MSc (Public Health) မဟာဘွဲ့ရရှိခဲ့သော National Community Driven Development Project (NCDDP) တွင် National Consultant အဖြစ်တာ၀န်ထမ်းဆောင်နေသူ ဦးအောင်မြတ်ကျော် နှင့် တွေ့ဆုံခြင်း
Aung Myat Kyaw
July 2026
1.မေး - မင်္ဂလာပါဆရာ ၊ ဆရာက STI Myanmar University မှာ MSc (Public Health) ကို တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ ပထမဆုံး ဆရာရဲ့နာမည်နဲ့ ၊ STI ကို ဆရာဘယ်လိုသိခဲ့လဲ ဆိုတာလေး မိတ်ဆက် ပြောပြပေးပါ။
ဖြေ - ကျွန်တော့်နာမည်က ဦးအောင်မြတ်ကျော်ပါ။ STI ကို ယခင်ကတည်းက MICT Park ကို ဖြတ်သွားဖြတ်လာ လုပ်လုပ်ရင်း သိခဲ့ရပါတယ်။ ဒါပေမယ့် ဒီသင်တန်းမတက်ခင်မှာ Facebook ကြော်ငြာမှာ ကြည့်ရင်း ဆက်သွယ်မိတာပါ။
2.မေး - ဆရာ Public Health မေဂျာကို အထူးပြုပြီးမဟာဘွဲ့ယူ၍ စိတ်ကူးဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ - ကျွန်တော်က Bachelor of Nursing Science (BNSc) Degree Holder ပါ။ ဒါပေမယ့် Nursing Professional ကို တစ်ရက်မှ မရွေးချယ်ဖြစ်ခဲ့ပါဘူး။ Clinical ပိုင်းကို စိတ်ဝင်စားပေမယ့် clinical setting က ကျွန်တော့်အတွက် comfortable မဖြစ်တဲ့အတွက် Public Health ကိုပဲ ရွေးချယ်မယ်လို့တော့ နဂိုကတည်းက စိတ်ကူးရှိခဲ့ပါတယ်။ ပြီးတော့ Prevention ပိုင်းကိုလည်း ပိုသဘောကျပါတယ်။ ဒါကြောင့် ကျောင်းပြီးကတည်းက M.P.H တက်နိုင်မယ့်အခွင့်အရေးကို ရှာဖွေနေခဲ့ပါတယ်။ အခု STI က ဖွင့်လာတော့ ရေကန်အသင့်ကြာအသင့် ဖြစ်လာခဲ့တယ်ပြောရမှာပေါ့။
3.မေး- ဆရာ့က ဘယ်နှစ်ခုနှစ်မှာ STI မှာ တက်ခဲ့တာလဲရှင်။ Public Health ဘာသာရပ်မှာ သင်ကြားမူပိုင်းနဲ့ ပတ်သက်ပြီးရော ဆရာအနေနဲ့ ကျေနပ်အားရမူရှိရဲ့လား။ ဒီသင်တန်းန့ဲပတ်သက်ပြီးဆရာ မျှော်လင့်ထားတာနဲ့ တစ်ထပ် တည်းကျရဲ့လားဆရာ။
ဖြေ - ကျွန်တော် STI မှာ 2016 September ကတည်းက စတက်ခဲ့တာပါ။ Public Health ဘာသာရပ်မှာ သင်ကြားမှုပိုင်းနဲ့ ပတ်သက်လို့တော့ ကျေနပ်အားရမှု ရှိပါတယ်။ UK ရဲ့ သင်ရိုး၊ UK ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် မြန်မာပြည်မှာ ရှိတဲ့ အရည်အချင်းပြည့်ဝတဲ့ ဆရာ/ဆရာမများက သင်ကြားပေးခဲ့တာ ဆိုတော့ ကျွန်တော် မျှော်လင့် ထားတာနဲ့ တစ်ထပ်တည်းကျတယ်လို့တော့ ခံစားမိပါတယ်။
4.မေး- STI ရဲ့ MSc (Public Health) သင်တန်းက ဆရာ့ဘ၀ကို ဘယ်လိုမျိုးပြောင်းလဲသွားစေသလဲ ။ ဆရာ့ရဲ့ ဘ၀အပြင် ဆရာနဲ့ ပတ်သက်နေတဲ့ ပတ်၀န်းကျင် ဒါတွေနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြ ပေးပါ။
ဖြေ - STI ရဲ့ MSc (Public Health)က ကျွန်တော့်ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့သလဲပြောရရင် (၂)ပိုင်းပေါ့။ တစ်ပိုင်းက သင်ယူမှုအပိုင်းမှာ ပိုမိုနားလည်လာစေခဲ့တယ်။ ဥပမာ- Dissertation and Assignmentတွေ ပြင်ရတဲ့အပိုင်း တွေပေါ့။ Assignmentတွေမှာဆိုရင် စာတော်တော်များများဖတ်ရတယ်၊ similarity မထိအောင် ဘယ်လိုရေးရတယ်၊ Reference styles စသဖြင့်ပေါ့။ စနစ်တော်တော်ကျလာတယ်။ အရင်လို စကားတွေအများကြီးမပြောဖြစ်တော့ဘူး။ စနစ်တကျနဲ့အကိုးအကားနဲ့ပြောတတ်လာတယ်။ Dissertation လုပ်ရတဲ့အခါမှာလည်း References paper တွေ စုဆောင်းတာကအစ၊ Data ကောက်တာအလယ်၊ Literature review writing အဆုံး၊ ဘယ်လိုစနစ်တကျလုပ်ရမလဲ အဲဒါတွေသိလာတယ်။ ရေးပုံရေးနည်းကအစ Descriptive ရေးပုံရေးနည်းတွေပါ ဒီကဆရာတွေက အသေအချာ သင်ပေးတော့ ကိုယ့်ရဲ့ Learning style ကိုပြောင်းလဲသွားစေတာအမှန်ပါပဲ။ ကျွန်တော်နဲ့ပတ်သက်တဲ့ မိသားစု ပတ်ဝန်းကျင်၊ အလုပ်ပတ်ဝန်းကျင်တွေမှာလည်း အဲ့ဒီအကြောင်းအရာတွေကို ဝေမျှဖြစ်ပါတယ်။ အဓိကကတော့ တခုခုဆိုရင် စည်းလွှတ်ဝါးလွှတ်မပြောတတ်တော့ဘဲ References နဲ့ အချက်ကျကျပြောတတ်လာတာပါပဲ။
5.မေး- ဆရာက တရုတ်နိုင်ငံန့ဲထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်က ပေးတ့ဲ ပညာသင်ဆုတွေလည်း ရရှိခဲ့တယ်လို့ သိရပါ တယ်။ အဲ့ဒီပညာသင်ဆုတွေအကြောင်းမိတ်ဆက်ပြောပြပေးပါဦး
ဖြေ - တရုတ်နိုင်ငံကတော့ ကျွန်တော်က Gender and Sexual Health for Greater Mekong Sub-region Health Professional (၃)ပတ် သင်တန်းကို ၂၀၀၅ခုနှစ် သြဂုတ်လက Scholar ရတာပါ။ သင်တန်းကာလက (၃)ပတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့မှာ တက်ရောက်ရတာပါ။ အဲ့ဒီတုန်းက ကျွန်တော်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS) နဲ့ သြစတြေးလျကြက်ခြေနီ (ARC)တို့ ပူးတွဲဆောင်ရွက်တဲ့ Keng Tung Community Based Health Project မှာ Program Field Officer အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ထိုင်းနိုင်ငံက ရရှိတဲ့ ပညာသင်ဆု ကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ Faculty of Social Science က ဖွင့်လှစ်တဲ့ Community Development and Civic Empowerment (CDCE) သုံးလသင်တန်းဖြစ်ပါတယ်။ အဲ့ဒီသင်တန်းရဲ့ အပတ်စဥ်(၁၆) အထိ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျွန်တော်က အပတ်စဥ်(၁)မှာ အောင်မြင်ခဲ့ပေမယ့် အပတ်စဥ်(၂)ကျမှ သွားရောက်တက်ရောက်ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ် ဧပြီလ(၁၄)ရက်နေ့ကနေ ဇူလိုင်လ(၁၃)ရက်နေ့အထိပါ။ အဲ့ဒီနောက် အပတ်စဥ် ၁၃၊ ၁၄၊ ၁၅၊ ၁၆ တွေမှာ သင်တန်းဘာသာရပ်နည်းပြအဖြစ် သွားရောက်အားဖြည့်ပေးခဲ့ရပါတယ်။
6.မေး - ဆရာက လက်ရှိ National Community Driven Development Project (NCDDP) မှာ National Consultant အဖြစ်တာ၀န်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ ဆရာ့ရဲ့ တာ၀န်ထမ်းဆောင်မူအပိုင်းနဲ့ ပတ်သက်ပြီး မိတ်ဆက် ပြောပြ ပေးပါဦး။
ဖြေ - National Community Driven Development Project (NCDDP) မှာ လက်ရှိတော့ National Consultant (Part Time) အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့နယ်ပေါင်း(၆၀)ကျော်မှာ လုပ်ငန်းဆောင်ရွက်နေတာပါ။
7.မေး- Public Health Subject ကလူတစ်ယောက်အတွက် ၊နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက်အရေးပါပါသလဲ။
ဖြေ - Public Health ဆိုတာ နိုင်ငံတော်ရဲ့ကျန်းမာရေးပါပဲ။ နိုင်ငံတော်ဆိုတာလူတွေနဲ့ တည်ဆောက်ထားတယ်။ အဲ့ဒီလူတွေရဲ့ကျန်းမာရေးဟာ နိုင်ငံတော်ရဲ့ကျန်းမာရေးပဲလို့ခံယူထားပါတယ်။
8.မေး - STI ရဲ့ MSc (Public Health) သင်တန်းတက်ရောက်ခဲ့ပြီးချိန်မှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်တွေနဲ့ဆက်စပ်ပြီး နိုင်ငံအတွက် ဘယ်လိုပြုပြင်ပြောင်းလဲ မူတွေ ပြုလုပ်နိုင်ပါသလဲဆရာ။
ဖြေ - လက်ရှိအလုပ်တွေနဲ့ဆက်စပ်ပြီးလုပ်နိုင်တာတွေကတော့ ကျွန်တော်အခ ုNCDDP မှာ အချိန်ပိုင်းလုပ်နေတယ်၊ တစ်ဖက်မှာလည်း ပုဂံ၊ညောင်ဦးမှာ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းစီမံချက်ကို Local NGO တစ်ခုနဲ့ ဆောင်ရွက်နေတယ်။ အဲ့ဒီတော့ အခု MSc (PH) ကလေ့လာသိရှိထားတဲ့ အကြောင်းအရာတွေကို အဲ့ဒီမှာ ပြန်အသုံးချပါတယ်။ ဥပမာ သုတေသနသေးသေးလေးတွေလုပ်တာမျိုးတွေပေါ့။ Sanitation Marketing လိုမျိုး Public Health မှသည် Livelihood Development အထိ ချိတ်ဆက်သွားချင်ပါတယ်။
9.မေး- မြန်မာနို်င်ငံမှာ ပြည်သူ့ကျန်းမာရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်နိုင်ပါသလဲ။ ဘာတွေတိုးတက်ဖို့ုိလိုပါသလဲ။
ဖြေ - ကျွန်တော့်ရဲ့ Limited Knowledge နဲ့ပြောရရင် အဓိကကတော့ Public Health Worker တွေက အလုပ်တွေ လုပ်နေပေမယ့် အဲ့ဒီအလုပ်တွေကို ရေရှည်မှာ ownership ယူပြီး ဆောင်ရွက်ရမယ့် Community Worker တွေက သိပြီး Change ကို သူတို့ကိုယ်တိုင် ဆောင်ရွက်ကြဖို့လိုအပ်နေတယ်။ Change Maker သည် Community ကိုယ်တိုင်သာလျှင်ဖြစ်တယ်ဆိုတာ Community ကိုယ်တိုင်ကနားလည်လာစေဖို့ Public Health Worker တွေကိုယ်တိုင် သူတို့ရဲ့ဆောင်ရွက်မြဲလုပ်ငန်းများဆောင်ရွက်ရင်း နဲ့ ကျွဲကူးရေပါတစ်ပါတည်းဆောင်ရွက်ကြဖို့လိုမယ် လို့ထင်ပါတယ်။
10. မေး- ဆရာရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဥ်တွေအကြောင်းလည်း ပြောပြပေးပါ။
ဖြေ - ကျွန်တော့်အနေနဲ့ Public Health နဲ့စပ်ဆိုင်တဲ့စီမံချက်မျိုးမှာ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။
11. နောက်ဆုံးအနေနဲ့ STI Myanmar University ကို ဘာများပြောချင်ပါသေးသလဲ။ MSc (Public Health) နဲ့ ပတ်သက်ပြီး အကြံပေးချင်တာရှိရင်လည်း ပြောပေးပါဦး။ ကျေးဇူးတင်ပါတယ်ဆရာ။
ဖြေ -STI Myanmar University ကို ကျေးဇူးတင်ပါတယ်။ (၁) ကျွန်တော်တို့တက်ရောက်ချင်တဲ့ MSc(PH) ကို ဒီမှာဘဲ scholarship နဲ့တက်ခွင့်ရလို့၊ (၂) PH အတန်းတွေကို Dr. Than Tun Sein ရဲ့ Qualitative/Quantitative method တွေ သင်ယူနိုင်ဖို့ သီးသန့်စီစဥ်ပေးခဲ့တာတွေရောပေါ့။
Similar success journeys
BBA in Management (The Open University of Hong Kong)
Myat Thinzar Htet(Dean List Award (Spring Term)) Marketing Officer (Digital Marketing Team) @ CMHL
After matriculation exam, we have to choose the university. At that time, we searched the private university which…
BBA in Management (The Open University of Hong Kong)
Lin Lat Tun (Dean List Award ( Autumn Term) Channel Development Representative (AA Medical Product Line))
After matriculation exam, I started to search the universities to study business. Because my ambition is to be…
University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business Administration…
Khant Khant Kyaw
• ပထမဆုံး ညီမလေးရဲ့ နာမည်နဲ့ STI မှာ ညီမလေး ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။ • ညီမက မခန့်ခန့်ကျော်ပါ ။ STI Myanmar University ကနေ…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →