိုလုပ်မလဲ စဥ်းစားကြည့်ခိုင်းတယ်။
🎤#မေး-။သူငယ်ချင်းတွေကရော ဘာတွေ Comment ပေးလဲ။
👷👷*ဖြေ- သူငယ်ချင်းတွေကတော့ မီးထွန်းတာ သဘောကျတယ်။ ကားပါကင်လည်း စကေးတွေ ဘာတွေနဲ့ ပြချင်တော့ ကားလေးတွေထည့်တယ်။ သူတို့ဟာတွေနဲ့ မတူတော့ ကျွန်တော်တို့ Project ကြည့်ပြီး အံ့သြကြပါတယ်။
🎤#မေး-တကယ်လို့ ကိုယ်သာဆောက်ခွင့်ရမယ်ဆို ဒါကိုဆောက်ချင်လား။
👷👷 *ဖြေ- ဟုတ် ဆောက်ချင်ပါတယ်။ အစကတည်းကလည်း အပြင်မှာ တကယ်ဆောက်လို့ ရမယ့်ဟာကိုပဲ ကျွန်တော်တို့ကရွေးချယ် ဖန်တီးထားတာပါ။ ကျွန်တော့်တို့ သူငယ်ချင်းတွေထဲက တချို့အဖွ့ဲတွေကို Architecture ဘက်အရမ်းရောက်သွားပြီး အလိမ်တွေ ၊အကောက်တွေ Design ကို ဆန်းအောင်ဖန်တီးတော့ အပြင်မှာ ဆောက်ဖို့ခက်တယ်။ ကျွန်တော်တို့ကတော့ အဲဲ႔ဒိလိုမဟုတ်ပါဘူး။ မြန်မာနိုင်ငံအခြေအနေ နဲ့ ဆောက်လို့ရနိုင်မယ့် ၊ ပြင်ဆင်မယ်ဆို အနည်းအကျဥ်းလောက် ပြင်ရုံနဲ့ ဆောက်လို့ ရမယ့် ဒီဇိုင်းမျိုး ဖန်တီးထားပါတယ်။ မြန်မာနိုင်ငံက အခုရှိနေတဲ့ နာမည်ကြီးအဆောက်အဦးတွေမှန်သမျှကို သေချာလေ့လာထားပါတယ်။
🎤#မေး- အခု အားလုံးပြီးသွားတဲ့ အခါ ကိုယ့်ရဲ့ဒီဇိုင်းကို ကျေနပ်မှရှိသလား။
👷👷*ဖြေ- အများကြီးကျေနပ်ပါတယ်။ အားလုံးပျော်နေကြတာ။ အဲ့ဒီနေ့ည ပြီးချိန် မီးထွန်းတော့ ပျော်လွန်းလို့ ငိုတောင် ငိုချင်သွားပါတယ်။
🎤#မေး - အဲ့ဒီနေ့က မီးထည့်ဖို့ စိတ်ကူးကရော ဘယ်သူပေးတာလဲ။
👷👷*ဖြေ- အရင်က စီနီယာအဖွဲ့တစ်ဖွဲ့လုပ်တာ ကြည့်ဖူးပြီး အရမ်းကြိုက်ခဲ့တယ်။ ကိုယ့်အလှည့်ကျရင်လည်း လုပ်မယ်ဆိုပြီး အခုလည်း မီးကြိုးတွေ၀ယ်ပြီး ကိုယ့်ဖာသာ ထည့်တာပါပဲ ။ ခန့်မှန်းခြေနဲ့ လုပ်တာပါပဲ ။
🎤#မေး- အဲ့ဒီတော့ ဒီလောက်အထပ်မြင့်ကိုမီးတွေထည့်တော့ ပြိုသွားတာတွေ ဘာတွေမဖြစ်ဘူးလား။
👷👷*ဖြေ- ဖြစ်တယ်။ အားလုံးထည့်ရင်း န့ဲ ငါးထပ်မြောက်မှာ အပေါက်မရှိဘူးဖြစ်နေတယ်။ တစ်လွှာက အပေါက်ဖောက်ဖို့ မေ့ကျန်ခဲ့တယ်။ အားလုံးဆင်ပြီးမှ အပေါက်မဖောက်ဖြစ်လို့ အကုန်ပြိုကျသွားတယ်။ အဲ့ဒီမှာ အခက်ဆုံးက ပြတင်းပေါက်ဖောက်တာပဲ ။လက်တွေပါဓါးတွေရှပြီး လက်တွေလည်းယောင်တယ် ။ ကော်လောင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါက်ကလည်း ပထမတုန်း ကတစ်မျိုးပဲစဥ်းစားပြီး နောက်တော့ လေးဖက်လုံးမတူချင်ဘူး။ မတူတဲ့ ဒီဇိုင်းတွေ ဖြစ်အောင်လုပ်မယ်ဆိုပြိး လုပ်တယ်။ ဘယ်ဖက်ကကြည့်ကြည့် Building တစ်ခုတည်းမှာတောင် ဒီဇိုင်အမျိးမျိုးဖြစ်အောင် လုပ်ထားတာပါ။
🎤#မေး-ကို်ယ့် ဒီဇိုင်းကိုအားကျပြီး ဖန်တီးချင်တဲ့သူငယ်ချင်းတွေ၊ ဂျူနီယာလေးတွေကိုရော ဘာပြောချင်သေးလဲ။
👷👷*ဖြေ- အဲ့ဒီလိုမျိုး Model တစ်ခုကိုဖန်တီးမယ်ဆိုရင် အပြင်မှာ အိမ်ဆောက်သလိုပဲ ငွေကိုမခြွေတာပဲနဲ ႔ ဆောက်ပါလို့။ ကွန်တော်တို့ နှစ်သိန်းလောက်ကုန်တယ်။ စက္ကူလည်းထင်ထားတာထက် အများကြီးပိုကုန်တယ်။ ဒါပေမဲ့ ရလာဒ်ကကောင်းတယ်လေ။ ပြီးရင် Project ကိုထင်ထားတာထက် အချိန်ပိုယူပေါ့နော်။ သိပ်မလောနဲ့ ၊ ကျွန်တော့် အဖွဲ့ထဲမှာဆို မိန်းကလေးနှစ်ယောက်ပါတော့ သူတို့ဆိုအရမ်းလောပြီး ဓါးရှတာတွေ ဖြစ်ကုန်တယ်။ Safety first ဖြစ်အောင်လုပ်ပါ။ ကျွန်တော််တို့ဆိုလည်း ပြတင်းပေါက်ဖောက်တာတင် နှစ်ရက်လောက်အချိန်ပေးရတယ်။ ကျွန်တော်တို့ အချိန်ဇယားနဲ့လုပ်တာတောင် ထင်ထားတာထက်ပိုကြာလို့ပါ။ ကျွန်တော်ဆီ မှာပြတင်းပေါက်ကြီးပဲ အချပ်၂၀၀လောက်ပါတယ်။ ဒါပေမဲ့ အဲ့ဒီပြတင်ပေါက်ကြောင့် ပိုမိုက်သွားပါတယ်။
🎤#မေး- ဒါဆို မောင်လေး၊ ညီမလေးတို့ရဲ့ စိတ်ကူးယဥ်အိပ်မက်တွေအကြောင်းရော ပြောပြပါဦး။
👷👷*ဖြေ - ကျွန်တော်ကတော့ မာစတာဘွဲ့အထိ တက်နိုင်အောင်ကြိုးစားမယ်။ ပြီးရင် အောင်မြင်တဲ့ Architect တစ်ယောက်ဖြစ်အောင်ကြိုးစားမယ်။ ပြီးမှ နို်င်ငံခြားမှာ အလုပ်လုပ် သင်ယူပြီး မြန်မာနိုင်ငံမှာ ပြန်အလုပ်လုပ်ပေးချင်ပါတယ်။ ညီမတို့ကလည်း အခုလိုကျောင်းမှာ ဒီဇိုင်းတွေ ဖန်တီးရတာတောင် အရမ်းပျော်တာ။ ထူးချွန်တဲ့ ဗသုကာပညာရှင်တွေဖြစ်အောင် ကြိုးစားချင်ပါတယ်။
🎤#မေး- အခုလို details ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။
👷👷*ဖြေ- ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်။
Similar success journeys
University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business Administration…
Khant Khant Kyaw
• ပထမဆုံး ညီမလေးရဲ့ နာမည်နဲ့ STI မှာ ညီမလေး ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။ • ညီမက မခန့်ခန့်ကျော်ပါ ။ STI Myanmar University ကနေ…
BBA in Management (The Open University of Hong Kong) Online…
Myat Yadanar Sint (Yolanda)
I really like STIMU’s teaching system. Teachers are also really kind and patient to every student, as we…
BBA in Management (The Open University of Hong Kong)
Toe Nanda (Management Trainee ,Nestlé Myanmar Limited)
My BBA student life in STI was pretty excited because we are not always mess with assignments and…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →