STI Myanmar University နဲ့ University of Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်ထားသော BA(Hons) Business Administration ဘွဲ့ရကျောင်းသူ မယဥ်ဝင်းထက်နှင့်တွေ့ဆုံခြင်း
Yin Win Htet
July 2026
STI Myanmar University နဲ့ University of Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်ထားသော BA(Hons) Business Administration ဘွဲ့ရကျောင်းသူ မယဥ်ဝင်းထက်၏ နောက်ဆုံးနှစ် ကျောင်းသူဘဝ ဖြတ်သန်းမူ အတွေ့အကြုံများကို ယခုကဲ့သို့မေးမြန်းခဲ့ပါသည်။
မေး- ဦးစွာပထမ ညီမလေး နာမည်နဲ့ တက်ရောက်ခဲ့တဲ့ အတန်းလေး မိတ်ဆက်ပေးပါဦး
ဖြေ- ညီမနာမည်က ယဥ်ဝင်းထက်ဖြစ်ပါတယ်။ STI Myanmar University မှာ 13BBA မှာ Bachelor of Business Administration ကို တက်ရောက်ခဲ့ပါတယ်။
မေး. Management/Accounting အပိုင်းကို Final Year မှာဆိုရင် ဘယ်လိုဘာသာရပ် လေးတွေသင်ကြားရလဲ (Project, Assignment, Presentation တွေနဲ့ သင်ရပုံ)
ဖြေ- Final year မှာ စုစုပေါင်း လေးဘာသာသင်ကြားခဲ့ပါတယ် ။ Strategy Management ရယ်၊ . Global Mapping ရယ် New investment business ရယ် Operation and Project Management ဆိုပြီးသင်ကြားခဲ့ရပါတယ် ။ Strategy Management နဲ့ Operation and Project Managementက Assignment လုပ်ခဲ့ရပြီးတော့ Global Mapping က Assessmentနဲ့ New investment business ကျတော့ dissertation လုပ်ခဲ့ရပါတယ် ။
မေး-Dissertation လုပ်ရမှာပေါ့နော်? အဲ့ဒီအခါမှာကော ဘယ်လိုခေါင်းစဥ်နဲ့လုပ်ဖြစ်လဲ? (ကိုယ်ရေးခဲ့ တဲ့Dissertation အကြောင်းလေးရှင်းပြပေးပါ)
ဖြေ-ညီမရွေးချယ်ခဲ့တဲ့ခေါင်းစဥ်ကတော့ the impact of Customer behavior on Cosmetic Product Analysis of Thai Consumer ပဲဖြစ်ပါတယ် ။ report တွေ Analysis ဖြစ်တဲ့အတွက်ကြောင့် Assentation ကိုသုံးပြီးတော့ Analyze လုပ်ခဲ့ပါတယ်။ ညီမတို့လုပ်ခဲ့ရတာ Secondary Data ဆိုတော့ သူများတွေလုပ်ခဲ့တဲ့ report တွေ ၊ Journal ၊ Articles တွေကိုလေ့လာပြီးတော့ ရေးခဲ့ရပါတယ် ။ ကျောင်းမှာလည်း တီချယ်တွေက စီနီယာတွေရဲ့ dissertation တွေကိုပေးဖတ်တယ်။ ဒါကြောင့် ကိုယ်ရွေးချယ်ခဲ့တဲ့ခေါင်းစဥ်အတွက် formatဘယ်လိုချမလဲ ဘယ်လိုရေးရမလဲဆိုတာ အထောက်အကူဖြစ်စေပါတယ် ။
မေး.ဆရာ/ဆရာမတွေက ကော ယခုလို Dissertation, Assignment, project တွေလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ support ပေးခဲ့လဲ။
ဖြေ-Final Year မှာဆိုရင်ဘာသာရပ်တစ်ခုစီတိုင်းအတွက်ဆရာမနှစ်ယောက်ထားထားပေးတယ် ။ Assignment တွေအတွက် ဆိုရင်လည်း Power point တွေ နဲ့ Notes ထုတ်ပေးတယ်။ ဘယ်လို တွေကို Apply လုပ်လို့ရတယ်ဆိုတာကိုလည်း ဆရာမတွေက ညီမတို့နားလည်အောင် သေချာရှင်းပြပေးတယ်။တစ်ခါတလေ ညီမတို့ မရှင်းတာရှိလို့သွားမေးမယ်ဆိုလည်း ကြိုက်တဲ့ဆရာမကို မေးလို့ရတယ်.. တီချယ်တွေ အချိန်သေချာ ပေးပြီးနားလည်တဲ့အထိ စေတနာထားပြီးရှင်းပါပေးပါတယ် ။ Assignment တွေရေးပြီးရင်လည်း တီချယ်တွေက စစ်ပေးတယ်။ Project တို့ Presentation တို့ကိုလည်း မြန်မာလို ရီဟာဇယ် အရင်လုပ်ပေးပါတယ် ။
မေး. Industry-visit လေးတွေ လည်းသွားရမှာပေါ့နော် ။ Industry-visit ရဲ့အမှတ်တရလေးတွေရယ် ဘယ်လို အကျိုးကျေးဇူးလေးတွေရလဲ ဆိုတာကို ပြောပြပေးပါဦးရှင့်(Assignment တွေ dissertation တွေရေးတဲ့အခါ support ဖြစ်လား? လုပ်ငန်းခွင်အတွက်ကော အထောက်အကူဖြစ်မယ် ယူဆလား)
ဖြေ-ကျောင်းက တစ်နှစ်ကို တစ်ခါ Industry visit အနေနဲ့ တစ်ခါပို့ပေးပါတယ် ။ အကျိုးကျေးဇူးအနေနဲ့ ကျောင်းစာတွေကို Support ဖြစ်တယ်ပေါ့နော်။ ဉပမာအနေနဲ့ Operationတို့ Project Management လုပ်ရတဲ့အခါ Fameကိုသွားတဲ့ အကျိုးကျေးဇူးတွေကြောင့် အများကြီး Apply လုပ်လို့ရခဲ့တယ်။ စာမေးပွဲမှာရော Assignmentမှာရော အများကြီး Applyလုပ်ခဲ့တယ်။ တခြား ဘာသာရပ်တွေမှာလည်း Idea တွေ အများကြီး ရခဲ့ပါတယ်။
မေး- ကျောင်းတက်ခဲ့ရတဲ့ တလျောက်အပျော်ဆုံး အမှတ်တရလေးတွေရှိရင်လဲ မျှဝေပေးပါဦး
ဖြေ-အပျော်ရွှင်ဆုံးအမှတ်တရအချိန်ကတော့ ကျောင်းကစီစဥ်ပေးတဲ့တောင်ကြီး အင်းလေး ခရီးစဥ်ပါပဲ ။ သူငယ်ချင်းတွေနဲ့အတူသွားခဲ့ရတဲ့ခရီးမို့ ညီမဘဝအတွက် အမှတ်တရလည်းဖြစ်သလို အရမ်းလည်း ပျော်ရွှင်ရပါတယ်။
မေး-ခုလိုမျှဝေပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင့်။ ညီမလေးတို့ရဲ့ အနာဂတ်ရည်မှန်းချက်လေးလဲ ပြောပြပေးပါဦးနော်
ဖြေ-လောလောဆယ် ရည်မှန်းချက်ကတော့ MBA ဆက်တက်ဖို့ရှိပါတယ်။ ညီမအနေနဲ့ ဂျူနီယာမောင်လေး ၊ ညီမလေးတွေကိုအကြံပေးချင်တာက အတန်းမှန်မှန်တက်ပါ ။စာမေးပွဲမှာဖြေတဲ့စာတွေကို သေချာ စစ်ဆေးပါ ။စာများများဖတ် ။ မသိတာရှိရင်လည်း တီချယ်တွေကိုသေချာမေးစေချင်ပါတယ် ။ STI ကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ။
Similar success journeys
BBA in Management (The Open University of Hong Kong) Online…
Myat Yadanar Sint (Yolanda)
I really like STIMU’s teaching system. Teachers are also really kind and patient to every student, as we…
Second Year First Semester Architectural Engineeringဘွဲ့သင်တန်း၏ Architectural Design Project ကို…
Aung Yadanar Tun, Hla Phyu Nora
# မေး- ညီမလေးတို့ရဲ့ နာမည်နဲ့ အတန်းတို့ကိုမိတ်ဆက်ပေးပါဦး။ *ဖြေ- ညီမနာမည်က အောင်ရတနာထွန်းပါ ။ သူ့နာမည်က လှဖြူနော်ရာ ပါ။ ညီမတို့က Architectural Engineering Second year First…
MSc ( Public Health) ဘွဲ့ရ ကျောင်းသား ဒေါက်တာဇေယျာလင်းနှင့် တွေ့ဆုံခြင်း
Dr. Zayar Lynn
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health )…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →