STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business Administrationဘွဲ့ဖြင့်အောင်မြင်ခဲ့သူ မောင်ခန့်မင်းလွင်၏ မိခင်ဒေါ်နှင်းဆီနှင့် တွေ့ဆုံခြင်း
Daw Hnin Si
July 2026
• အစ်မက STIMU မှာ BA(Hons) Business Administration ဘွဲ့ရရှိထားတဲ့ မောင်ခန့်မင်းလွင်ရဲ့ မိခင် ဒေါ်နှင်းဆီလို့ သိရပါတယ်။ သားရဲ့ပညာရေးအတွက် STIMU ကို ရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
• ဟုတ်ကဲ့။ ကျွန်မရဲ့သားကြီးက MICT park ထဲမှာ ကွန်ပြူတာ တက်တော့ STI ကိုမြင်နေရတော့ စိတ်၀င်စားလို့ သားလတ် ခန့်မင်းလွင်အတွက် ကိုယ့်ဖာသာပဲ လာစုံစမ်းပြီး ဖြစ်ခဲ့ပါတယ်။ သားလတ်က စီးပွားရေးလုပ်ဖို့ ၀ါသနာပါတယ်။ ဆယ်တန်းအောင်တော့ အီကိုပဲ သူတက်ချင်တယ်ပြောတယ်။ အီကိုကလည်း ရွာသာကြီးမှာဆိုတော့ ကိုယ်က လုံး၀စိတ်မချဘူး။ ဒါနဲံ႔ STI မှာတခေါက်သေချာစုံစမ်းပြီး သိလိုတာတွေ မေးတယ်။ အဲ့အချိန်တုန်းက STI မှာ သူ့အစ်ကိုရဲ့သူငယ်ချင်းတစ်ယောက်ကလည်း Engineering မှာ တက်နေတာရှိတော့ မေးမြန်းကြည့်တယ်ပေါ့ ။ ကျွန်မကသားကို Campus life ကိုရစေချင်တော့ ကျောင်း Activities လေးတွေရှိတာ ကြားတော့သဘောကျမိတယ်။ ကျွန်မအ မျိုးသားက eye surgeon ဆိုတော့ သူ့လိုင်းကို လိုက်စေချင်ပေမဲ့ သားက ၀ါသနာမပါဘူး။ ဒီတော့ ကျွန်မတို့က သူဖြစ်ချင်တဲ့ လိုင်းကိုပဲ တဖက်ပံ့ပိုးပေးလိုက်တယ် ။ ဒါနဲ့ပဲ STI မှာ BA( Hons) Business Administration တက်ဖြစ်သွားပါတယ်။
• STIMU ကို ရွေးချယ်ပြီးတက်ရောက်ဖြစ်တဲ့အခါ သားရဲ့ တိုးတက်ပြောင်းလဲမူကို ဘယ်လိုမျိုးမြင်ခဲ့ရလဲ။
• ဘယ်လိုမျိုးမြင်ရလဲဆိုတော့ သင်ရိုးတွေ သင်ကြားမူတွေကကောင်းတော့ ကလေးက တကယ်စာကိုနားလည်ပြီးတတ်တယ်။ ဒါကြောင့် ဆရာ/ဆရာမတွေကိုလည်း ကျေးဇူးတင်ကြောင်း အရင်ပြောချင်တယ်ပေါ့ ။ အခု ဘွဲ့ရတယ်ဆိုတော့ ကျွန်မတို့result ရတယ်ပေါ့နော်။ ဒါပေမဲ့ ခရီးက မဆုံးသေးဘူး။ သား ဘွဲ့ရတဲ့ အချိန်တုန်းကတောင် ကျွန်မ သူ့ကိုပြောခဲ့တယ်။ “သား ၊မင်းကို အခု Congratulation လုပ်တာက ဒါ ပထမအဆင့်ပဲရှိသေးတယ်။ နောက်ထပ် သူလျှောက်ရမယ့် လမ်းက အရှည်ကြီး ၊သွားရတဲ့ အဆင့်တွေ အများကြီးကျန်သေးတယ်” ပေါ့ ။ အဲ့ဒီမှာမှ သားကို ကျွန်မက တာထွက်ကောင်းတယ်လို့ ပြောရမလားမသိဘူး။ STI မှာ ဘွဲ့ရပြီးတာနဲ့ သူ့ကိုချက်ချင်း ကိုယ်အားကိုးနိုင်မယ့် ၀န်ထမ်းတစ်ယောက်လို အလုပ်လုပ်ခွင့်ရလိုက်တယ်ပေါ့ ။ ဒါက သူ့ရဲ့ တိုးတက်မူတွေရဲ့ရလာဒ်ပေါ့ ။ သူကအခုငယ်လည်းငယ်သေးတယ်ဆိုတော့ မိသားစုကုမ္ပဏီမှာ အလုပ်လုပ်နေရင်းနဲ့ MBA ဆက်တက်ဖို့ တိုက်တွန်းထားတယ်။ MBA ကိုလည်း STI မှာဖွင့်တ့ဲ MBA (Hospital & Health Services Management ) မှာ တက်ဖို့ စီစဥ်ပေးထားပါတယ်။
• ဒါဆို အစ်မတို့မိသားစု ကုမ္ပဏီမှာ သားက ဘာတာ၀န်ယူပြီး အလုပ်လုပ်နေတာလဲ။
• အခု Fuji Aye Yar Co. Ltd (San Thaw Dar eye clinic) မှာ သားကို ဒါရိုက်တာအဖြစ် ကျွန်မတို့ မန်နေဂျာနဲ့အတူလက်တွဲပြီး အလုပ်လုပ်နေပါတယ်။ အဲ့ဒီမှာ အလုပ်တွေ လေ့လာသင်ယူပြီး တစ်ဖက်ကလည်း သူအတွက် Upgrade ဖြစ်မယ့်ပညာတွေကို ဆက်လက်ဆည်းပူးခိုင်းပါမယ်။
• ဘွဲ့ရၿ႔ပီးတာနဲ့သားကို ကိုယ့်ရဲ့ကုမ္ပဏီမှာ တာ၀န်ယူပြီး အလုပ်တွေ ချက်ချင်းလွှဲအပ်လိုက်တာ သားသင်ထားတဲ့ ပညာတွေကိုယုံကြည်လို့လား။ သားကိုယုံကြည်လို့လား။
• နှစ်ခုစလုံးပါပဲ ။ သူက အလုပ်ထဲရောက်တာန့ ဲအမေကိုပြောတယ်ပေါ့ ။ အမေ အမေ့တို့ Mission , Vision တွေ သားမကြိုက်ဘူး . ။ သားပြင်လို့ရလားပေါ့ ။ Organization Chat တွေဆွဲပြီး အလုပ်လုပ်ရမယ်ဆိုတာ မျိုးတွေ ပြောတော့ သူတကယ်အလုပ်လုပ်ကြည့်ချင်တယ် ။ စိတ်၀င်စားတယ်ဆိုတာသိရတယ်။ ပြီးတော့ STI မှာတက်တုန်းက ကျောင်းစာမှာလည်း Marketing နဲ့ ပတ်သက်ပြီး သူသင်ခဲ့ဖူးတယ်ပေါ့ ။ ဒီတော့ သားကို ကျွန်မလမ်းဖွင့်ပေးလိုက်တယ်။ ကျွန်မရဲ့ မန်နေဂျာကလည်း သူ့ကို ကူညီပေးတယ်။ သားကို ကျွန်မအနေနဲ့ ကျောင်းမှာသင်ထားသမျှတွေ ကို ပြန်ချိတ်ဆက်ခွင့်ရစေချင်တယ်။ Applyုလုပ်စေချင်တယ်။ ကျွန်မတို့ ကိုယ်၌လည်း ငယ်ငယ်က သင်ခဲ့ရတယ်။ ဆုံးရှုံးမူမှ ပြန်ရချက်ဆိုတာလေ။ အလုပ်လုပ်ရင်တော့ ဆုံးရှုံးမှာပဲ ဒါပေမဲ့ လုပ်ငန်းကို Cover ဖြစ်တယ်ဆိုလုပ်လိုက်ပေါ့ ။ အဲ့ဒီလိုမျိုးလေး လမ်းဖွင့်ပေးထားပေမယ့် သူ့ကိုသတိလေးထားပြီး အရမ်းကြီး မလွဲအောင် မမှားအောင် စဥ်းစားခိုင်းပြီး လုပ်ခိုင်းပါတယ်။
• အစ်မတို့က BA(Hons) Administration ဘွဲ့ကို University of Bedfordshire (UK) အထိ သွားရောက်ယူခဲ့တယ်လို့ သိရပါတယ် ။ ဘွဲ့ယူဖို့စိတ်ကူးဖြစ်ပုံလေး ပြောပြပါဦး
• အဲ့ဒါက STI မှာ စအပ်ကတည်း ဒီနိုင်ငံမှာ ကျောင်းတက်ပေမယ့်သင်ရိုးတွေက UK ကလာတယ်။ နောက်ဆုံးနှစ်ကိုလည်း UK ဘက်ကပဲစစ်မယ်ပေါ့ ။ တကယ်လို့ ဟိုဘက်မှာ ကျောင်းဆက်တက်ချင်ရင်တောင် တက်လို့ရတယ်ဆိုတာသိတော့ သူတို့ကို ဘွဲ့ရရင် UK အထိယူပေးနိုင်ဖို့ စဥ်းစားထားပါတယ်။ ကျွန်မက သားသမီး (၃)ယောက်ရှိတယ်ပေါ့ ။ သားသမီးတွေအကုန်လုံးကို နိုင်ငံခြားအတွေ့အကြုံတွေယူတဲ့အခါ အဓိက ပညာရေးကို ဦးစားပေးပေါ့ နိုင်ငံခြားမှာ ကလေးတွေဘယ်လိုကြိုးစားတယ်။ Part time ဘယ်လိုအလုပ်လုပ်တယ် ၊ နေတယ်ထိုင်တယ်ဆို တာတွေကို သိအောင် Society တွေကို လိုက်ပြတယ်။ Bedfordshire တင်မကဘူး။ Oxford ရော Student Union တွေရော ကျွန်မကလေးတွေကို အကုန်လိုက်ပြခဲ့ပါတယ်။ အမြင်မတူတာတွေရှိရင် ကောင်းတာလေးတွေယူပေါ့ မကောင်းတာ တွေတော ရှောင်ရမှာပေါ့ ။ ပြီးတော့ မြန်မာနိုင်ငံမှာတက်ခဲ့တဲ့ မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ UK ကအသိအမှတ်ပြုဘွဲ့ကို ဟိုနိုင်ငံအထိ မိသားစုလိုက် ဂုဏ်ယူစွာနဲ့ တက်ရောက်ယူဖြစ်ခဲ့တာပါ။
• ဒါဆို University of Bedfordshire(UK) မှာ ဘွဲ့သွားယူတဲ့ အတွေ့အကြုံကိုလည်းပြောပြပေးပါ။
• UOB Graduation က STI Graduation ထက်နည်းနည်းစောတယ်။ STI Graduation က Lotte Hotel မှာဆိုတော့ ပိုခမ်းနားတယ်။ UOB Graduation က Church မှာလုပ်တာပါ။ အဲ့ဒီမှာက တန်ဖိုးထားမူပြတာကတမျိုးလေးပေါ့ ။ သူတို့ဘွဲ့တက်ယူတဲ့အခါ မိန့်ခွန်းတွေက အရမ်းကို တန်ဖိုးရှိပါတယ်။ နိုင်ငံတကာကျောင်းသားတွေနဲ့ အတူယူရတော့ ဂုဏ်ယူ၀မ်းသာရပါတယ် ။ စင်ပေါ်မှာ ကလေးတွေကိုလက်ဆွဲနှုတ်ဆက်ပြီး စကားပြောတယ်။ အောက်ရောက်မှ ဘဲြ႕လက်မှတ်ကိုပေးတာပေါ့ ။ သူတို့ဆီက ကျွန်မတို့ သဘောကျတာတစ်ခုရှိတယ်။ အဲ့ဒါကတော့ ကတ်ထူလက်မှတ်ကလေးတွေ၊ မှတ်တမ်းစာအုပ်လေးတွေနဲ့ lists of awards လေးတွေပေးတာပေါ့ ။အဲ့ဒါလေးတွေကတော့ အမှတ်တရဖြစ်တယ်။ ထိုင်ခုံလက်မှတ်လေး တွေ ကလည်း သူတို့ကျောင်းတံဆိပ်နဲ့ ထည်၀ါတယ်။ ဘွဲ ႕ယူတဲ့ကလေးတိုင်းအတွက် သူ့နာမည်လေးတွေပါတဲ့ T-shirt လေးတွေ အကျၤ ီ လေးတွေ လက်ဆောင်ပေးတော့ အမှတ်တရဖြစ်ရပါတယ်။ အဲ့ဒါလေးတွေ STI မှာ လုပ်ပေးရင်လည်း ပိုပြီးအမှတ်တရတွေဖြစ်နိုင်မယ်လို့ အတွေ့အကြုံကိုမျှရင်း ကျွန်မ အကြံပေးချင်ပါတယ် ။ ဘာလို့လဲဆိုတော့ ထိုင်ခုံနံပါတ်ကအစ ကျောင်းတံဆိပ်လေးတွေပါတဲ့ စာရွက်စာတမ်းတွေကို ကျွန်မတို့မပစ်ရတော့ဘူး ။ တန်ဖိုးထားပြီး သိမ်းထားဖြစ်ပါတယ်။
• ဟုတ်ကဲ့ပါ။ ဒါဆို သားရဲ့ပညာရေးကို အပြည့်အ၀အားပေးကူညီခဲ့တဲ့ မိခင်တစ်ယောက်အနေနဲ့ STI ကို ဘာပြောချင်ပါသလဲ။
• ကျွန်မခုနကပြောခဲ့သလိုပါပဲ ။ သားရဲ့ပညာရေးခရီးက မဆုံးသေးပါဘူး။ အခုမှအစပဲရှိပါသေးတယ်။ဒါပေမဲ့ သူ့ ကို ကျွန်မတို့ ရွေးချယ်ခဲ့တဲ့လမ်းကြောင်းက မှန်ကန်ခဲ့တယ်ပေါ့ ။ ဒါကြောင့် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ မဟာဘွဲ့ဖြစ်တဲ့ MBA ( Hospital & Health Services Management) ကို STI Myanmar University မှာ ပဲ ဆက်တက်ဖို့ ကျွန်မတို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ဆရာ/ဆရာမတွေရဲ့ စာသင်ကြားမူနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေကို ယုံကြည်လို့ပါ ။ ဒါကြောင့် ကျေးဇူးတင်ကြောင်းပဲ ပြောချင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Kyaw Zaw Lin
I chose STI Myanmar University because I believe this university will guarantee for my education and career opportunities.…
MSc ( Public Health) ဘွဲ့ရ ကျောင်းသား ဒေါက်တာဇေယျာလင်းနှင့် တွေ့ဆုံခြင်း
Dr. Zayar Lynn
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health )…
BBA in Management (The Open University of Hong Kong)
Mya Myintzu Thant
The experiences in my student life can gain outside of the classroom are just as valuable as the…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →