MSc ( Public Health) မဟာဘွဲ့ Full scholarship ရရှိခဲ့သော နတ်တလင်းမြို့ ကျန်းမာရေးမှူးကိုသိန်းလှုိင်နှင့် တွေ့ဆုံခြင်း
ပြည်ခရိုင်နတ်တလင်းမြို့ မှကျန်းမာရေးမှူး ကိုသိန်းလိွဳင်
July 2026
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MSc ( Public Health) သင်တန်းအတွက် ပညာသင်ဆု ( full scholarship) ရရှိထားသူ နတ်တလင်းမြို့မှ ကျန်းမာရေးမှူး ကိုသိန်းလှုိင်နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းထားပါသည်။
မေး - မင်္ဂလာပါဆရာ ၊ ဆရာက STI Myanmar University မှာ Full scholarship နဲ့ MSc( Public Health) တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။ ဆရာရဲ့ နာမည်နဲ့ ၊ STI ကို ဆရာဘယ်လိုသိခဲ့လဲ ဆိုတာလေး မိတ်ဆက်ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ ။ ကျွန်တော့် နာမည်က ကိုသိန်းလှုိင်ပါ။ ပဲခူးတိုင်း နတ်တလင်းမြို့မှာ တာ၀န်ကျတဲ့ ကျန်းမာရေးမှူးပါ။ STIMU ကိုဘယ်လိုသိခဲ့လဲဆိုတော့ ၂၀၁၃ ကတည်းကသိခဲ့ပါတယ်။ သူငယ်ချင်းတွေက NGO မှာလုပ်တော့ မြန်မာနိုင်ငံမှာ STI Private University ရှိတယ်ပေါ့။ အဲ့ဒီမှာ Master ဘွဲ့တွေ အတွက် scholarship တွေ ပေးတယ်ဆိုတာ သိရတယ်။ ဒါကြောင့်ပဲ info Day announce လေးတွေ လိုက် join တယ်။ အဲ့ဒီမှာ scholarship တွေ ဘယ်အချိန် ဘယ်ဘွဲ့တွေ ပေးတယ်ဆိုတာအသေးစိတ်ရှင်းပြထားတော့ ကျွန်တော်သိလာတယ်။ ပြီးတော့ မဟာဘွဲ့တွေ အကုန်လုံးက နိုင်ငံတကာသင်ရိုးနဲ့ အညီဒီနိုင်ငံမှာသင်ပေးပြီး international တန်း၀င်တဲ့ ဘွဲ့ရကျောင်းသားတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ သိတော့ အဲ့ဒီကတည်းက အရမ်းကြိုက်ခဲ့ တာ ။ ဒါကြောင့်လည်း STI ရဲ့ သတင်းမှန်သမျှကို နားစွင့်တယ်။အဲ့ဒီလိုနဲ့ သိလာတယ်ဆိုရမယ်။
မေး - ဒါဆို MSc ( Pubic Health) ဘွဲ့ကို scholarship လျှောက်ဖို့ စိတ်ကူးဖြစ်တဲ့ အကြောင်းလေး ပြောပြပေးပါလား။
ဖြေ - ဒါကတော့ရှင်းပါတယ်။ International မှာ ကျောင်းတက်ဖို့ ကျွန်တော်ကမတတ်နိုင်ဘူး။ ကုန်ကျစရိတ်က အရမ်းများတယ်။ ဒါပေမဲ့ STI က ပေးမယ့် ဘွဲ့ကို အရမ်းသဘောကျတာလဲ ပါတာပေါ့။ Info day မှာ သူက Bedfordshire နဲ့ partner လုပ်ပြီး အတူတူ အလုပ်လုပ်တယ်ဆိုတာတွေအသေးစိတ်ပြောပြတယ်။ ကျွန်တော် ခုနက ပြောသလိုပေါ့ STI ကပေးတဲ့ Master ဘွဲ့တွေက ကမ္ဘာ့အဆင့်မီတယ်ဆိုတာရယ်၊ မြန်မာနို်င်ငံမှာနေပြီး UK နိုင်ငံ Bedfordshire University က ဆရာ တွေ ၊ သင်ရိုးတွေ နှင့် တကယ် ထိတွေ့ခွင့်ရတယ်ဆိုတာ သိတော့ ကျွန်တော် အရမ်းလိုချင်ခဲ့ တယ်။ Master တက်ခွင့်လည်း ရချင်ခဲ့ တယ်ပေါ့ ။ ပြီးတော့ UK ကျောင်းက ဆရာတွေ လာပြီး education နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ career development နဲ့ ပတ်သက်ပြီး လာလာပြီး panel discussion လုပ်ရင် ကျွန်တော်ဒီမှာလာတက်ဖူးတယ်။ ကျွန်တော့်ကို အင်တာဗျူး လာလုပ်နေလို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တကယ်ကို သဘောကျတယ်။ ရင်ထဲက လှုိက်လှုိက်လှဲလှဲနဲ့ လိုချင်ခဲ့ တယ်။ Teaching method တွေ ၊ Teaching Approach တွေက UK မှာသင်တဲ့ အတိုင်းဆိုတော့ ပိုပြီးတော့ သဘောကျပြီး လျှောက်ဖြစ်ခဲ့ တာပါ။
မေး- ဒါဆို ကိုသိန်းလှုိင်က နတ်တလင်းမှာနေတော့ ရန်ကုန်နဲ့ တော့ နည်းနည်းေ၀းတယ်။ STI မှာ scholar လျှောက်ဖို့ ကော အခက်အခဲ တွေရှိလား။
ဖြေ- အဲ့ဒါကကျတော့ ကျွန်တော်က နယ်မှာနေပေမယ့် ကျောင်းကိစ္စကို အမြဲ in touch ဖြစ်ချင်တော့ STI facebook page ကို like လုပ်ထားတယ်။ ဒီတော့ အဲ့ဒီကတင်တဲ့ သတင်းတွေ အကုန်သိရတယ်။ scholarship ခေါ်တော့ လျှောက်ရမှာတွေ အကုန်အသေးစိတ်ရေးထားတယ်။ ဘယ်လိုလျှောက်ရမလဲဆိုတာ ။ ဘာကြောင့် လျှောက်ချင်လဲ ဆိုတာမျိုးကို အဲ့ဒီမှာ ကြည့်ပြီး information နဲ့ သူတို့တောင်းဆိုသမျှတွေ ဖြည့်စွက်ရေးပြီးပို့ လိုက်တာပါပဲ။ ကွှန်တော့်ဘ၀ရဲ့ မျှော်လင့်ချက ္အတွက် မဟာဘွဲ့ တစ်ခုလောက်ယူချင်တာလည်းပါတာပေါ့ ။ အဲ့ ဒိအကြောင်းကိုEnglish လို Essay ရေးရတယ်။ ကျွန်တော်တို့ အတွက်တော့ self learning ပဲ လုပ်ဖြစ်တော့ အဲ့ဒီမှာ နည်းနည်းပင်ပန်းသွားတယ်။
မေး- ဒါဆို အဲဲ႔ဒီ Essay ရေးဖို့ အချိန် သီးခြားပေးခဲ့ ရတာမျိုးရှိလား။ အဲ့ဒါက ဘယ်လိုပုံစံမျိုးရေးရတာလဲ ဆိုတာလေး ပြောပြပေးပါဦး။
ဖြေ- ဟုတ်ကဲ့ ။ ကျွန်တော်က နယ်ကဆိုတော့ English စာကို ပုံမှန် ကိုယ့်ဖာသာလေ့လာတယ်။ အွန်လိုင်းမှာပဲ သင်ယူတော့ အမှန်အတိုင်းပြောရရင် အဲ့ဒီessay ရေးဖို့ ကျွန်တော် အချိန် (၁၅) ရက်လောက်ပေးခဲ့ ရပါတယ်။ အဓိကကတော့ ကျွန်တော့် biography ရယ်၊ ပြီးတော့ ဘာကြောင့် တက်ချင်တယ်ဆိုတာရယ်၊ ဘာ Plans တွေ ကျွန်တော်အနာဂတ်အတွက် ထားရှိလဲဆိုတာမျိုး။ Essay ၃ပုဒ်ရေးရတာပါ။ ကျန်တာတွေက အခက်အခဲ တွေမရှိပါဘူး။ ကျောင်းဖုန်းနံပါတ်လည်းရှိတော့ ပို့ ပြိးတာနဲ့ ရောက်မရောက်လေး မေး ခဲ့ တာပါပဲ။
မေး- ဟုတ်ကဲ့ ။ STI က ရွေးချယ်လိုက်တဲ့ full scholarship ကျောင်းသားက ကိုယ်ဖြစ်နေတယ်ဆိုတာ သိတော့ ဘယ်လို ခံစားရလဲ ။
ဖြေ- ကျွန်တော်လုံး၀မမျှော်လင့် မိခဲ့ တဲ့ ဆုပါ။ ကျွန်တော်အရမ်းကို ပျော်ရပါတယ်။ နိုင်ငံတကာအသိအမှတ်ပြုတဲ့ Master မျိုးကို ကျွန်တော် တက်ခွင့်ရလိမ့်မယ်လို့ လုံး၀မမျှော်လင့် ထားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အစိုးရ၀န်ထမ်း လည်း ဖြစ်နေတော့ တက်ချင်တာတောင် တက်ဖို့ ခက်တယ်။ တက်နိုင်ဖို့လည်း မလွယ်ကူတာမို့ တော်တော်ပျော်ပါတယ်။ သူငယ်ချင်းတစ်ယောက်က ဖြေတဲ့ လူတွေ အများကြီးထဲမှာ ကျွန်တော့် နာမည်ကို STI page မှာတွေ့တယ်ဆိုပြီး ပြောတော့ အရမ်း ကို ပျော်ခဲ့ တယ်။
မေး - ဒါဆို အလုပ်နဲ့ မိသားစု ဘက်ကရော ကိုယ် ပညာသင်ဆု ရတဲ့ အပေါ်တုံ့ပြန်မှုဘယ်လိုရှိလဲ။
ဖြေ - ကျွန်တော်က ငယ်ငယ်ကတည်းက သိပ်မပြေလည်ဘူး။ ဒါပေမဲ့ မိသားစုကတော့ ပညာရေးနဲ့ပတ်သက်ရင် အမြဲဦးစားပေးတယ်။ ကျွန်တော်လုပ်ချင်တာကို အမြဲ ရွေးချယ်ဖို့ right အပြည့်ရတယ်။ ဒီတော့ သူတို့ကတောင် ကိုယ့် အတွက် ၀မ်းသာခဲ့ ကြတယ်။ အလုပ်မှာကျတော့ ကျွန်တော်တို့ အလုပ်တွေက အရင်တည်းက ကိုယ်လျှောက်တဲ့ စကော်လာ ဆိုရင် တက်ခွင့်မရဘူး။။ အခုတော့ အဲ့ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော့်ကိုလည်း ခွင့်အပြည့်ပေးပါတယ်။ ဒီမတိုင်ခင် ကျွန်တော် တရုတ်နိုင်ငံကို ပညာတော်သင် သွားတက်တော့လည်း အဲ့ လိုပဲ လူကြီးတွေက အားပေး တိုက် တွန်းကြပါတယ်။ ပညာသင်ယူမှူနဲ့ ပတ်သက်ပြီး အလုပ်ရော မိသားစုရောနားလည်မှု အပြည့်ပေးပါတယ်။
မေး- လူအများကြီးကနေ ကိုယ့်တစ်ယောက်ကိုပဲရွေးချယ်ပြီး scholar အပြည့်ပေးတယ်ဆိုတော့ ကိုသိန်းလှုိင် အနေနဲ့ ဒီပညာသင်ဆုကိုတက်ပြီး ကိုယ့်ဘ၀ကို ဘယ်လို ပြုပြင်ပြောင်းလဲ ပေးနိုင်မယ်လို့ ထင်လဲ။
ဖြေ -သေချာတာကတော့ အများကြီး ပြောင်းလဲ သွားမှာပါ။ ကျွန်တော် ဘာလို့ Master တက်ချင်တာလဲဆိုတော့ ကျွန်တော် က public health ကို စိတ်၀င်စားတယ်။ Public Health subject က တကယ်လည်း ပြည်သူအတွက် အသုံး၀င်တယ်။ တကယ်လည်း ပြႆနာတွေ များတယ်။ ကျွန်တော် ဆယ်တန်းအောင်ပြီး ဒီလိုင်းကို ရွေးပြီး တက်တယ်ဆိုတာ တကယ်ကို ရင်ထဲအသည်းထဲကကို ၀ါသနာပါလာတာ။ ကိုယ့် public health နဲ့ ပတ်သက်ရင် ရူးသွပ်တဲ့သူတွေထဲမှာ ကျွန်တော်ပါတယ်။ အများကြီး လုပ်ချင်စိတ်လည်းရှိတယ်။ ဘာလို့ လဲဆိုတော့ မြန်မာနိုင်ငံမှာ အောက်ခြေတွေမှာ တကယ်ပြႆနာရှိတယ်။ တကယ်စီမံခန့်ခွဲပြီး အလုပ်တွေကိုင်တွယ်ရတဲ့ သူတွေမှာ ပြည့်၀တဲ့ ပညာအရည်အချင်းတွေ မရှိဘူး။ ဒါကြောင့်ကျွန်တော်က ရာထူး တိုးတိုး မတိုးတိုး စိတ်မ၀င်စားဘူး။ ဒီမှာ တက်ရင်းနဲ့ လုပ်ရမယ့် အရာတွေ များလာတယ်။ လုပ်သင့်တာတွေကို ဘယ်လို apply လုပ်ရမလဲဆိုတာကိုလည်း နားလည်လာတယ်။ ပြည်သူထဲမှာ ထဲထဲ၀င်၀င် လုပ်ဖို့ ဆို ပညာတကယ်တတ်မှာရမှာ ။ အရင်တုန်းက Becholar ဘွဲ့ ကျ သိသင့်သလောက်ပဲ သိတယ်။ ပြႆနာတစ်ခုကို ဆန်းစစ်တာ၊ ဖော်ထုတ်တာမျိုးကျ အခက်အခဲရှိတယ်။ ဒီဘွဲ့ပြီးရင်တော့ ကွှန်တော်အဲ့ ဒါတွေကို ထဲထဲ၀င်၀င် လုပ်နိုင်လာမှာပါ။ ဒါက ကျွန်တော်အပြည့်အ၀ ယုံကြည်တယ်။
မေး- ကျန်းမာရေးမှူးအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ ကဘာတွေရှိလဲ။
ဖြေ- အခက်အခဲတွေကတော့ အများကြီးမှ အများကြိးပဲ ။ ပထမတုန်းက ကျန်းမာရေးမှူး တစ်ယောက် အနေနဲ့ ကျွန်တော်လုပ်နေတဲ့အချိန် မြို့နယ်တစ်ခုလုံးစာကို အသေးစိတ် ပြႆနာတွေကိုဖြေရှင်းတာတို့ သုံးသပ်တာတို့ အဲ့ ဒါတွေက အပေါ်ယံလောက်ပဲ လို့ သူလိုငါလိုမျိုး ကျွန်တော်ထင်ခဲ့မိတယ်။ အဲ့ဒီလိုပြောရင် စော်ကားသလိုတော့ဖြစ်မယ်။ ဒါပေမဲ့တကယ်လုပ်နိုင်လား ဆိုတော့ မေ၀ခွဲနိုင်ဘူး။ လုပ်ချင်စိတ်ဖြစ်ပေမယ့် မလုပ်နိုင်ဘူးဆိုတာ ကွှန်တော် စိတ်ထဲက ဒါကို သိတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိဘူး။ အခု ဒီ Master သင်တန်းတက်ပြီးရင်တော့ Research ပဲ ဖြစ်ဖြစ် ကျွန်တော် ကြိုးကြိုးစားစားလုပ်မယ်။ ကိုယ့်ပညာနဲ့ အထာက်အပံ့ဖြစ်အောင် လုပ်မယ်။ အဲ့ ဒီလို ကျန်းမာရေးမှူး တွေကိုလည်း ကျွန်တော်တို့ နိုင်ငံက အရမ်းလိုချင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မေး- Public Health Subject အကြောင်း လည်းပြောပေးပါဦး
ဖြေ- Public Health ဆို လူတချို့က ဆေးကုတဲ့ အလုပ်လုပ်တယ်ပဲ ထင်တယ်။ တကယ်တမ်းတော့ သူက ကာကွယ်တာ နည်းလမ်း အမှန်ပေးတာ၊ အနာဂတ်အတွက် လူအသိုင်းအ၀ိုင်းထဲ ကျန်းမာရေးပြႆနာတွေ ဖြေရှင်းကူညီတာ။ ဥပမာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဒီလူနာကဘာ ကြောင့်ဖြစ်တယ်ဆို တာမျိုးတွေ သိလည်း မတားနိုင်ကြဘူးလေ။ အစားအသောက်စား တာမျိုးကြောင့် ဖြစ်တာဆိုရင် ဖြစ်တဲ့ လူနာတွေကိုပဲကုနေရမှာလေ။ မဖြစ်သေးတဲ့ လူတွေကို ကြိုပြီး ကာကွယ်တာ ၊ တားဆီးတာမျိုးတွေ မလုပ်နိုင်ကြဘူး။ တခါတလေ management ပိုင်းက ဆေးမကုသခင် ကြိုတင်လုပ်ရင် လူအများကြီးပေါ် အကျိူးကျေးဇူးရှိတယ် ။ ကာကွယ်ဆေးထိုးသလိုမျိုး ခွေးရုးကိုက်မှ ကုရင် သေဖို့များမယ်။ ၊ အစာရှောင်မှ ရောဂာ သက်သာနိုင်မယ့်နည်းကို ရောဂာကျွမ်းမှ သိရသလိုမျိုးပေါ့ ။ ကာကွယ်ခြင်းက major ဖြစ်အောင်လုပ်ရမယ်။ ကုသတဲ့ နေရာမှာလည်း ကာကွယ်တဲဲ႔ အနေနဲ့ အလုပ်လုပ်တာ .ု. ၊ ပြည်သူ တွေနဲ့ ကျန်းမာရေးတစ်ခုလုံးကို ဘယ်လိုကောင်းအာင်လုပ်မလဲဆိုတာက public health နဲ့ လုံး၀ သက်ဆိုင်တာပေါ့။ ကျန်းမာရေးလို့ ပြောရင် public health က မေဂျာအနေနဲ့ ရှိတာပေါ့။ ကုသတာနဲ့ လည်း သူက အတူယှဥ်တွဲနေတာပေါ့ ။ ကာကွယ်တာကို ဇောင်းပေးပြီး ကုသတာပဲ ပေါ့ ။
မေး- ကိုသိန်းလှုိင်မှာ နိုင်ငံခြားအတွေ့အကြုံတွေလည်း ရှိတော့ကိုသိန်းလှုိင် နိုင်ငံရပ်ခြား နဲ့ မြန်မာ နိုင်ငံ public Heatlh နဲ့ ပတ်သက်ပြီး ကွာခြားချက်တွေ ရှိရင် ပြောပြပေးပါဦး။
ဖြေ- သူတု့ိဆီမှာတော့ အပေါ်မှာပဲရှိတာပေါ့။ UK တွေဘာတွေမှာဆိုရင်တော့သူတို့က ရောဂာကာကွယ်ရေးကို ထိပ်မှာပဲ ထားတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း awareness ဖြစ်နေတာပေါ့ ။ ဒီမှာတော့ ဆရာ တချို့တောင် awareness မဖြစ်တော့ ပြည်သူတွေကမရှိနိုင်ဘူး။ အဖွဲ့အစည်းတွေကလည်း ထင်သာမြင်သာရှိရင် တိုးတက်အောင်မလုပ်တော့ သူများနိုင်ငံတွေနဲ့ယှဥ်ရင်တော့ ကျွန်တော်တို့ နို်င်ငံက ပြောင်းပြန်လိုမျိုးတော့ ဖြစ်နေတာပေါ့။
မေး- ကိုသိန်းလှုိင် ဆက်လျှောက်မယ့် အနာဂတ်ခရီးကဘယ်လိုဖြစ်လဲ။ ဒီမှာပဲ ပြန်ပြီး အလုပ်လုပ်ပေးမှာလား
ဖြေ- အမှန်အတိုင်းပြောရရင် ဒီမှာမတက်ခင်ကဆို ကျွန်တော်အနာဂတ်ခရီးအတွက် အရမ်းworry ဖြစ်တယ်။ ကျွန်တော်က workshop တစ်ခုတက်ရင် participate ဖြစ်ချင်တာလေ။ ဒါကြောင့် ကိုယ့်ကို Meeting ဖိတ်လို့ ၊ workshop ဖိတ်လို့ participate မလုပ်နိုင်မှာ စိုးရိမ်မိတယ်။ အခုဆိုရင် ဒီဟာတက်ပြီးကတည်းက conference တွေ ၊ workshop တွေဖိတ်ရင် ကျွန်တော် တကယ် self confidence အပြည့်နဲ့ သွားနိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာပဲ ကျွန်တော် ပြန်လုပ်ဖို့ ဆိုတာက အဓိက ရည်ရွယ်တာပဲလေ။ STIMU ရဲ့ Public Health မေဂျာက ဘယ်လောက် apply လုပ်လို့ရလဲဆိုရင် အခုလက်ရှိ တောင် ကျောင်းမပြီးသေးပဲ ကျွန်တော်apply လုပ်နိုင်တယ်ဆိုတာ ခုနကပြောသလို တကယ်ဆွေးနွေးပွဲတွေ ၊ workshop တွေမှာအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပါ၀င်ဆွေးနွေးနိုင်တယ်။ ဒါကြောင့် ဒီမှာပဲ ကျွန်တော် လုပ်ပေးမှာပါ ။ဒါကတော့ သေချာပါတယ်။ မြန်မာနိုင်ငံကိုချစ်တာလည်းပါတယ်။ ကျွန်တော် UK နဲ့ တရုတ်နိုင်ငံတွေ ဘာတွေလည်း သွားခဲ့ ဖူးတော့ အဲ့ဒီမှာလည်း ကိုယ်သင်ယူလာခဲ့ သမျှ ကိုယ့်နိုင်ငံအတွက်ပဲ ပြန်ယူလာတာပါ။ ဒါကြောင့် ကျွန်တော်က Master တကယ်ဖြစ်ချင်တာ။ ဘွဲ့ရရုံပဲ မဟုတ်ဘူး။ ပြည်သူ့ကျန်းမာရေးတစ်ခုလုံးကို ဘယ်လို ကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်နဲ့ ကျွန်တော်လုပ်သွားမှာပါ။
မေး- STI Myanmar University မှာ အခုလက်ရှိ သင်ယူခွင့်ရတော့ရော ကိုယ်မျှော်လင့်ထားတာနဲ့ တစ်ထပ်တည်းကျလား။ စနေတနင်္ဂနွေ အတန်းပဲဆိုပေမယ့် နယ်ကနေလာတက်တော့ လည်း ဘယ်လိုနေလဲ။
ဖြေ- နယ်ကနေလာတက်ရတာလည်းအဆင်ပြေပါတယ်။ ကျောင်းက သင်ရိုးတွေကို အရမ်းကြိုက်ပါတယ်။သင်တဲ့ ဆရာတွေက မြန်မာရော။ နိုင်ငံခြားသားတွေရော ပါတယ်။ ကျွန်တော်တို့ကို စေတနာထားပြိး support လုပ်နိုင်မယ့် ဆရာ တွေကို သေချာ ရွေးထားတာလို့ ကျွန်တော်ထင်တယ်။ အသင်အပြလည်းကောင်းပြီး အရမ်းတော်တယ်။ public health ကို PhD ပြီးပြီးသားဆရာတွေပဲ ၊ ပြီးတော့ ကျွန်တော််တို့ လို scholarship သမားတွေကျ စာအုပ်ဖိုးတွေအစ မပေးရဘူး။ နိုင်ငံခြားက ဆရာတွေ နဲ့ video conference တွေလုပ်ပြီး discuss တွေ လုပ်ရတာတွေ ၊ အမေးအဖြေ ပုံစံမျိုး သွားတာတွေ ၊ supporting class တွေ အများကြီးလည်း join လို့ရတယ်။ အဲ့ ဒါက တကယ်လိုပါတယ်။ ဘာလို့ လဲ ဆိုတော့ unit တစ်ခုသင်မယ်ဆိုရင် အဲ့ဒီ unit နဲ့ ဆက်စပ်နေတဲ့ supporting class တွေ လည်း ပေးတဲ့ အတွက် International မှာဆိုရင်တောင် supporting class တွေ အတွက် fees တွေ ထပ်ပေးရသေးတာပေါ့ ။ ဒီမှာတော့ မလို တော့ ဘူး။ supporting class တွေက majoir unit ကို apply လုပ်တာပေါ့ ။ အဲ့ဒါအရမ်းကိုကောင်းပါတယ်။
မေး- ဟုတ်ကဲ့၊ နောက်ဆုံးအနေနဲ့ STI ကိုရော ဘာများပြောချင်သေးလဲ။
ဖြေ- STI က ကျွန်တော်အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီထိပ်တန်း တက္ကသိုလ်တစ်ခုပါ။ ကျောင်းရဲ့ ပံ့ပိုးကူညီမူတွေကြောင့် ကျွန်တော်ဖြစ်ချင်တာတွေ ၊ မျှော်လင့်တာတွေ ဖြစ်ခွင့် ရခဲ့ တာပါ။ ဒါကြောင့်ကျွန်တော် က Public Health မေဂျာနဲ့ မြန်မာနိုင်ငံကိုပြန်ပြီး အကျိုးပြုမယ့် လူတစ်ယောက် ဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။ ပြီးတော့ STI Myanmar University ကို အရမ်းကျေးဇူးတင် ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong) Online…
Myat Yadanar Sint (Yolanda)
I really like STIMU’s teaching system. Teachers are also really kind and patient to every student, as we…
BBA in Management (The Open University of Hong Kong)
Khwar Nyo Myint Thu (Talent Management & Marketing Manager (Just Hype Company Ltd ))
STI MU provided me with a better experience with university life. The teachers are friendly, the courses are…
BA(Hons) Business Administration , University of Bedfordshire (UK)
Chue Shwe Yi Aung ( Courtney)(Owner of Seven Star Hot Pot)
It was challenging to be in the first batch of UOB class. The guidance of our teachers and…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →