Second Year First Semester Architectural Engineeringဘွဲ့သင်တန်း၏ Architectural Design Project ကို အကောင်းဆုံးတင်ပြနိုင်ခဲ့သော ကျောင်းသူများနှင့် တွေ့ဆုံခြင်း
Aung Yadanar Tun, Hla Phyu Nora
July 2026
# မေး- ညီမလေးတို့ရဲ့ နာမည်နဲ့ အတန်းတို့ကိုမိတ်ဆက်ပေးပါဦး။
*ဖြေ- ညီမနာမည်က အောင်ရတနာထွန်းပါ ။ သူ့နာမည်က လှဖြူနော်ရာ ပါ။ ညီမတို့က Architectural Engineering Second year First semester တက်ရောက်နေပါတယ်။
#မေး- အခုလုပ်ခဲ့တဲ့ Project Presentation ကအရမ်းကောင်းတယ်လို့ကြားတယ်။ ဒီအဆောက်အဦး ပုံစံငယ်လေးကို ဘယ်ကနေဘယ်လိုစပြီးလုပ်ခဲ့တာလဲ။
*ဖြေ- Semester တစ်ခုစကတည်းကပြောတယ်ပေါ့နော် ။ Nursery School ဆောက်ဖို့အတွက် Case Study လုပ်ရတယ်။ Mr guy က နိုင်ငံတကာ က အကောင်းဆုံးဆယ်ကျောင်းရွေးထားတယ်ပေါ့နော်။ အဲ့ဒီကနေ တစ်ယောက် ကို topic တစ်ခုစီယူရတယ်။ ညီမဆို ကိုရီရေးရှားက Kindergarten ပုံယူရတယ်။ နော်ရာက ဂျပန်ကကျောင်းပေါ့နော်။ ပြီးတော့ local ကကျောင်းတွေကိုလည်းလေ့လာရတယ်။ အဲ့ဒီမှာ ကိုယ့်ရဲ့ Nursery မှာ ဘယ်လိုလုပ်ချင်သလဲဆိုတာ အရင်ဆုံးလေ့လာ စိတ်ကူးတယ်ပေါ့ ။ general Case Study ပေါ့ ။ အဲ့ဒါဆရာနဲ့ အပြန်အလှန် (၂)ပတ်လောက် အလုပ်လုပ်ရသေးတယ်။ ပြီးမှ ညီမတု့ိတစ်ဖွဲ့လုံးကို ဆရာက အင်းစိန်လမ်းပေါ်က Thai Pot နဲ့သူ့နံဘေးကမြေကွက်လပ်မှာ sq ft 18000 ကျော်ရှိမယ့်ဟာပေါ့နော်။ အဲ့ဒီမှာ တစ်ဦးချင်း Project လုပ်ရမယ်လို့ တာ၀န်ပေးတယ်။ဒီတော့ ညီမတို့လည်းအဲ့ဒီမှာရှိတဲ့ လူတွေကိုလည်း အင်တာဗျူးတယ်။ ဓါတ်ပုံရိုက်တယ် ။ သူငယ်ချင်တွေအားလုံး အသေးစိတ် research လုပ်တယ်။ အဲ့ဒီကနေစပြီး ၃လအတွင်း step by step လုပ်ရင်း ဒီလိုပုံလေးထွက်လာတာပါ။
#မေး- ဒီလိုပုံစံအထိ ရုပ်လုံးပေါ်လာအောင်လုပ်ရမှာ ဆရာက ဘာတွေသင်ကြားပေးလဲ
*ဖြေ- ပထမ site visit သွားတယ်။ Concept develop အတွက်စဥ်းစားရတယ်။ ပြီးတော့ Concept Diagram အတွက်စဥ်းစားရတယ်။ ပြီးတော့ Model ချိုးရတယ်။ ပြီးတော့ Mr.guy နဲ့ discussion အပတ်တိုင်း၀င်ရတယ်။ နောက်ကွန်ပြူတာနဲ့ ပုံကြမ်းတွေဆဲြရတာ အခုဒါဟာ ညီမတို့ပထမဆုံးလုပ်တဲ့ Project ပဲ
#မေး ကိုယ် ပထမဆုံးလုပ်တဲ့ ဒီProject မှာ ဒီအဆောက်အဦးဒီဇိုင်းပုံစံငယ်လေးဖန်တီးပုံကို Idea ကို ပြောပြပေးပါလား။
*ဖြေ- ဟုတ်ကဲ့။ ညီမ ရဲ့Project မှာ Inspire ယူတာက နံရံမှာ အပင်ကလေး သေးသေးလေးတွေထွက်နေတာတို့ ၊ နွယ်ပင်တွေ grow ဖြစ်နေတာမျိုး။ ညီမConcept ကို” Burgeon “ .ဆိုပြီးနာမည်ပေးလိုက်တယ်။ နောက်တစ်ဆင့်က ဒ်ီဇိုင်းစဆွဲတဲ့အခါကျောက်တုံးကနေ အပင်ထွက်တယ်လို့ ဆိုလိုတာက မူကြိုဆိုတော့ ကလေးတွေကို ရည်ညွှန်းတာ။ ကလေးဆိုတာကလည်း ဘာလေးပဲဖြစ်ဖြစ် လေ့ကျင့်ပေးမှ အရောင်ထွက်တာ.. တိုးတက်တာ။ အဲ့ဒီလို Idea လေးနဲ့ grow ဖြစ်စေချင်တဲ့ Idea နဲ့ပေါင်းပြီး ဒီဇိုင်းစဆွဲခဲ့တာပါ။
#မေး- ညီမလေး နော်ရာကရော ထပ်ဖြည့်ပြောပါဦး။
*ဖြေ- ညီမက ဂျပန်နိုင်ငံက Kindergarten ပုံစံလေးယူထားတာ၊ သူတို့ဆီမှာ မူကြိုလေးတွေကို မြေနဲ့ နီးနီး ကျယ်ကျယ်၀န်း၀န်း ဆောက်တယ် ။ သစ်ပင်တွေနဲ့ထားတယ်။ ဂျပန်တွေက Nature ကိုလည်းကြိုက်တယ်။ အထပ်မြင့်တွေမဟုတ်ဘူး။ လေကောင်းလေသန့်ရပြီး ကလေးတွေ ပျော်ပျော်ရွှင်ရွှင်က စားလို့ ရနိုင်တယ်။ အဲ့ဒီလို ပုံစံမျိုး ရည်ရွယ်ပေးထားတာမို့ “Open” လို့ပဲ ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အဲ့ဒီလိုပုံစံမျိုး ရှိမရှိ မသေချာလို့ ကိုယ်စိတ်ကူးထားသလိုပဲ ဖန်တီးလုပ်ဖြစ်ပါတယ်။
#မေး- တစ်ယောက်တည်း လုပ်တဲ့ Project မှာ sq feet 18000 လောက်ကို စဥ်းစားရတော့ ဘယ်လို နေလဲ အခက်အခဲရှိလား
* ဖြေ - ခေါင်းအရမ်းကိုက်တယ်။ ပထမတုန်းက ညီမတို့ဆို ဘယ်မှာ ဘာထားရမလဲ သိပ်မသိဘူး ။ Mr guy ခိုင်းတုန်းက ၁၀မျိုးဆွဲရတယ်။ အဲ့ဒီကနေ သူကြိုက်တဲ့ ပုံကို ရွေးပေးတယ်။
#မေး- ဒီနေ့က Presentation လုပ်တာ စုစုပေါင်း ဘယ်နှယောက်လဲ၊ Presentation မှာ Jury တွေကရော ဘာတွေ Comments ပေးလဲ။
*ဖြေ- အားလုံးပေါင်း (၇)ယောက်ပါ။ Jury လုပ်တဲ့ ဆရာသုံးယောက်စလုံး ပေးတဲ့ Comment တွေအားလုံးကောင်းပါတယ်။ ပြီးတော့ ညီမတို့ Project တွေမှာ ကားပါကင်မထည့်ထားဘူး။ ဆရာတွေက ကားပါကင်ထည့်မှပေါ့ လို့ပြောတယ်။ ညီမတို့ ဒီဇိုင်းတွေက နိုင်ငံတကာအဆင့်ဆိုတော့ ညီမတို့ Project ထဲမှာ ကားပါကင်လိုအပ်တယ်။ ထည့်ဖို့ စဥ်းစားခိုင်းပါတယ်။ တခြားတော့ ကောင်းတယ်လို့ ခြုံငုံပြောပါတယ်။
#မေး- အခု ညီမတို့ Project လေးတွေက အကောင်းဆုံး ထဲမှာပါတော့ ဘယ်လိုခံစားရလဲ
*ဖြေ- အရမ်းပျော်တယ်။ ဆရာနဲ့ အမြဲတိုင်တိုင်ပင်ပင်လုပ်လို့လည်း အခုလို အဆင်ပြေတယ်လို့ ထင်တာပဲ.။ ဆရာက Project မှာစိတ်တိုင်းမကျလို့ တစ်ခုခုပြင်ခိုင်းရင် သေးသေးလေးပေမယ့် နေရာရွေ့သွားလို့ အစကနေပြန်လုပ်ရတာ တွေလည်းရှိ တယ်။ အခုဆိုရင် ညီမတို့ Project တွေ ဘာလို့ကောင်းလဲဆိုတော့ ဆရာ့စကားကိုနားထောင်တယ်။ တချို့ဆို ၃လအချိန်ပေးပေမယ့် အချိန်နဲ့ မမျှဘူး။ ပြီးစလွယ်လုပ်တော့ သိပ်အဆင်မပြေဘူး။ ညီမတို့ကတော့ ဆရာ့ဆီ ကိုယ့် Model လေးတွေကိုပြပြီး ပြင်စရာရှိပြင်မှ နောက်ဆုံး စိတ်တိုင်းကျတဲ့ model လေးတစ်ခုဖြစ်လာတယ်။ ဒါကြောင့် ကျေနပ်ပျော်ရွှင်ရပါတယ်။
Similar success journeys
STI Myanmar University မှ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အင်္ဂလန် နိုင်ငံအသိအမှတ်ပြု အာဟာရပညာရှင်အားဂုဏ်ပြုခြင်း
Dr. Ei Mon Phyo
STI Myanmar University နဲ ့University of Bedfordshire, UK တို ့ ပူးပေါင်းဖွင့်လှစ်တဲ့ MSc (Nutrition & Dietetics) သင်တန်းရဲ ့ ဆရာမတစ်ဦးဖြစ်တဲ့…
STIMU ၏ MSc ( Public Health) ဘွဲ့ရ ကျောင်းသူ ဒေါက်တာခိုင်သဇင်နှင့် တွေ့ဆုံခြင်း
Khine Thazin
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health )…
𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐁𝐒𝐜 (𝐇𝐨𝐧𝐬)…
Ko Khine Khant Soe 𝐁𝐒𝐜 (𝐇𝐨𝐧𝐬) 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 (First Class)
𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐁𝐒𝐜 (𝐇𝐨𝐧𝐬) 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 ဘွဲ့ကို 𝐅𝐢𝐫𝐬𝐭 𝐂𝐥𝐚𝐬𝐬 ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့တဲ့…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →