MSc ( Nutrition & Dietetics) ဘွဲ့ရ ကျောင်းသူ ဒေါက်တာPreeti Kochar နှင့် တွေ့ဆုံခြင်း
Dr. Preeti Kochar
July 2026
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့ Master of Science in Nutrition Dietetic ဘွဲဲ႕ကို University of Bedfordshire (UK) တက္ကသိုလ်တွင် သွားရောက်ယူခဲ့သည့် ဒေါက်တာPreeti Kochar @ နှင်းဟေမာန်အောင် ၏ ပညာသင်ကြားခြင်းအတွေ့အကြုံများအကြောင်းကို ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းထားပါသည်။
#မေး - မင်္ဂလာပါဒေါက်တာ။ ဒေါက်တာရဲ့နာမည် နဲ့ STI မှာ တက်ရောက်ခဲ့တဲ့ အတန်းနဲ့ ဘဲြဲ႕တို့ကို မိတ်ဆက်ပေးပါဦး။
ဘာကြောင့် ွSTI Myanmar University ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာလဲဆိုတာလည်း ပြောပြပေးပါ။
#ဖြေ - မင်္ဂလာပါ။ ကျွန်မနာမည်က ဒေါက်တာ Preeti Kochar ပါ ။ နှင်းဟေမာန်အောင်လို့လည်းခေါ်လို့ရပါတယ်။ MSc ( Nutrition & Dietetics) ဘွဲ့ကို STI Myanmar Universityမှာ (၂) နှစ်သင်ယူခဲ့ပါတယ်။ ဆေးကျောင်းကို မန္တလေးမှာပဲ ၂၀၁၀ ခုနှစ်မှာ ကျွန်မပြီးခဲ့ပါတယ် နဂိုကတည်းကလည်း မာစတာဘွဲ့တစ်ဘွဲ့ယူဖို့ စဥ်းစားနေချိန် ကိုယ်တကယ်စိတ်၀င်စားနေတဲ့ Nutrition subject ကို STI မှာဖွင့်တော့ ကျောင်းကိုလည်း စိတ်တိုင်းကျလို့ ရွေးချယ်ပြီး တက်လိုက်တာပါ။
#မေး - Nutrition & Dietetics ဘွဲ့က ဘယ်နှစ်နှစ်တက်ရတာလဲ ၊ ဆရာ၀န်တစ်ယောက်အနေနဲ့ ရော အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရမှာ အဆင်ပြေမူရှိရဲ့လား။
#ဖြေ - နှစ်နှစ်တက်ရတာပါ။ ပြောရရင် ကျွန်မက အိမ်ထောင်သည် ကလေးအမေဆိုတော့ ၊ ဒီဘွဲ့ကိုယူချိန် ကလေးတစ်ယောက်ရှိတယ်။ နောက်တစ်ယောက်ကလည်း ဗိုက်ထဲမှာ အဲ့ဒီလိုအချိန်မှာ ကျောင်းတက်ရင်းယူရတာလေ။ ကြိုးစားချင်စိတ်နဲ့ အနည်းငယ်ပင်ပန်းတာကလွဲရင် ကျောင်းက စာသင်ကြားရတာတော့ အဆင်ပြေပါတယ် ။ ကျောင်းကလည်း ဒီမဟာဘွဲ့သင်တန်းတွေကို အလုပ်လုပ်ရင်း တပြိုင်တည်း သင်ကြားနိုငိ်အောင် စနေ၊ တနင်္ဂနွေ အတန်းတွေဖွင့်ပြီး သင်ပေးထားတာမို့ အချိန် manage လုပ်ရတဲ့ အပိုင်းကလည်း အခက်အခဲ သိပ် မရှိပါဘူး။
#မေး- ဒေါက်တာ က ဒီ Nutrition ဘာသာရပ်ကို နဂိုကတည်းစိတ်၀င်စားတာလား။
#ဖြေ-ပြောရရင်တော့ ဆရာ၀န်တစ်ယောက်လည်းဖြစ်တော့ ကျောင်းမှာကတည်းက Subject တစ်ခုအနေနဲ့ သင်ကြားဖူးခဲ့တယ်။ အရမ်းကြီး အသေစိတ်တော့ မဟုတ်ဘူး။ ဒီလိုပဲ ကိုယ့်ရ့ဲနေ့စဥ်ရှင်သန်နေတဲ့ ဘ၀ထဲမှာ မိသားစုကလည်း ကျန်းမာရေးနဲ့ပတ်သက်ရင် အရမ်း Health Conscious ဖြစ်တယ်။ ဘယ်ဟာစားရင်ဘယ်ဟာန့ဲ မတည့်ဘူး။ ဘယ်ဟာစားရင် ဘာန့ဲ မတည့်ဘူး ။ အဲ့ဒီလိုမျိုးပေါ့ ။ ကိုယ့်မိသားစုရော ၊အမျိုးသားဘက်ကမိသားစုရောပေါ့ ။ သူတို့အတွက် အမြဲ တွေးပေး ၊စဥ်းစားပေးရတာ ၊ဒီတော့ အရင်ကတော့ စာတွေပဲ အပြင်မှာဖတ်တာ လောက်ရှိတယ်။ စနစ်တကျ သိရှိ နည်းလည်တာ အသေးစိတ်တာမျိုးမရှိဘူး။ STI မှာတက်ရောက်ဖြစ်တဲ့အခါ သင်ရိုးတွေက အရမ်းကောင်းတော့ တစ်ခါတည်းလက်တွေ့ဘ၀မှာပါ Apply လုပ်ဖြစ်ခဲ့တယ်။
#မေး- ဟုတ်ကဲ့ ၊ STI ကလုပ်တဲ့ ဒီမဟာဘွဲ့သင်တန်းမှာသင်ကြားမူအပိုင်းနဲ့ ပတ်သက်ပြီး ဒေါက်တာရဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
#ဖြေ- ကျွန်မက ၂၀၁၆ မှာ STI ကို Join တာပေါ့ ။ အစတုန်းကတော့ ကိုယ်ထင်ထားတာနဲ့ သိပ်မတူသလိုခံစားချက်မျိုးဖြစ်မိတယ်။ ကိုယ်ကတွေးတာက ကျောက်ကပ်ဆို ဘာစားရင်ဘာပေါ့။ ကင်ဆာသမားဆို ဘာ..ဘာစားပေါ့ ။ သူက တော့ Food Science ဘက်ကို သွားတယ် ။ ပရိုတိန်းဆိုလည်း အဲဲ႔ဒီမှာ ခွဲခြမ်းစိတ်ဖြာပြတာမျိုးပေါ့ ။ကာဘိုဟိုက်ဒရိတ်ဆိုလည်း အသေးစိတ်တွေ သင်ရတာပေါ့ ။အဲ့ဒီကနေ တဖြည်းဖြည်း တဆင့်ချင်းသွားတာ ။အရမ်းသေးစိတ်တယ်။ စကားလုံးတစ်လုံးကိုပဲ ဆယ်မျက်နှာလောက် ဖတ်ချင်ဖတ်နေရတာမျိုး။ ကိုယ်က မာစတာလည်း မတက်ဖူးတော့ ပထမတော့ စိတ်မရှည်သလိုမျိုးဖြစ်ပေမယ့် ကျောင်းပြီးချိန်မှာတော့ Research လုပ်တဲ့ အပိုင်းမျိုးတွေမှာကျ အရမ်းကောင်းတဲ့ အထောက်အကူပြုမူတွေတွေ့ခဲ့ရပါတယ်။ ပြီးတော့ STI Myanmar University က UK က Bedfordshire University ရယ်၊ ထိုင်းနိုင်ငံ Mehidol Universityနဲ့ အတူလက်တွဲအလုပ်လုပ်တာမို့ အဲ့ ဒီက ဆရာ ၊ဆရာမ တွေကို ဒီကိုလာပြီးသင်ကြားပေးပါတယ်။ Discussion ပုံစံမျိုးသွားတာရယ်၊ ကိုယ်မမျှော်လင့်တဲ့ မေးခွန်းတွေမေးတဲ့ အခါ စဥ်းစားပြီးဖြေရတာမျိုးကအရမ်းစိတ်၀င်စားဖို့ကောင်းပါတယ်။ အရင်က ကိုယ်သိထားတဲ့Knowledge နဲ့ သင်ယူရင်းနဲ့ သိလာတဲ့ Knowledge နဲ့ပေါင်းပြီးစဥ်းစားရတာမို့ ပိုသဘောကျတယ်။ ထိုင်းနိုင်ငံမှာဆိုရင် Nutrition & Dietetics ဘာသာရပ်ကို အရမ်းအထူးပြုလေ့လာကြတာများတော့ သူတို့ဆီက ဆရာ ၊ဆရာမတွေက Education Tool တွေ၊ food model လေးတွေ နမူနာ ပုံစံလေးတွေ လုပ်ပြီးပြသတယ်။ ဒီကျောင်းမှာဆိုလည်း ကျွန်မတို့ လုပ်ခ့ဲရတယ်။
#မေး - ဒေါက်တာအနေနဲ့ Nutrition Subject က ဆရာ၀န်တစ်ယောက်အနေနဲ့ဘယ်လောက်အရေးကြီးတယ်လို့ ယူဆထားလဲ။
#ဖြေ - အရမ်းအရေးကြီးတာပေါ့ ။သူကကာကွယ်ခြင်း Prevention အနေနဲ့ဖြစ်နေတာပေါ့ ။အဲ့ဒါကို ကျွန်မပိုသဘောကျတယ်။ လူတစ်ယောက်အနေနဲ့ ရောဂာဖြစ်မှမဟုတ်ပဲ လူတစ်ယောက်ရဲ့ Lifestyle ကို ပြောင်း လဲ လိုက်လို့ရအောင် အများကြီးပံ့ပိုးပေးတယ်။ သေချာလုပ်ကြည့်မယ်ဆိုရင် အသက်အရွယ်ရလာရင် ဆီးချိုဖြစ်တာ ၊ ရောဂာဆိုးတွေ၀င်တာမျိုးမရှိပဲ ကျန်းမာတ့ဲ ဘ၀တစ်ခုကို ပိုင်ဆိုင်အောင်လုပ်နိုင်မယ်။ မကျန်းမာတဲ့သူ တွေတောင်မှ ဆေးညွှန်းကောင်းရင် ၊ Nutrition နဲ့တွဲပြီး ကုသရင် ထိုးဆေးတွေ မလိုပဲ သောက်ဆေးနဲ့ အဆင်ပြေအောင်လုပ်နိုင်မယ်။ ကျွန်မရဲ့ လူနာတွေဆို ဆေး(၃) (၄) မျိုးကနေ တစ်မျိုးလောက်နဲ့ ပြီးသွားတယ်။ ကိုယ့်စကားကို နားထောင်ပြီးလုပ်တဲဲ႔သူဆို အတော်လေးသိသာတယ်။ ဒါတောင် သူတို့ကို စိတ်ချအောင်သာ ဆေး ပေး ထားတာ ။ အသက်အကြီး ရွယ်အိုတွေဆို နည်းနည်းလေးနဲ့ အာဟာရဖြစ်မယ့်ဟာ ဘယ်ဟာမှာ မပိုရဘူး။ ဘယ်ဟာမှာမလိုရဘူး။ အဲ့ဒီလိုမျိုးလေးတွေ လုပ်ပေးရတာ ။ ဒီလိုင်းမှာ လုပ်တဲ့ ဆရာ၀န်တွေက လူနာ ကိုယ့်ဖက်ပါအောင် ပြောနိုင်လေ သူတို့ကျန်းမာရေးအတွက် စိတ်ချရလေပဲ။ကျွန်မက နဂိုကတည်းက ကိုယ့်ဖက်ပါအောင် ပြောတတ်သူမို့ ဒီလိုင်းကကျွန်မနဲ့ကိုက်တယ်လို့ ပြောရမှာပါပဲ ။ အဓိကက စိတ်ရှည်ရတယ်။ ကိုယ့်ရဲ့ စိတ်ရှည်မူကပဲ ကိုယ့်ရဲ့ treatment ဖြစ်နေတာလို့ ပြောရမှာပါပဲ။ ကိုယ်သိတဲ့ Knowledge ကို တကယ် apply လုပ်ရင် လက်တွေ့သိရတာပေါ့ ။တကယ်လုပ်လို့ တကယ်ကောင်းနေတယ်။ တကယ်မလုပ်ရင်တကယ် မကောင်းဘူး။ အဲ့ဒီလိုမျိုးပေါ့ ။ လက်တွေ့သိရတော့ပိုအဆင်ပြေတာပေါ့ ။
#မေး- ဘန်ကောက်က ဆေးရုံမှာ ဒေါက်တာတို့ internship သွားတဲ့ အကြောင်းလည်းပြောပြပါဦး။
#ဖြေ- ဟုတ်ကဲ့ ။ ဘန်ကောက်မှာ ရတဲ့ အတွေ့အကြုံကလည်း အရမ်းတန်ဖိုးရှိပါတယ်။ အဲ့ဒီတုန်းက ကျွန်မက အရမ်းစိတ်၀င်စားတော့ အချိန်တွေဆိုတာ ဘယ်လိုကုန်သွားမှန်းမသိပါဘူး။ ဆေးရုံတွေမှာ လူနာနဲ့သွားရတာရှိတယ်။ အစာနဲ့သွားရတာရှိတယ်။ နေ့လည်ပိုင်းမှာ ကိုယ်တွေကိုမေးခွန်းတွေပေးပြီးသား ။ Nutrition Fact လိုပုံစံမျိုး ကိုယ်တွေကို တွက်ခိုင်းတယ်။ ပြီးတော့ သူတို့တွက်တဲ့ဟာနဲ့ပြန် check လုပ်မယ့်ဟာ ဒါမျိုးကတော့ နည်းနည်း Challenge ဖြစ်တယ်လို့ပြောရမှာပါ။ ကိုယ်တွက်လိုက်တဲ့အခါ ၊၊ သူတို့တွက်တဲ့ အခါ ဘယ်လိုမျိုးပေါ့ ။ ပြန်စိစစ်ပေးတယ်။ ကိုယ် reference လုပ်တဲ့ဟာမျိုးဆိုလည်း ကိုယ်က internet မှာ ရှာတဲ့ website က တကယ် Academic ဖြစ်ဖို့လိုတယ်။ အဲ့ဒါလည်း အရေးကြီးပါတယ်။ အဲ့ဒီ internship မှာတော့ သွေးတိုး၊ ဆီးချို လူနာတွေကိုပဲ အဓိက ကုသရင်းသင်ယူဖြစ်တယ်။
#မေး- STI Myanmar University မှာ Msc ( Nutrition & Dietetics) ဘွဲ့ ကို ဒေါက်တာက STI မှာတင်မကပဲ UK အထိသွားရောက်ယူခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
#ဖြေ- အဓိက တော့ပြောရရင် ဒီနိုင်ငံမှာ UK က တိုက်ရိုက်ချီးမြှင့်တဲ့ဘွဲ့ကို ရယူနိုင်တဲ့ STI လို တက္ကသို်လ်မှာ တက်ရောက်ခွင့်ရတာ ၀မ်းသာရပါတယ်။ UK ကသင်ရိုး နဲ့သင်ပြီး UK ကဘွဲ့ကို UK မှာ သွားယူချင်ရင်လည်း ယူလို့ရတယ်ဆိုတော့ ကိုယ်ကလည်း ဒီဘွဲ့ကို တက်တဲ့အချိန်မှာ ကလေးကိုယ်၀န်နဲ့ သေချာကြိုးစားပြီးလုပ်ခဲ့တာမို့ ဘွဲ့ရတော့ UK အထိပါသွားယူခဲ့တာပါ။ ဒီက STI မှာကျတော့ နှစ်ဖက်မိဘတွေနဲ့ ဘွဲ့ယူချင်လို့ ယူခဲ့တာပါ ။ UK ကိုတော့ကျွန်မနဲ့ အမျိုးသားရယ် ကလေးနှစ်ယောက်ရယ် မိသားစုပဲ သွားခဲ့တယ်။ ရတဲ့ အတွေ့အကြုံအနေနဲ့ပြောရရင် တခြားမာစတာဘွဲ့တွေအများကြီးရိွတယ်။ သူတို့နဲ့ အတူယူရတယ်။ လူမျိုးပေါင်းစုံ၊နိုင်ငံပေါင်းစုံ ၊ တခြားနို်င်ငံတွေကလာတဲ့ သူတွေနဲ့ယူရတယ်။ ဒီမှာတော့ ကိုယ်နဲ့ အတူတက်တဲ့ သူငယ်ချင်းတွေနဲ့ ယူရတယ်။ အဲ့ဒီလို feeling လေးအနေနဲ့ ကွာခြားသွားတာပေါ့ ။ပြီးတော့ အင်္ဂလန်မှာတက်နေတဲ့ မြန်မာတစ်ယောက်လည်းရှိတယ် ။ သူန့ဲက ဆက်ရှင်မတူလို့ ဘွဲ့အတူမယူရပေမယ့် တွေ့ခဲ့သေးတယ်။ သူတို့ဆီမှာ Rehearsal လည်းမရှိပါဘူး ။ အမှတ်တရ အနေနဲ့ ပြောရရင် အဲ့ဒီနိုင်ငံမှာ မာစတာယူတဲ့သူတွေကကလေးငယ်လေးတွေရဲ့ အဖေ (ဒါမှမဟုတ်) အမေ တွေဖြစ်တာများတယ်။ တချို့လည်း အသက်ကြီးကြတယ်။ သူတို့ဆီ်မှာ အသက်ကြီးတဲ့အထိ ပညာကိုသင်ကြတုန်း ၊ ပညာကို ဆည်းပူးချင်ကြတုန်း ၊အိမ်ထောင်တွေဘာတွေပြု ပြီးကလေးတွေရတာတောင် စာတွေဆက်သင်ကြတော့ ကလေးအမေဖြစ်တဲ့ကိုယ်ပါအားရှိရတယ်။ ဘွဲ့အခမ်းအနားအနေနဲ့ ပြောရရင် STI က လုပ်ပေးတဲ့ Graduation Ceremony ကတောင် ပိုပြိးခမ်းနားပါသေးတယ်။ STI မှာ လာရောက်ချီးမြင့်တဲ့ Vice Chancellor Mr.Bill Rammell ပဲ UK တက္ကသိုလ်မှာလည်း ပေးတယ်။ အတူတူပါပဲ။
#မေး- အခုလက်ရှိ ဒေါက်တာ တာ၀န်ယူပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအကြောင်းပြောပြပေးပါဦး။ Nutrition နဲ့ ပတ်သက်ပြီးရော ဘာတွေဆက်လုပ်ဖြစ်လဲဒေါက်တာ
#ဖြေ- အခုလက်ရှိ ၀ိတိုရီယမှာ လူနာကြည့်ပေးဖြစ်ပါတယ်။ ဆရာ၀န်တွေ refer လုပ်တဲ့ လူနာတွေကို Nutrition Support လုပ်ပေးဖြစ်တယ်။ အဓိကက ဆေးရုံဆိုတော့ လူနာကြည့်ဖြစ်တယ်။ အပြင်မှာလည်; Nutri Star Nutrition Center ဆိုပြီး ဆေးခန်း ရှိတယ်။ တယ်။ ဆေးရုံမှာဆိုရင်တော့ ကျွန်မက အာဟာရဆရာ၀န်ဆိုတော့ တကယ်ရောဂာဖြစ်နေတ့ဲ လူတွေအတွက် ပဲ အလုပ်လုပ်ဖြစ်တယ်။ ဆေးခန်းမှာကျတော့ ၀ိတ်ချချင်တဲ့လူနာတွေနဲ့ လာတိုင်ပင်ဆွေးနွေးတဲ့ လူနာတွေအတွက်ပဲ အလုပ်လုပ်ဖြစ်တယ်။ ဆေးရုံကလူနာတွေအတွက် နှာခေါင်းပိုက်ထဲထည့်ဖို့ လိုအပ်မယ့် အစာပေါ့ ။ ဘယ်နှစ်နာရကြာမယ်။ ကယ်လိုရီဘယ်လောက် တခါတည်း လုပ်ပေးတယ်။ ညွှန်ကြားပြီး လူနာကိုတိုက်တယ်။ ဆေးခန်းမှာ ကလေးတွေအတွက် အာဟာရဖြည့်စွက်စာ ပြင်ဆင်ပုံတွေ ၊ ၀ိတ်ကျချင်တဲ့လူနာတွေအတွက် သင်တန်းပေးဖို့ လည်းရှိပေမယ့် စိတ်မအားလူမအားသေးတော့ အဲ့ဒီဘက်ကို အာရုံမစိုက်နိုင်ဘူး။ ကင်ဆာသမားတွေအတွက်ဆို ဆေးခန်းမှာ အစေ့အဆံလေးတွေနဲ့ ပြန်တွက်ပြီး အလုံးလေးတွေလုပ်ပြီး မြိုချလို့ရအောင် တခါတည်းလုပ်ပေးတယ်။ အရမ်းကောင်းလို့ သဘောကျကြတယ်။ အဲ့ဒါတွေက STI တက်ခဲ့လို့ အကျိုးရှိခဲ့တာတွေပါ။ ကျွန်မက ဘန်ကောက် မှာ Internship ဆင်းတော့ အစားအစာနမူနာလေးတွေလုပ်တယ်။ အဲ့ဒီကနေ Nutrition fact တွေ နဲ ပြန်တွက်ရင်း အခုလို လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါ အကျိုးကျေးဇူးရှိတာတွေ့ရပါတယ်။
#မေး - ဒါဆို ဒေါက်တာရဲ့ ရှေ့ဆက်လျှောက်မယ့် အစီအစဥ်လေးတွေပြောပြပေးပါဦး။
#ဖြေ- အာဟာရဆရာ၀န့်ဖြစ်ထားတော့ လူနာတွေ အတွက်အကျိုးရှိတာသေချာ တော့ ပင်ပန်းလည်းလုပ်ရတာပျော်တယ်။ လူနာတွေနဲ့ နီးနီးကပ်ကပ်နေပြီး အခုလို အာဟာရနဲ့ ပတ်သက်ပြီးညွှန်ကြားပြသပေးရတာ ၊ဓါတ်စာတွေကအစ ကိုယ်တိုင်တွက်ပြီး လုပ်ပေးရတာ အရမ်းကျေနပ်ပါတယ်။ kitchen မရှိတဲ့ ဆေးရုံတွေအတွက် နယ်ကလာတဲ့ လူနာတွေရဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ကျွန်မရဲ့ clinic ကိုလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လေးလုပ်သွားမယ်။ Clinic နဲ့ ဆေးရုံနဲ့ ကျွန်မရဲ့ အတွေ့အကြုံတွေကို ဖလှယ်ပြီး လူနာတွေအတွက်ပဲ အမြဲ စဥ်းစားရင်း ရှင်သန်ဖို့ ဆုံးဖြတ်မိတယ်။ ကိုယ်လည်းတကယ်စိတ်၀င်စားပြီး ကိုယ်နဲ့လည်း လိုက်ဖက်တဲ့ အာဟာရ အစားအစာနဲ့ အာဟာရဆို်င်ရာဘွဲ့ကို ဒီနိုင်ငံမှာပဲ နိုင်ငံတကာအဆင့်မီ သင်ကြားခွင့်ရအောင် ပံ့ပိုးပေးတဲ့ STI ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Phoo Pwint Phyo (Flora)(Dean List Award ( Spring Term) )
Since I was young, my goal is to become a bright business-woman. After I finished my matriculation exam,…
Video Interview with MBA MA Lai Yi
Lai Yi
#ကျွန်မက မလဲ့ရည်၀င်းပါ ။၂၀၁၂ မှာ BE ဘွဲ့ရပြီး အင်ဂျင်နီယာ field မှာ နှစ်နှစ်လောက် အလုပ်လုပ်ပြီးချိန် Master ဘွဲ့ယူဖို့ ကျွန်မစုံစမ်းဖြစ်ခဲ့ပါတယ်။ ကျွန်မက နိုင်ငံတကာ အဆင့်မီတဲ့ မဟာဘွဲ့ကို…
University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business Administration…
Khant Khant Kyaw
• ပထမဆုံး ညီမလေးရဲ့ နာမည်နဲ့ STI မှာ ညီမလေး ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။ • ညီမက မခန့်ခန့်ကျော်ပါ ။ STI Myanmar University ကနေ…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →