Interview with Khant Min Lwin
Khant Min Lwin
August 2026
Interview with Khant Min Lwin
MBA-HHSM and BA(Hons)Business Administration Graduate
University of Bedfordshire UK
Managing Director - Santhawdar Eye Hospital
Founder - D Lounge Restaurant
💡ပထမဆုံး မောင်လေး ရဲ့ နာမည်နဲ့ STI မှာ ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။
• ကျွန်တော်နာမည်က ခန့်မင်းလွင်ပါ။ UK က တိုက်ရိုက်ချီးမြှင့်တဲ့ MBA (Hospital and Health Services Management) နဲ့ BA ( Hons) Business Administration ဘွဲ့တွေကို STIမှာ မကြာသေးခင်ကပဲ ရရှိထားပါတယ်။
💡STI မှာ ပညာသင်ကြားခဲ့တဲ့ အတွေ့အကြုံကိုပြောပြပေးပါဦး။
• ဒီမှာသင်ကြားရတာ အရမ်းကောင်းပါတယ်။ ဆရာ၊ဆရာမတွေကလည်း စာအသင်အပြကောင်းကြ တယ်။ Consultant ဆရာကြီး၊ဆရာမကြီးတွေဆို ကျောင်းသား/သူတွေ Research လုပ်တဲ့ အပိုင်းတွေမှာပါ ကူညီပေးကြတယ်။ ပြီးတော့ Assignment တင်ရတဲ့အခါ ကျွန်တော်တို့က အတန်းချိန်မဟုတ်ပဲ အပြင်မှာလုပ်ရတာတွေရှိတယ်။ အဲလိုအခါမျိုးမှာ ဆရာ/ဆရာမတွေကို ချက်ချင်းမေးချင်တာမျိုး ၊ ဆွေးနွေးချင်တာမျိုးရှိရင် တကယ့်ကို နေ့၊ညအချိန်မရွေးမေးလို့ရတယ်။ အားနာစရာမလိုဘူး။ ဆရာဆရာမတွေက ညသန်းခေါင်တွေကအစမေးလို့ရတယ်ဆိုပြီး offer လုပ်တယ်ပေါ့ ။ အဲ့ဒီတော့ အရမ်းအဆင်ပြေတယ်။ ဒီမှာ စာတမ်းတင်တဲ့အခါ ကိုယ့်ဖာသာလိုက်ရှာရတွေရှိတော့ အခက်အခဲရှိတိုင်း ဆရာ/ဆရာမတွေက အရမ်း support ပေး သလိုနောက်ဆုံးနှစ်အထိ စိတ်ရှည်လက်ရှည် ကူညီမူတွေပေးလို့ စာသင်ကြားမူပိုင်းမှာ perfect ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
💡နောက်ဆုံး final year မှာ UOB ကတိုက်ရိုက်စစ်တယ်လို့သိရတယ်ပေါ့နော်။ အဲ့ဒီမှာ မောင်လေး ဘယ်လိုမျိုးကြိုးစားခဲ့ရလဲ ၊ ပထမနှစ်၊ ဒုတိယနှစ်တုန်းကနဲ့ ကွာလား။
• ကွာတယ်ခင်ဗျ။ အရင်တုန်းကတော့ ဆရာမတွေ ရော ၊ကျောင်းက Library မှာရော ရှာပြီးလုပ် တယ်။ နားမလည်လည်း ဆရာမကို မေး အဲ့ဒီလိုမျိုးတွေလုပ်ခဲ့ရတယ်။ Final မှာကျတော့ Resource မရှိတော့ဘူး။ ဆရာမတွေကတော့ တတ်နိုင်သမျှ ရှာပေးကြတာပေါ့ ။ Final မှာ ပထမနှစ်တွေနဲ့ကွာ တာက refer လောက်ပဲ သင်ရိုးထဲကယူပြီး အပြင်ကနေရှာရတယ်။ ကိုယ်ပိုင် sentences တွေနဲ့ ပြန်ရေးရတယ်။ ဒါကြောင့် ပိုခက်ခဲတယ်။ ကျောင်းသားက တကယ်နားလည်မှပဲ Case study တစ်ခုကိုရေးတတ်မယ်ပေါ့ ။ အဲ့ဒီမှာ ကိုယ်လေ့လာလို့ရမယ့် Websites တွေကို ဆရာမတွေက ရှာကူတာမျိုးတွေလည်းရှိတယ်ပေါ့ ။ ကျွန်တော်တို့ဆို တစ်ညလုံးမအိပ်ခဲ့တဲ့ ညတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ဆို Second year တုန်းက Assignment လာရင် Case လာရင် သီအိုရီထဲက ဟာတွေ ရေးခဲ့မိတာတွေရှိတယ်။ ဆရာမတွေက အဲ့လိုမဟုတ်ဘူးဆိုပြီးရှင်းပြတယ်။ final မှာကျ ဟိုဘက်က တိုက်ရိုက်စစ်တော့ ပထမနှစ်ဝက် မှာ ကျွန်တော့် အတွေ့အကြုံကို ပြောပြချင်ပါတယ်။ တစ်တန်းလုံးက ဆရာမပေးတဲ့ သီအိုရီနဲ့ လုပ်ချိန် ကျွန်တော်က အကြောင်းကြောင်းကြောင့် lecture ကို မမီလိုက်တော့ ကိုယ်ပိုင် own idea , own sentences နဲ့ ရေးမယ် ။ဒီတော့ မတူတဲ့ ရှုထောင့်က ရေးမယ်ဆိုပြီး ရေးလိုက်တယ်။ ရလာဒ်လည်း ထွက်လာရော ၊ တစ်တန်းလုံးက Grade တူပြီး ကျွန်တော်က Grade တဆင့်မြင့်နေတယ်။ အဲ့ဒီတော့မှ ကျွန်တော်သံးု တဲ့ သီအိုရီကို အားလုံး ပြန်မေးကြတာတွေရှိတယ်။ ဒါကြောင့် final မှာ ကိုယ်ဖာသာ research လုပ်ပြီး resource လုပ်ရှာရတာက ခက်ပေမယ့် အဲ့ဒီလိုကြိုးစားမူကို ကိုယ်တိုင်ပဲ ခံစားရတာပါပဲ ။
💡ကိုယ့်ရဲ့ပညာသင်ကြားမူအတွေ့အကြုံအရ ကိုယ့် ဂျူနီယာတွေကို စာလေ့လာမူပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
• စာပုံမှန်လုပ်ဖို့ Group Study အကြံပေးချင်တယ်။ စာမေးပွဲ မဖြေခင် တစ်လလောက်အလိုမှာ သေချာ အချိန်ယူပြီး ပြင်ဆင်ဖို့ လိုပါမယ်။ Focus သေချာလုပ်ပြီး စာကို အာရုံစိုက်ပါ။ Second Year လောက်အထိ ကို အပြင်မှာ လေ့လာဖို့ ကိုယ်က အချိန်မရတာမျိုးဖြစ်စေ ၊ မလုပ်တတ်တာဖြစ်စေ ၊ စာအုပ်ထဲက lecture တွေနဲ့တင် လုံလောက်ပါတယ်။ Final year ကျရင်တော့ နေ့တိုင်း စာမဖတ်နိုင်ရင်တောင် တစ်ပတ်ကို (၃)ရက်လောက်တော့ပုံမှန်စာလုပ်ရပါမယ်။ ဖတ်စာအုပ်ကြီးပဲ ထက် အပြင်ကဂျာနယ် ၊ စာအုပ်နဲ့ online website တွေရှာဖို့ လိုပါမယ်။ ဉာဏ်လေး သုံးပြီး အားစိုက်ထုတ်ဖို့လိုမယ်။ ကိုယ်စာကို သေချာနားလည်တယ်ဆိုတာကို သက်သေပြတဲ့သဘောပဲ ကိုယ်က သူများပုံစံတူမဟုတ်ပဲ ကိုယ်ပိုင်ဟန်နဲ့ ရေးတာက ပိုကောင်းပါတယ်။ ပုံမှန်လေး စာလုပ်သွားရင် အဆင်ပြေပြေနဲ့ အောင်နိုင်ပါတယ်။
💡မောင်ခန့်မင်းလွင်က University of Bedfordshire က ပေးတဲ့ ဘွဲ့ကို UK နိုင်ငံအထိ သွားရောက်ယူခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွေ့အကြုံလေးပြောပြပေးပါဦး။
• ဟုတ်ကဲ့ STI Graduation က ဒီဇင်ဘာ (၇) ရက်နှေ့မှာ ပေးတာပါ။ UOB မှာ နိုဝင်ဘာ (၂၀)ရက်နေ့မှာပေးတာပါ ။ဒီမှာထက် နည်းနည်းစောပါတယ်။ ကျွန်တော် ဒီကျောင်းမှာ အပ်ကတည်းက UK ကဘွဲ့ကို ဒီမှာတိုက်ရိုက်ချီးမြှင့်တယ်ဆိုတာ သိရတော့ အခွင့်အရေးရရင် သွားယူဖို့ စိတ်ကူးထားမိပါတယ်။ အဓိကကတော့မိဘတွေက ပညာရေးပိုင်းမှာ အရမ်းပံ့ပိုးမူပေးတယ်။ UK နိုင်ငံရဲ့ပညာရေး ကိုလည်း လေ့လာချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံကကျောင်း သားတစ်ယောက်အနေနဲ့ ဒီမှာ ပညာသင်ပြီး UK အထိသွားပြီးဘွဲ့ယူရတဲ့ အတွေ့အကြုံလေး ဘဝမှာလိုချင်တယ်။ ဟိုမှာ STI က ကျောင်းသား (၃)ယောက် ကျွန်တော်လို့ လာရောက်ဘွဲ့ယူသူတွေနဲ့ ဆုံခဲ့ရပါတယ်။ နိုင်ငံ တကာ ကျောင်းသားတွေနဲ့လည်းဆုံခဲ့ရတယ်။ သူတို့ဆီမှာ အထွဋ်အမြတ်ထားတဲ့နေရာ တစ်ခုဖြစ်တဲ့ Church ကျောင်းမှာ ပဲ ဘွဲ့ နှင်းသဘင်ကို ကျင်းပပေးပါတယ်။ ဘွဲ့ယူရင်း သူတို့နိုင်ငံရဲ့ University Life ကိုလည်း အချိန်ပေးပြီးလေ့လာဖြစ်ခဲ့ပါတယ်။
💡အခု STI မှာဘွဲ့လည်းရပြီးပြီဆိုတော့ လက်ရှိဘာတွေလုပ်နေလဲ။
• ကျွန်တော်က အခု ကျွန်တော့်မိဘတွေရဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ Santhwdar Eye Hospital မှာ Managing Director အဖြစ်တာ၀န်ယူထားသလို ကိုယ်ပိုင် restaurant ဖြစ်တဲ့ D Lounge Restaurant ကိုလဲ တည်ထောင်ထားပါတယ်။
💡ဒီတော့ အခု ကိုယ်က ဘွဲ့ရရချင်းအလုပ်လုပ်တဲ့ အခါ ကိုယ့်မိဘလုပ်ငန်းပဲဖြစ်ပါစေ ၊ အခက်အခဲ တွေရှိလား။
• အခက်အခဲအနေနဲ့အရမ်းကြီးမရှိပါဘူး။ ကျွန်တော်က အခုလိုရာထူးတစ်ခုနဲ့ တာဝန်ယူ ပြီး အလုပ်မစခင်ကတည်းက Intern ဆင်းသလို ကိုယ့်လုပ်ငန်းမှာ လေ့လာတယ်။ နဂိုတည်းကလည်း ဒီလုပ်ငန်းက ကိုယ်နဲ့ အကျွမ်းတဝင်ရှိတော့ ကိုယ်အနေနဲ့ ဘယ်လိုတိုးတက်အောင်မြင်အောင်လု ပ်မ လဲဆိုတဲ့ စိတ်ကိုနစ်ပြီးလုပ်တဲ့ အခါ မိဘတွေကလည်း လုပ်ပိုင်ခွင့်ပေးတယ်။ ကြီးကြီးမားမား ဆုံးရှုံးမူနဲ့ အခက်အခဲတွေ မရှိပါဘူး။
💡STI မှာ ကိုယ်လေ့လာသင်ကြားခဲ့တာတွေက လုပ်ငန်းခွင်ထဲ နဖူးတွေ့ဒူးတွေ့ သုံးရတော့မယ်ဆိုတဲ့ အခါ အသုံးဝင်လား။ ကိုယ့်အတွက်အထောက်အကူပြုလား။
• အရမ်း အသုံးဝင်ပါတယ်။ အထောက်အကူလည်းပြုပါတယ်။ အရင်က တခါတလေတွေးဖူးတယ်။ ကျွန်တော်စာတွေ အများကြီးသင်ခဲ့ရတယ်။ အဲ့ဒါတွေမှတ်မိပါ့မလား၊ apply လုပ်တတ်ပါ့မလားလို့ စိုးရိမ်တာတွေရှိပေမယ့် တကယ်တမ်းတော့ မှတ်မိပါတယ်။ စာတွေ့ကနေ လက်တွေ့ကိုပြောင်းပြီး လုပ်တဲ့အခါ ခေါင်းထဲမှာ ရိုက်သွင်းထားသလို သူ့ဖာသာ မှတ်မိနေတာတွေရှိတယ်။ ဘယ်လိုလုပ်ရင် ဘယ်အဆင့်နှစ်ဆင့်ရှိသေးတယ်ဆိုတာမျိုးတွေ သိနေတယ်။ ကြေငြာမယ်ဆိုရင်တောင် အွန်လိုင်း ခေတ်မှာ Web ထက် Facebook က လူပိုသိတယ်။ ဒါပေမဲ့ facebook နဲ့ youtube ဆိုရင်ဘယ်ဟာ ရွေးမလဲ ၊ဘယ်ဟာကဈေးပိုကြီးနေမလဲဆိုတာမျိုးတွေ ချိန်တတ်တာမျိုးအသေးအဖွဲကအစ သိလာတယ်။ ပြီးတော့ ကျွန်တော် ကျောင်းမှာသင်ခဲ့ရတယ် ။ Lower Price Competition ဆိုတာ ကျွန်တော်အရင်ကသိပ်နားမလည်ဘူး။တကယ်တမ်း အလုပ်လုပ်တော့ အဲ့ဒါအရမ်းအသုံးဝင်တယ်။ ဥပမာ..ကျွန်တော်တို့ဆိုင်မှာတင်တဲ့ မျက်မှန်ကိုင်းတွေ၊မှန်တွေက အရမ်း quality ကောင်းတယ်။ တခြားပြိုင်ဖက်ဆိုင်တွေမှာလည်း အဲ့ဒါတွေကတင်တယ်ပေါ့ ။Quality ချင်းလည်းတူတယ်။ Brand Image ချင်းလည်းတူရင် ပြိုင်လို့မရတော့ဘူး။ အဲ့ဒီတော့ Price ပဲ ပြိုင်လို့ရတော့ ဈေးချင်းတူလို့ ကျွန်တော်တို့ က ဈေးလျှော့ရောင်းရင် ကျွန်တော်တို့ဆိုင်မှာပဲ ဝယ်မယ်ပေါ့။ ယေဘူယျမှန်တယ်။ ဒါပေမဲ့ ဆိုးကျိုးတစ်ခုရှိတယ်။ ကျွန်တော်တို့တင်ထားတဲ့ Brand Image ကိုဖျက်ဆီးပစ်ရာ ရောက်တယ်။ ကျွန်တော်တို့က Local ပဲ ကြည့်နေတဲ့ အချိန်မှာ Global နဲ့ယှဉ်ပြီး Customers ကအတုမို့ပဲဈေးကိုလျှော့တာလား၊ နည်းနေတာလားလို့ ဒါမျိုးပြဿနာတွေဖြစ်လာလို့ ကျွန်တော်တို့က ဘာကိုသုံးရလဲဆိုတော့ ဈေးကိုသေချာလည်းချိန်ရမယ်။ အဲ့ဒီတော့ စာမသင်ခဲ့တဲ့သူတွေဆို local မှာပဲ ရပ်သွားပြီ။ ကျွန်တော်တို့ကလေ့လာထားတော့ Global အထိသွားတယ်။ အဲ့ဒီမှာ Event Promotion လေးတွေ လုပ်ပေးရတယ်။ တစ်ခုဝယ်ရင် နောက်ထပ် ရနိုင်မယ့်လက်ဆောင်လေးတွေ အဲ့လိုမျိုးလေးတွေ လုပ်ပေးရပါတယ်။ အဲ့ဒါက ကျောင်းတက်ရင်းရတဲ့ သင်ခန်းစာတွေကနေတဆင့် လက်တွေ့အကျိုးကျေးဇူးတွေပါပဲ။
💡ဒါဆို အနာဂတ်ရည်မှန်းချက်ကိုလည်း ပြောပြပေးပါဦး
• ကျွန်တော် အနာဂတ်ရည်မှန်းချက်က များတယ်။ လုပ်ချင်တာတွေများတယ်။ အခုလက်ရှိလုပ်နေတဲ့ လုပ်ငန်းကိုလည်း ထပ်ပြီးတိုးတက်အောင်မြင်အောင်လုပ်မယ်။ eye hospital နဲ့ပတ်သက်ပြီး နိုင်ငံခြားက ဆရာဝန်တွေနဲ့ လုပ်ဖို့ရော ၊ ဆေးရုံတွေမှာ ပစ္စည်းတွေသွင်းဖို့ Trading ပိုင်းကို အဓိက လေ့လာချင်ပါတယ်။ ပြီးတော့ အစားအသောက်ပိုင်းကိုလည်း ဝါသနာပါတော့ စားသောက်ဆိုင်ကိုလည်း အများကြီးအောင်မြင်အောင်လုပ်ချင်ပါတယ်။
💡STI ကိုရော ဘာတွေပြောချင်ပါသလဲ
• UK ကပေးတဲ့ဘွဲ့ကို ဒီနိုင်ငံမှာရော UK နိုင်ငံအထိပါသွားရောက်ယူခဲ့ပြီးပါပြီ စာသင်ကြားမူပိုင်းနဲ့ ပတ်သက်ပြီး ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။ ဒါကြောင့်လည်း မဟာဘွဲ့ကို ဒီမှာပဲ ဆက်တက်ခဲ့တာပါ။ အားလုံးကို ကျေးဇူးတင်ကြောင်းပဲ ပြောချင်ပါတယ်။
Similar success journeys
👩🏻🎓 𝐒𝐓𝐈𝐌𝐔’𝐬 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐀𝐥𝐮𝐦𝐧𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 ⭐ “𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝗶𝗻𝗴 𝗼𝘂𝗿 𝗶𝗻𝗰𝗿𝗲𝗱𝗶𝗯𝗹𝗲 𝗮𝗹𝘂𝗺𝗻𝗶…
Phyo Maung Hein
👩🏻🎓 𝐒𝐓𝐈𝐌𝐔'𝐬 𝐒𝐮𝐜𝐜𝐞𝐬𝐬𝐟𝐮𝐥 𝐀𝐥𝐮𝐦𝐧𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 ⭐ "𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝗶𝗻𝗴 𝗼𝘂𝗿 𝗶𝗻𝗰𝗿𝗲𝗱𝗶𝗯𝗹𝗲 𝗮𝗹𝘂𝗺𝗻𝗶 𝗰𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆! 🎓⭐ 𝗠𝗴 𝗣𝗵𝘆𝗼 𝗠𝗮𝘂𝗻𝗴 𝗛𝗲𝗶𝗻 BA (Hons)…
🎉 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐭𝐢𝐨𝐧 𝐀𝐰𝐚𝐫𝐝 𝐚𝐭 𝐀𝐀𝐀𝐇 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (𝐈𝐭𝐚𝐥𝐲) 𝐟𝐨𝐫 𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡…
Dr. Nay Thiha
🌟မကြာသေးမီက 𝐒𝐓𝐈 ရဲ့ 𝐌𝐒𝐜 (𝐏𝐮𝐛𝐥𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡) 𝐁𝐚𝐭𝐜𝐡 𝟗 မှ 𝐃𝐫. 𝐍𝐚𝐲 𝐓𝐡𝐢𝐡𝐚 က 𝐀𝐀𝐀𝐇 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 (𝐀𝐀𝐀𝐇 ညီလာခံ) …
Dr. Khin Nyein Chan
Dr. Khin Nyein Chan
STIMU ၏ MSc ( Public Health) ဘွဲ့ရ ဒေါက်တာခင်ငြိမ်းချမ်း (Country Director the ICAP at Columbia University team in Myanmar)…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →